DVB Logo
Home
မြန်မာသတင်း
Aeon Mall ကုန်တိုက်ကို ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဖွင့်လှစ်သွားမည်
DVB
·
August 6, 2020
Aeon Mall ကုန်တိုက်ကို ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဖွင့်လှစ်သွားမည်
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ Aeon Mall အကြီးစား ဈေးဝယ်စင်တာကြီးတခုကို မြန်မာနဲ့ ဂျပန်ကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက် ဖွင့်လှစ်ဖို့ အစီအစဉ်ရှိနေပါတယ်။

ရွှေတောင်အုပ်စုရဲ့   Shwe Taung Real Estate ကုမ္ပဏီက ဂျပန်နိုင်ငံအခြေစိုက် Aeon ကုမ္ပဏီရဲ့လက်အောက်မှာရှိတဲ့ AEON MALL ကုမ္ပဏီနဲ့ အကျိုးတူပူးပေါင်းပြီး မြန်မာနိုင်ငံမှာ အကြီးစားဈေးဝယ်စင်တာကြီးကို တည်ဆောက်လုပ်ကိုင်သွားမှာပါ။

Aeon Mall Myanmar  ကုမ္ပဏီအမည်နဲ့လုပ်ဆောင်မယ့် ဒီအကျိုးတူလုပ်ငန်းမှာ  ရွှေတောင်က ရှယ်ယာ ၃၀ ရာခိုင်နှုန်းနဲ့ AEON MALL က ၇၀ ရာခိုင်နှုန်း ပါဝင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဒီစီမံကိန်းမှာ အမေရိကန်ဒေါ်လာ သန်း ၁၈၀ ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ရင်းနှီးမြှပ်နှံမူ ဥပဒေအရ တစ်နှစ်အတွင်း လုပ်ငန်းစတင်အကောင်အထည်ဖော်ရ မှာ ဖြစ်ပါတယ်။

ဒီစျေးဝယ်စင်တာကို ဒဂုံဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ရွှေလီလမ်းနဲ့ ဧရာဝန်လမ်းထောင့် ၁၇ ဒသမ ၆၃၂ ဧကရှိတဲ့ မြေပေါ်မှာ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်မှာ ပြီးစီးဖို့ မျှော်မှန်းထားတဲ့ ဒီစျေးဝယ်စင်တာမှာ အထပ်ငါးထပ်ပါဝင်မှာ ဖြစ်ပြီး ယာဉ်အစီးရေ  ၂၃၀၀ ရပ်နားနိုင်တဲ့ ယာဉ်ရပ်နားရာ နေရာတစ်ခုလည်း ပါဝင်မယ်လို့ သိရပါတယ်။

သတင်း - စိုးချစ်ပိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013