DVB Logo
Home
မြန်မာသတင်း
တကမ္ဘာလုံးတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သေဆုံးသူ ၇ သိန်း ကျော်ရှိလာ
DVB
·
August 6, 2020
တကမ္ဘာလုံးတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သေဆုံးသူ ၇ သိန်း ကျော်ရှိလာ
Donate to DVB

လတ်တလော ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တကမ္ဘာလုံးမှာ သေ ဆုံးသူအရေအတွက်ဟာ ၇ သိန်းကျော် ရှိလာခဲ့ပြီ ဖြစ်တယ်လို့ ဂျွန်ဟော့ပ်ကင်းစ်တက္ကသို လ်အချက်အလက်တွေအရ သိရပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာလည်း ၁၈ ဒဿမ ၈ သန်းကျော်လာခဲ့ပြီဖြစ်ကာ ရောဂါကူးစက်မှုအမြင့်ဆုံးနိုင်ငံတွေအဖြစ် အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနိုင်ငံတွေက ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗလျူအိပ်ပ်ချ်အို)က ကိုဗစ်-၁၉ ကပ်ရောဂါကို နိုင်ငံတကာ အရေးပေါ် ကျန်းမာရေးကိစ္စအနေနဲ့ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရတာ ဖြစ်ပြီး လတ်တလောအချိန်ထိ အရေးတယူလုပ်ဆောင်နေရဆဲ အခြေအနေ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ အမေရိကန်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၄ ဒဿမ ၉ သန်းကျော် ရှိလာခဲ့ပြီဖြစ်ကာ သေဆုံးမှုအသစ် ၂၃၀ ယောက် အပါအ ဝင် စုစုပေါင်း သေဆုံးသူ ၁၆၀,၅၂၀ ယောက်၊ ဘရာဇီးနိုင်ငံမှာ ရောဂါကူးစက်ခံရသူ အရေ အတွက် ၂ ဒဿမ ၈ သန်းကျော်၊ သေဆုံးမှုအသစ် ၂၃၀ ယောက်အပါအဝင် စုစုပေါင်း သေဆုံးသူ ၉၆,၃၂၆ ယောက်၊ အိန္ဒိယနိုင်ငံမှာ ရောဂါကူးစက်ခံရသူ အရေအတွက် ၁ ဒဿ မ ၉ သန်းကျော်၊ သေဆုံးမှုအသစ် ၉၀၉ ယောက် အပါအဝင် စုစုပေါင်း သေဆုံးသူ ၉၆,၃၂၆ ယောက် အသီးသီး ရှိနေတာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၄,၄၉၁ ယောက်၊  စုစုပေါင်း သေဆုံးသူ ၄,၆၃၄ ယောက်နဲ့ အမှတ်စဉ် ၂၉ နေရာမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားက ရောဂါကူးစက်ခံရသူ အရေအတွက် ၁၁၆,၈၇၁ ယောက်၊  စုစုပေါင်း သေဆုံးသူ ၅,၄၅၂ ယောက်နဲ့ ထိပ်ဆုံးမှာ ရှိနေပြီး သူ့ နောက်မှာတော့ ဖိလစ်ပိုင်နိုင်ငံက ရောဂါကူးစက်ခံရသူ အရေအတွက် ၁၁၅,၉၈၀ ယောက်၊  စုစုပေါင်း သေဆုံးသူ ၂,၁၂၃ ယောက်နဲ့ ကပ်လျက်လိုက်နေခဲ့တာ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ အရေအတွက် ၅၄,၂၅၄ ယောက်၊  စုစုပေါင်း သေဆုံးသူ ၂၇ ယောက်ရှိနေပြီး သူ့နောက်မှာတော့ မလေးရှား၊ ထိုင်း၊ ဗီယက် နမ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ လာအိုနိုင်ငံတွေ အသီးသီး ရှိနေကြတာ ဖြစ်ပါ တယ်။

မြန်မာနိုင်ငံမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး လတ်တလောအချိန်ထိ ရောဂါကူးစက်ခံရသူ အရေအတွက် ၃၅၇ ယောက်၊  စုစုပေါင်း သေဆုံးသူ ၆ ယောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013