DVB Logo
Home
မြန်မာသတင်း
မြန်မာအိုင်ဒေါကြယ်ပွင့် နော်စေးစေးထူးသီချင်းသစ်-“အချစ်ရဲ့ဒုက္ခသည်မလေး”(ရုပ်သံ)
DVB
·
August 5, 2020
မြန်မာအိုင်ဒေါကြယ်ပွင့် နော်စေးစေးထူးသီချင်းသစ်-“အချစ်ရဲ့ဒုက္ခသည်မလေး”(ရုပ်သံ)
Donate to DVB

       ရွက်ပုန်းသီး အနုပညာရှင်တွေ မွေးထုတ်ပေးရာ သီချင်းဆိုပြိုင်ပွဲတွေထဲက တခု ဖြစ်တဲ့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲရဲ့မျိုးဆက်သစ်အဆိုတော် နော်စေးစေးထူးရဲ့ သီချင်းသစ်တပုဒ် ထွက်ရှိလာခဲ့ပါတယ်။

       “အချစ်ရဲ့ဒုက္ခသည်မလေး”လို့ ခပ်ဆန်းဆန်း နာမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး Kar Kue က ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး မြူးဇစ်ဗီဒီယိုအနေနဲ့ ဖြန့်ချိထားခဲ့တာ ဖြစ်ပါတယ်။

       “ချိုစိမ့်လေးတစ်ခွက်လိုပဲ… စိမ့်ဝင်ကာသွားလေတယ်… အိုအသွေးအသားလေး အထိ… ဟေးရေး… ဝိုင်ချိုလေးတခွက်လိုပဲ… ရီဝေဝေအတွေးတွေနဲ့… ဒီရင်မှာ လာလာ ရစ်မူး… ဆွဲဆောင်မှုအားပြင်းလွန်းလှတဲ့… မင်းကြောင့်… ဒီရင်ဘတ်ကြီးထဲက ငလျင်တွေလှုပ်… အို... အချစ်ရဲ့တောင်လေးပြိုကာကျတော့… ဒီနှလုံးသားလေး ဒုက္ခတွေရောက်… တကယ်ဆို ကိုယ်ဟာအချစ်ရဲ့ ဒုက္ခသည်လေးနော်”

       ထူးခြားတဲ့ အသံပါဝါအားကောင်းကောင်းနဲ့ သီဆိုတတ်တဲ့ နော်စေးစေးထူးဟာ Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲကို ဘားအံမြို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Top 11 မှာ ရွေးချယ်ခံခဲ့ရတာပါ။

       အဲဒီနောက်မှာတော့ ပြိုင်ပွဲဝင်တွေရဲ့ စိတ်ကြိုက်သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ရတဲ့ ပထမဆုံး သီတင်းပတ် Performance Show ကို ဖြတ်ကျော်နိုင်ခဲ့ပြီး ဒုတိယမြောက် သီ တင်းပတ်ရဲ့ ရော့ခ်သီချင်းတွေနဲ့ ယှဉ်ပြိုင်တဲ့ညမှာ နှုတ်ဆက်ထွက်ခွာရဖို့ ဖြစ်လာချိန်မှာ တော့ ဒိုင်တွေက Save လုပ်ပြီး ပြန်လည်ရွေးချယ်မှုနဲ့ နောက်တဆင့် ဆက်တက်ခဲ့တာမို့ တတိယသီတင်းပတ် တက္ကသိုလ်အမှတ်တရ သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်မှုမှာတော့ မဲ အနည်းဆုံး ၂ ဦးဖြစ်တဲ့ နေလင်းကျော်နဲ့ နှင်းအိအိဝင်းတို့ ပြိုင်ပွဲက တဆင့်ဖြုတ်ချ ခဲ့ရတာပါ။

စတုတ္ထမြောက် ကန်းထရီး သီတင်းပတ်ကတော့ ပရိသတ်တွေကိုရော ဒိုင်တွေကိုပါ စိတ်လှုပ်ရှားစေခဲ့တဲ့ သီတင်းပတ် ဖြစ်ခဲ့ရပါတယ်။

တူညီတဲ့ အပြိုင်အဆိုင် ကြိုးစားမှုတွေကြားက ပြိုင်ပွဲဝင် ၈ ယောက်ထဲက Bottom 3 မှာ ထိုင်ခဲ့ရသူတွေဟာ အရင်သီတင်းပတ်တွေမှာ တခါမှ မထိုင်ခဲ့ဖူးသူတွေဖြစ်တဲ့ မြန် မာအိုင်ဒေါစတားတွေလို့တောင် တင်စားပြောဆိုကြရတဲ့ အေးမြဖြူ၊ အက်စတာဒေါ့သ် ချင်းဆုန်နဲ့ တန်ခွန်ကျော်တို့ ဖြစ်နေခဲ့ကြတာပါ။

သူတို့ ၃ ယောက်ထဲက ပရိသတ် မဲပေးတဲ့ အရေအတွက် အနည်းဆုံး တယောက် ကတော့ တန်ခွန်ကျော် ဖြစ်ခဲ့တာမို့ သူ့ပရိသတ်တွေအတွက်တော့ ဝမ်းနည်းစရာ ဖြစ်ခဲ့ရ တာပါ။

ပဉ္စမမြောက် သီတင်းပတ်မှာတော့ စိုးလွင်လွင် သီချင်းတွေနဲ့ ပြိုင်ပွဲဝင် ၇ ယောက်က အသီးသီး ယှဉ်ပြိုင်ခဲ့ကြပြီး Result Show ညမှာတော့ တဦးကတော့ သေချာ ပေါက် ထွက်ခွာရဖို့ ဖြစ်လာချိန်မှာတော့ ပရိသတ်ပေးတဲ့ မဲအနည်းဆုံးဖြစ်တဲ့ ထက် အဉ္ဇလီက နှုတ်ဆက်အိမ်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။

ဆဌမမြောက် သီတင်းပတ်အဖြစ် ပြိုင်ပွဲဝင် ၆ ယောက်ရဲ့ ဟေမာန်ဆောင်း သီချင်းတွေနဲ့ Result Show ညမှာတော့ ပရိသတ်ပေးတဲ့ မဲအနည်းဆုံး ၃ ယောက်အဖြစ် နာမည်ကြီးပြိုင်ပွဲဝင် အက်စတာ၊ ယောကီးနဲ့ နော်စေးစေးထူးတို့ ထွက်ပေါ်လာခဲ့ပြီး နောက်ဆုံးမှာတော့ နော်စေးစေးထူးက နှုတ်ဆက်အိမ်ပြန်ခဲ့ရသူ ဖြစ်သွားခဲ့တာပါ။

Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့  အဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ်အမှတ်ပေးနေ ကြတာ ဖြစ်ပြီး Host အနေနဲ့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက်ပေးခဲ့တဲ့ ကျော်ထက်အောင်က တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

“တကယ်ဆိုမင်းကယ်မှ… ဒီ​ ဒုက္ခလေးထဲက… လွတ်မြောက်မှာ… နှလုံးသား ရေစီးထဲ… မင်းကြောင့်ငါ နစ်မျောနေပြီ… အမြန်သာကူးခတ်ခဲ့… အချစ်ရဲ့ လမ်းကြောင်း လေးထဲသို့… နွေးထွေးတဲ့အကြင်နာနဲ့… မင်းကိုယ့်ကို လာကယ်လှည့်ဉီး”

နော်စေးစေးထူးဟာ Top 6 အဆင့်က ထွက်ခဲ့ရသူဖြစ်ပေမယ့် ထူးခြားတဲ့ သူ့ရဲ့ တင်ဆက်ပုံနဲ့ အသံပါဝါကတော့ ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ဆဲ ဖြစ်ပါတယ်။

ခု ထွက်ရှိလာတဲ့ “အချစ်ရဲ့ဒုက္ခသည်မလေး”သီချင်းထဲမှာလည်း ပုံစံတမျိုးနဲ့ သူ့ရဲ့ သီဆိုဟန်ကို ပရိသတ်တွေ ခံစားနားဆင်နိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013