DVB Logo
Home
ကျန်းမာရေး
သင့်ကလေးက စကားပြောနောက်ကျနေပြီလား
DVB
·
August 5, 2020
သင့်ကလေးက စကားပြောနောက်ကျနေပြီလား
Donate to DVB

မေမေတွေကတော့ ကလေးတွေကို ဗိုက်ထဲမှာကတည်းက တစ်နေ့ တစ်မျိုး မရိုးရအောင် စိုးမ်နေရတာပါပဲ။ မွေးလာတော့လည်း ကလေးနို့မှ ဝပါ့မလား။ ငါ့ကလေးက ညှက်နေတာလား။ ကလေးက ထိုင်လည်း မထိုင်သေးဘူး။ စကားလည်း မပြောသေးဘူး စသဖြင့် စိုးရိမ်တတ်ကြပါတယ်။ ဒီထဲမှာ complaintအတက်ဆုံးကတော့ ကလေးက စကားပြောနောက်ကျ တာပါပဲ။ စကားပြောနောက်ကျပြီဆိုရင် မေမေတွေ ကလေးကို စကားပြောအောင်ဆိုပြီး ဓလေ့အရ ကြက်ဖင်ဆီဘူးတွေကျွေးကြ သိသမျှ မှတ်သမျှလေးတွေ လုပ်ကြနဲ့ အလုပ်ရှုပ်ကြပါတော့တယ်။ ဒီမှာ ပြောချင်တာက ကိုယ့်ကလေးက တကယ်ပဲ စကားပြောနောက်ကျတာလားဆိုတာ သိအောင်လုပ်ပါ။ ဘာလို့လည်း ဆိုတော့ ကလေးတွေမှာ developmental milesonesလို့ ခေါ်တဲ့ အသက်အရွယ်အလိုက်ဖွံ့ဖြိုးမှု ဖြစ်စဉ်တွေ ရှိပါတယ်။ ဒီmilestonesပေါ်မူတည်ပြီး ကလေးက မှောက်တာ၊ ထိုင်တာ၊ စကားပြောတာ၊ လမ်းလျှောက်တာတွေ  ဖြစ်တာပါ။

အသက်အရွယ်အလိုက်ဖွံ့ဖြိုးတယ်ဆိုပေမယ့် ကလေး တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ တချို့ကလေးတွေက နည်းနည်းအတတ်မြန်တယ်။ တချို့ကလေးတွေက နည်းနည်းလေး နောက်ကျတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဖွံ့ဖြိုးမှုတွေက စော တစ်လ၊ နောက်ကျ တစ်လပါပဲ။ ဘေးအိမ်က ကလေးကို ကြည့်ပြီး ကိုယ့်ကလေးကို မချင့်မရဲ ဖြစ်စရာ မလိုပါဘူး။  ဒါတွေက မိဘမျိုးရိုးနဲ့လည်း ဆိုင်ပါတယ်။ ကလေးက ကျန်းမာတယ်။ သူ့အသက်နဲ့ လိုက်တဲ့ ကိုယ်အလေးချိန်ရှိတယ်။ ဖွံ့ဖြိုးမှုမှတ်တိုင်တွေကိုလည်း လိုက်မီတယ်ဆိုရင် စိုးရိမ်စရာ မရှိပါဘူး။

ဘယ်အခါမှာ စကားပြောနောက်ကျတယ်လို့ သတ်မှတ်မလဲ။



  • ကလေးက ၂လဆိုရင် ဝူးဝူးဝါးဝါး အော်တတ်ရပါမယ်။ အဲ့ဒီအချိန်မှာ မအော်တတ်ဘူးဆိုရင် ကလေးကို မြှူကြည့်ပါဦး။ မြှူလို့လည်း မရဘူးဆိုရင် ကလေးက နောင်အခါမှာ စကားပြောနောက်ကျဖို့ အလားအလာရှိပါတယ်။ ဒါဟာ ပထမဆုံး လက္ခဏာပါပဲ။

  • ၁နှစ်ခွဲမှာ ‘မာမား၊ ပါးပါး’ လိုမျိုး လွယ်ကူတဲ့ စကားလုံးတွေ မပြောနိုင်ဘူးဆိုရင်

  • အသက် ၂နှစ်မှာ စကားလုံး ၂၅လုံး မပြောတတ်ဘူးဆိုရင်

  • ၂နှစ်ခွဲမှာ စာလုံး ၂လုံးတွဲလေးတွေ မပြောတတ်သေးဘူးဆိုရင်

  • အသက် ၃နှစ်မှာ စကားလုံး ၂၀၀လာက်ကို မသိသေးဘူးဆိုရင်၊ ဒါမှမဟုတ် သူသုံးနေကြ ပစ္စည်း (နာမည် သင်ပေးပြီးသား)ကိုတောင် မခေါ်တတ်သေးဘူးဆိုရင်၊ သင်နဲ့ သူ အတူနေတာတောင် သူပြောတာကို သင်နားမလည်ဘူးဆိုရင်

  • ဘယ်အရွယ်မှာပဲ ဖြစ်ဖြစ် အရင်က သင်ပေးပြီးသား၊ ပြောတတ်ပြီးသား စကားလုံးတွေကို မေ့သွားတယ်၊ မပြောတတ်တော့ဘူးဆိုရင်


ဒါဟာ သင့်ကလေး စကားပြောနောက်ကျနေတာပါပဲ။

ဘာဖြစ်လို့ စကားပြောနောက်ကျ ရတာလဲ။



ဟုတ်ပါတယ်။ ကလေးက မပြောတတ်တာ မဟုတ်ပါဘူး။ သူက သင်ပြောတာကို သေချာ မကြားရတာ ဒါမှမဟုတ် လုံးဝမကြားရတာ ဖြစ်နိုင်ပါတယ်။ မကြားရရင် စကားပြောနိုင်မှာ မဟုတ်ပါဘူး။ ကလေးရဲ့ အကြားအာရုံကောင်းမကောင်းကို မွေးစမှာလည်း စမ်းသပ်လို့ရပါတယ်။ ဒါကို မမီလိုက်ရင် ကလေး ၃လအရွယ်မှာ စစ်ဆေးနိုင်ပါတယ်။

  • သွားနဲ့ ခံတွင်း ပြဿနာတွေ ရှိနေတာ


ခံတွင်း၊ လျှာနဲ့ အာခေါင်မှာ ပြဿနာရှိနေတာပါ။ ဥပမာ ပြောရရင် လျှာတိုတဲ့ ကလေးတွေ၊ လျှာခင်တွယ်နေတဲ့ ကလေးတွေဆို စကားပြောရအဆင်ပြေမှာ မဟုတ်ပါဘူး။

  • ကလေးကို စကားပြောဖို့ အခွင့်အရေး မပေးတာ


လူကြီးတွေ စကားဝိုင်းမှာတောင် ကိုယ့်ကို ပြောမယ့်သူ မရှိရင် တစ်ယောက်တည်း ငေါင်တောင်တောင် ဖြစ်နေမှာပါ။ ကလေးလည်း ဒီလိုပါပဲ။ သူ့ကို စကားပြောဖို့ အခွင့်အရေး မပေးရင် သူပြောတတ်မှာ မဟုတ်ပါဘူး။ ကလေးကို စကားပြောစေနိုင်တဲ့ tricksတွေကို ဒီမှာ ကြည့်ပါ။

  • အော်တစ်ဇင်


အော်တစ်ဇင် ကလေးတိုင်းတော့ မဟုတ်ပေမယ့် တော်တော်များများကတော့ စကားပြောနောက်ကျတာ တွေ့ရပါတယ်။

  •   ဦးနှောက်နဲ့ အာရုံကြောပြဿနာတွေ


 Cerebral palsyလို့ ခေါ်တဲ့ ဦးနှောက်မဖွံ့ဖြိုးတဲ့ ရောဂါမှာဆိုရင် စကားပြောနောက်ကျတာအပြင် နားမကြားတာ၊ တခြားသော ဖွံ့ဖြိုးမှု ဖြစ်စဉ်တွေ နောက်ကျတာတွေပါ တွေ့ရမှာပါ။ နောက်ပြီး ကလေးက ငယ်စဉ်မှာ ဦးနှောက်ကို ထိခိုက်ဒဏ်ရာရခဲ့ရင်လည်း စကားပြောနောက်ကျတတ်ပါတယ်။

အသိဉာဏ် မဖွံ့ဖြိုးတဲ့အတွက် စာလုံးတွေကိုလည်း ကောင်းကောင်း မသင်နိုင်၊ မမှတ်နိုင်ပါဘူး။ နောက်ပိုင်း စာသင်ကြားမယ်ဆိုရင်လည်း အခက်အခဲရှိနေမှာပါ။

ကလေး စကားပြောနောက်ကျ ရင် ဘာဆက်လုပ်ရမလဲ။


အကောင်းဆုံးကတော့ ကလေးစကားပြောနောက်ကျတာကို သိပြီဆိုရင် ကလေးဆရာဝန်နဲ့ ပြသပါ။ စကားပြောတာပဲ နောက်ကျတာလား၊ တခြား ဖွံ့ဖြိုးတဲ့ ဖြစ်စဉ်တွေရော နောက်ကျနေလားဆိုတာ သိဖို့လိုပါတယ်။ ဘာကြောင့် ဒီလိုနောက်ကျရတာလဲဆိုတာလည်း သိဖို့လိုပါတယ်။ ပြီးတော့ ကလေးကို စကားပြောလေ့ကျင့်ပေးဖို့လည်း လိုပါတယ်။

ကလေးစကားပြော နောက်မကျအောင် ဘယ်လို လုပ်မလဲ။



  • ကလေးကို မြှူပေးပါ။ ကလေးနဲ့ စကားပြောပါ။

  • ပစ္စည်းတွေပြပြီး နာမည်လေးတွေ ပြောပြပေးပါ။

  • ကလေးကို စာဖတ်ပြပါ။ ပုံလေးတွေ ပြပါ။

  • ကလေးကို သီချင်းလေးတွေ  ဆိုပြပါ။

  • သူတို့ သင့်ကို စကားပြောတဲ့အခါ စိတ်ဝင်တစားနားထောင်ပေးပါ။

  • သူများကို သူတို့ကို တစ်ခုခုမေးတဲ့အခါ သူ့တို့အစား မဖြေပါနဲ့။

  • သူတို့ တစ်ခုခုလိုချင်တဲ့အခါ ချက်ချင်းမပေးပါနဲ့. သူတို့ နာမည်ပြောပြီး တောင်းပါစေ။ ဒီနှစ်ချက်လုံးက ကလေးကို စကားပြောဖို့ အခွင့်အရေးပေးတာပါပဲ။

  • သူတို့ စကားပြောမှားတဲ့အခါ၊ စာလုံးတွေ မမှတ်မိတဲ့အခါ မဆူပါနဲ့။ စိတ်ရှည်ရှည်သင်ပေးပါ။

  • တခြားကလေးတွေနဲ့လည်း စကားပေးပြောလိုက်ပါ။


ဆောင်းပါးမှာ ဆိုလိုရင်းက ကလေး စကားပြောနောက်ကျတယ်ဆိုတာ ဘာကိုပြောတာလဲဆိုတာ သိဖို့လိုပါတယ်။ သူများနဲ့ နှိုင်းယှည်တာမျိုး မဟုတ်ဘဲ ကိုယ့်ကလေးအသက်နဲ့ သူ့ဖွံ့ဖြိုးမှုနဲ့ကို တိုက်ကြည့်ရမှာပါ။ နောက်ကျတာ တကယ်ပဲဆိုရင် ဆရာဝန်နဲ့ ပြပြီး ကုသမှုခံဖို့ လိုပါတယ်။

ရေးသားသူ Dr. Htet Htet Zaw Win


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013