DVB Logo
Home
မြန်မာသတင်း
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစိုးရနှင့်ပြည်သူ ပူးပေါင်းရန်လို
DVB
·
June 5, 2013
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစိုးရနှင့်ပြည်သူ ပူးပေါင်းရန်လို
Donate to DVB

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ထိရောက်အောင် ဆောင်ရွက်ရာမှာ အစိုးရနဲ့ ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်ဖို့  လိုအပ်နေသေးတယ်လို့ လှုပ်ရှားကြသူတွေက ပြောပါတယ်။

ဒီနေ့ကျရောက်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာ အခုလို ပြောကြားလိုက်ကြတာပါ။

[caption id="attachment_40308" align="alignright" width="300" caption="မန္တလေးတောင်ခြေ ရွှေကျင်ကျောင်းကြီးတွင် သစ်ပင်များ စိုက်ပျိုး(Photo_ Kyaw Soe Min)"][/caption]

သဘာဝပပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာ မန္တလေးစိမ်းရောင်စိုအဖွဲ့က မန်းတောင်ခြေနဲ့ ရာပြည့်ရွှေကျင်ကျောင်းတိုက်မှာ သစ်ပင် ၅၀၀ စိုက်ပျိုးခဲ့ကြပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အစိုးရနဲ့ ပြည်သူအကြား အဆင့်ဆင့်ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ စိမ်းရောင်စိုဥက္ကဋ္ဌ ဦးမောင်မောင်ဦးက ပြောပါတယ်။

““အဆင့်ဆင့် ပူးပေါင်းဆောင်ရွက်မှုပိုင်းလိုတာတွေ့ရပါတယ်။ အစိုးရ၊ တာဝန်ရှိသူအပိုင်းဆိုရင်လည်း အမိန့်၊ ထုတ်ပြန်ချက်၊ ကြေညာချက်သဘောတရားမှာ စာတွေအပေါ်မှာတွေ့တယ်၊ အောက်ခြေအဖွဲ့အစည်း ဖော်ဆောင်မှုမှာ အားနည်းနေတာတွေ့တယ်။ နောက် တဦးချင်းစီမှာ တာဝန်ယူ၊ တာဝန်သိတတ်မှုအပိုင်းလည်း လိုနေပါသေးတယ်။ ကျနော်တို့အဖွဲ့အစည်းတွေလည်း လိုအပ်နေတာတွေ ရှိပါတယ်။”

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်၊ မန္တလေးနဲ့ တခြားမြို့ကြီးတွေမှာ အမှိုက်ကောက်တာ၊ သစ်ပင်စိုက်တာနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ဟောပြောပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ် နာရေးကူညီမှုအသင်းမှာ ပြုလုပ်တဲ့ အခမ်းအနားမှာ ကာတွန်းဆရာအော်ပီကျယ်နဲ့ စာရေးဆရာမ သန်းမြင့်အောင်တို့က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဟောပြောခဲ့ကြသလို ဗိုလ်မှူးဗထူးလမ်းမှာလည်း ဦးကျော်သူဦးဆောင်ပြီး သစ်ပင် ၁၅၀ ကိုလည်း စိုက်ပျိုးကြပါတယ်။

ပြီးခဲ့တဲ့လပိုင်းက အနုပညာရှင်တွေ အဆိုတော်တွေ ပူးပေါင်းပါဝင်မယ့် အမှိုက်ကောက်ယူမှုကို ရန်ကုန်မှာလုပ်ဖို့ စီစဉ်ပေမယ့် စည်ပင်သာယာက တားမြစ်လို့ မလုပ်ဖြစ်ခဲ့ဘူးလို့ ဦးကျော်သူက ပြောပါတယ်။

“သူတို့က ဟောပြောပွဲအနေနဲ့ သူတို့နဲ့ ပူးပေါင်းလုပ်ရင်တော့ ရတယ်ပြောတယ်။ ဟောပြောပွဲကတော့ ကိုယ့်ဘာသာ လုပ်တော့မှာပေါ့။ သဘာဝပတ်ဝန်းကျင်ကို နိုင်သလောက်ပဲ လုပ်လိုက်တာပေါ့။ အမှိုက်ကောက်လိုက်တာလည်း ရေရှည်ကောက်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် စံပြ နမူနာအနေနဲ့ အမှိုက်ကို စည်းမဲ့ကမ်းမဲ့ပစ်တာ အင်မတန်ရှက်ဖို့ကောင်းတယ်ဆိုတဲ့ အသိတရားလေး အများပြည်သူသိအောင် လုပ်ပြဖို့ပဲရှိတာပါ။ ဂီတသမားတွေ၊ စာပေ၊ အနုပညာရှင်တွေလည်း ပါလာတယ်။ အဲနေ့ကျမှ ကောက်ခွင့်မရတာဆိုတော့ မကောက်တော့ဘူး။”

မန္တလေးနည်းပညာတက္ကသိုလ်ကျောင်းသားတွေကလည်း ကျောင်းပတ်ဝန်းကျင်မှာ ဒီနေ့ အမှိုက်ကောက်ယူခဲ့ကြတယ်လို့ ကျောင်းသားတဦးဖြစ်တဲ့ ကိုထွဋ်မြတ်က ပြောပါတယ်။

“ပထမဆုံးသတိထားမိတာက အမှိုက်တွေလိုက်ကောက်ရင်းနဲ့ ကိုယ်တိုင် အမှိုက်မပစ်မိဖို့ သိလာတယ်။ အမှိုက်လိုက်ကောက်မှပဲ ပြီးစလွယ်အမှိုက်ပစ်တာတွေအပေါ် ကိုယ်ချင်းစာစိတ်နဲ့ အမှိုက်ကောက်ရတာ ဒီလိုပါလားပေါ့။ ပလတ်စတစ်အမှိုက်တွေ လိုက်ကောက်ရင်း ဒါနဲ့ပတ်သက်တဲ့ အသိပညာရတာပေါ့။ အမှိုက်ကောက်တယ်၊ သစ်ပင်စိုက်တယ်၊ လိုအပ်တဲ့ ကျောင်းတွေမှာ အမှိုက်ပုံးတွေလိုက်ထားပေးတယ်။ ကျောင်းသားတွေက နေ့တိုင်း အမှိုက်မကောက်နိုင်ဘူးလေ။ အမှိုက်ပစ်ရင် အမှိုက်ပုံးရှိအောင် လိုက်ထားပေးတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013