DVB Logo
Home
မြန်မာသတင်း
ဝင်းဦးစတိုင် တုပသီဆိုသရုပ်ဆောင်ထားသည့် နေတိုး၏ “မမမိုး”သီချင်း (ရုပ်သံ)
DVB
·
August 4, 2020
ဝင်းဦးစတိုင် တုပသီဆိုသရုပ်ဆောင်ထားသည့် နေတိုး၏ “မမမိုး”သီချင်း (ရုပ်သံ)
Donate to DVB

       “မေဘရဏီလို… ငွေပန်းချီတောင် လက်မှိုင်ချရသကိုး… အိုး မမမိုး... တကယ်ပါ လေ ယဉ်တာရှာဖွေ သူ့ဘဝတရိုး... မယ်ဗမာတွေ ယှဉ်လာပါစေ သူ့အလှမချိုး... ကေ သာဆံရောင် တညို့ညို့… ပါးကလေးတွေတောင် တမို့မို့… ပတ္တမြားသွေးလို… နုပျို… ခု ဆို… သူ့နဂို… အယဉ်မှာများထက်မိုး… အကြင်နာပွားလျက်တိုး… ဘဝင်မှာ စိုးအောင် မရိုးပေါင်ဗျိုး… အိုး.. မေဘရဏီလို… ငွေပန်းချီတောင် လက်မှိုင်ချရသကိုး… အိုး.. မမမိုး ”

       ဒါကို ကြားလိုက်တာနဲ့ ပရိသတ်တွေက ကွယ်လွန်သူ အဆိုတော် မင်းသားကြီး ဝင်းဦးရဲ့ နာမည်ကြီးသီချင်းတပုဒ်ဖြစ်တဲ့ “မမမိုး”သီချင်းထဲက တေးသွားစာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။

       တေးရေး အလင်္ကာကျော်စွာ ရွှေပြည်အေး ရေးစပ်ခဲ့တဲ့ ဒီသီချင်းဟာ ခေတ်အ ဆက်ဆက် မရိုးတမ်းကြားနေရဆဲဖြစ်ပြီး အဆိုတော်ပေါင်းများစွာက ပြန်လည်သီဆိုနေကြဆဲ သီချင်းတပုဒ် ဖြစ်နခဲ့ပါတယ်။

       လတ်တလောမှာတော့ ဒီသီချင်းကို သရုပ်ဆောင်မင်းသား နေတိုးရဲ့ ဆန်းသစ်သီ ဆိုဟန်နဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။

       “အိုး... မေဘရဏီလို… ငွေပန်းချီတောင် လက်မှိုင်ချရသကိုး… အိုး မမမိုး... သူ့မြင် ကတည်းက စွဲရသူကလေး... ရှု့စချင်ပဲအလှ အမြဲပဖြူဖွေး... သောကြာကြယ်တနှုန်းလို ပြုံးချို… ဖုန်းမို… ချစ်လို့မဆုံး... ကြိုက်လို့မဆုံး... အမိုက်တိုက်ဖုန်းပေါ့ဗျို့… အိုး…  မေ ဘရဏီလို… ငွေပန်းချီတောင် လက်မှိုင်ချရသကိုး… အိုး.. မမမိုး”

       အသက် ၃၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ နေတိုးဟာ ရခိုင်တိုင်းရင်းသားအနုပညာရှင် တယောက်ဖြစ်ပြီး ၁၉၉၉ ခုနှစ်လောက်က စတင်ကာ အနုပညာလောကထဲ မော်ဒယ်တ ယောက်အနေနဲ့ စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

       သရုပ်ဆောင်အနုပညာအပြင် ဂီတကိုလည်း ဝါသနာပါသူ နေတိုးဟာ ၂၀၀၀ ပြည့်နှစ်မှာ တေးအဘ်လ်ဘမ်တချပ်ထွက်ရှိခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

       နောက်ပိုင်းမှာတော့ မြူးဇစ်ဗီဒီယိုတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေမှာ ဆက်လက်သရုပ်ဆောင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

       သူ့ရဲ့ ပထမဆုံး ဗီဒီယိုကတော့ ၂၀၀၁ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ “သုံးပတ်” ဗီဒီယို ဇာတ်ကားဖြစ်ကာ နောက်ပိုင်း ၂၀၀၅ ခုနှစ်မှာ ဒါရိုက်တာ မီးပွားရိုက်ကူးပြီး ဇာဂနာ၊ စိုင်း စိုင်းခမ်းလှိုင်၊ မျိုးစန္ဒီကျော်တို့နဲ့အတူ သရုပ်ဆောင်ထားတဲ့ “မင်္ဂလာပါ”၊ ၂၀၀၆ ခုနှစ်မှာ ဒါရိုက်တာ ဟိန်းစိုး ရိုက်ကူးပြီး လူမင်း၊ နဝရတ်တို့နဲ့အတူ သရုပ်ဆောင်ထားတဲ့ “ပန်းပျိုးသူတို့ အလင်္ကာ”ရုပ်ရှင်တွေကတော့ နေတိုးရဲ့ ရုပ်ရှင်ခြေလှမ်းအစဇာတ်ကားတွေ ဖြစ်ခဲ့ ပါတယ်။

       နောက်ပြီးတော့ နေတိုးဟာ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)စီစဉ်ပြီး သရုပ်ဆောင် ထွန်းထွန်း၊ မိုးမိုး၊ ရဲလေး၊ ကျော်ကျော်ဗိုတို့နဲ့အတူ “ထာဝရနှင်းဆီ” အငြိမ့်မှာ လူရွှင်တော် တယောက်အနေနဲ့ ၂၀၀၇ ခုနှစ်ကတည်းက လက်ရှိအချိန်ထိ ပါဝင်လှုပ်ရှားနေတာ ဖြစ်ပါတယ်။

       လက်ရှိမှာတော့ နေတိုးဟာ  သရုပ်ဆောင်ကြေး အမြင့်ဆုံးရရှိတဲ့ မင်းသားတလက် ဖြစ်နေခဲ့ပြီဖြစ်ကာ ၂၀၁၁ ခုနှစ်အတွက် “မိုးညအိပ်မက်မြူ”ရုပ်ရှင်၊ ၂၀၁၆ ခုနှစ်အတွက် “နက္ခတ်မှားတဲ့တိုက်ပွဲ”ရုပ်ရှင်၊ ၂၀၁၈ ခုနှစ်အတွက် “တာတေကြီး”ရုပ်ရှင်ကားတွေနဲ့ အ ကောင်းဆုံး အမျိုးသားဇာတ်ဆောင်အကယ်ဒမီထူးချွန်ဆု ၃ ဆု ဆွတ်ခူးရရှိထားခဲ့ပြီ ဖြစ် ပါတယ်။

       ခုလတ်တလော ဝင်းဦးပုံစံ တုပသီဆိုသရုပ်ဆောင်ထားတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို တော့ နေတိုးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှ ဝေထားခဲ့တာဖြစ်ပြီး ခုလိုရေးသားဖော်ပြထားခဲ့တာပါ။

       “ယခု Video မှာ ကိုယ်တိုင်ရိုက် home made video အတိုအမျိုးအစားဖြစ်ပြီး သီ ဆိုထား​သော" မမမိုး "သီချင်းမှာ တေး​ရေး -အလင်္ကာကျော်စွာရွှေပြည်​အေး​ရေးသား ထားတာဖြစ်ပြီး မူရင်းအဆိုရှင် ဦးဝင်းဦးရဲ့အသံကိုအတုလုပ်ပြီး ပြန်တီး ပြန်ဆိုထားခြင်း ဖြစ်ပါတယ်… ပရိသတ်များအားလုံး ​ကျန်းမာပျော်ရွှင်​သော ဘဝ​တွေကိုပိုင်ဆိုင်ကြပါ​စေ ခင်ဗျာ… သင်ဆရာ မြင်ဆရာ ကြားဆရာ များအားထာဝရဦးညွတ်လျှက်ပါ… နွေး​ထွေး မှုများစွာဖြင့် .....​နေတိုး”

       ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ ဩဂုတ်လ ၁ ရက်နေ့မှာ ပရိသတ်တွေအတွက် မျှဝေထားခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်ထိ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရက်ပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၅ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013