DVB Logo
Home
မြန်မာသတင်း
ကျပ်သိန်း ၂၀၀ ပေးမည်ဟုဆိုကာ တရုတ်ဇနီးမယားအဖြစ် အလုပ်အကိုင်ခေါ်ယူမှုများရှိနေ
DVB
·
August 10, 2026
Photo: Zar
Photo: Zar
Donate to DVB

မြန်မာမိန်းကလေးတွေကို Tik Tok လူမှုကွန်ရက်ကနေ တင်တောင်းငွေ ကျပ် သိန်း ၂၀၀ ပေးမယ်ဆိုပြီး တရုတ်ဇနီး မယားအဖြစ် အလုပ်အကိုင် ခေါ်ယူမှုတွေ ရှိနေတယ်လို့ Tik Tok သုံးစွဲသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

VPN အခက်အခဲတွေကြောင့် Tik Tok ကို အသုံးပြုသူ များလာပြီး လူကြီး လူငယ် မရွေး သုံးနေကြတာ ဖြစ်ပါတယ်။

အဆိုပါ ကွန်ရက်ကနေတဆင့် ပွဲစားတွေက တရုတ်ရည်းစားနဲ့ တရုတ်ဇနီးအဖြစ် အလုပ် လုပ်ကိုင်ရမှာဖြစ်ပြီး တင်တောင်းငွေသိန်း ကျပ် ၂၀၀ အပြင် လစဥ် လစာနဲ့ ရွှေဆင်ပေးမယ်ဆိုပြီး ခေါ်နေတာလို့ သိရပါတယ်။

Tik Tok သုံးစွဲနေသူတယောက်က  “အခု Tik Tokမှာ တင်တောင်းငွေ သိန်း ၂၀၀ ပေးမယ်။ တရားဝင်လာတောင်းမယ်ဆိုပြီး ပြောတယ်။ တရုတ်နိုင်ငံမှာ တရားဝင် သွားရောက်အလုပ်လုပ်ရမယ်ပေါ့။ လစာအပြင် ရွှေပါ ထပ်ဆင်ပေးမယ်ဆိုပြီး ပြောတယ်။ ပြောရရင် ဒါက လူကုန်ကူးတာပဲ။ ဟိုဘက်ရောက်သွားတော့မှ ကျားဖြန့်ဆီမှာ ရောင်းစားတာတွေလည်း ရှိနိုင်တယ်။ ကိုယ်တွင်းကလီစာ ရောင်းတဲ့နေရာတွေကို ပို့လိုက်ရင်ရော ဘယ်သူ သိမှာလဲ။ မိန်းကလေးတွေကို သတိထားစေချင်တယ်။ အခုက ပေါ်တင်ကို လူကုန်ကူးနေတာ” လို့ ပြောပါတယ်။

မြန်မာပြည်မှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတာကို အခွင့်ကောင်းယူပြီး အသက် ၁၈ နှစ်ကနေ ၂၈ နှစ်အထိ  အမျိုးသမီးငယ်တွေကို မက်လုံးပေးပြီး တရုတ်ဇနီး မယားအဖြစ် ရောင်းစားနေကြတာ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်ရှိ နေအိမ်ကို တရုတ်ဇနီး အဖြစ် လက်ထပ်ရန် ငွေကြေးမက်လုံးပေးပြီး လာရောက်စည်းရုံးတဲ့ တရုတ်နိုင်ငံသားနဲ့ ပွဲစားတွေကို စစ်အာဏာရှင်လက်အောက်ခံ ပြည်ထဲရေးက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေအရ ထောင်ဒဏ် ၁၃ နှစ်နဲ့ ၁၀ နှစ်စီ ချမှတ်အရေးယူခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013