မိုင်းပန်မြို့တွင် မြေငလျင် နှစ်ကြိမ်လှုပ်
DVB
·
August 3, 2020
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့အနီးမှာ ဒီနေ့ မနက်အစောပိုင်းက မြေငလျင် နှစ်ကြိမ်လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဩဂုတ် ၃ရက်နေ့၊ မြန်မာစံတော်ချိန် ၀၂ နာရီ၊ ၂၅ မိနစ်၊ ၄၂ စက္ကန့် အချိန်မှာ မိုင်းပန်မြို့ရဲ့ မြောက်-အရှေ့မြောက်ဘက် ၁၅ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၀.၅၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၈.၄၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာ စကေး ၃.၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားပါတယ်။
အလားတူ ဒီနေ့မနက် ၀၆ နာရီ၊ ၁၁ မိနစ်၊ ၂၈ စက္ကန့် အချိန်ကလည်း မိုင်းပန်မြို့ရဲ့ မြောက်ဘက် ၂၆ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၀.၇၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၈.၃၈ ဒီဂရီ၊ အနက် ၁၂ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၄.၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားပါတယ်။
ဒါ့အပြင် လင်းခေးမြို့မှာလည်း ဒီနေ့မနက် ၀၃ နာရီ၊ ၄၄ မိနစ်၊ ၂၉ စက္ကန့် အချိန်မှာ လင်းခေးမြို့ရဲ့ အနောက်မြောက်ဘက် ၂၃ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၀.၅၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇.၇၀ ဒီဂရီ၊ အနက် ၈ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃.၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။