DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့တွင် သိန်း ၁၀၀၀ အထက်တန်ဖိုးရှိ အိမ်ခြံမြေများ အရောင်းဝယ်ပြန်ဖြစ်လာ
DVB
·
August 2, 2020
မုံရွာမြို့တွင် သိန်း ၁၀၀၀ အထက်တန်ဖိုးရှိ အိမ်ခြံမြေများ အရောင်းဝယ်ပြန်ဖြစ်လာ
Donate to DVB

မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ စတင်ဖြစ်ပွားစဉ်ကစပြီး အရောင်းဝယ်လုံးဝရပ်တန့်သွားတဲ့ မုံရွာမြို့က အိမ်ခြံမြေဈေးကွက်ဟာ အခုချိန်မှာ ပြန်လည်ဦးမော့လာပါတယ်။

အဲဒီအထဲမှာ သိန်း ၁၀၀၀ အထက်တန်ဖိုးရှိ အိမ်ခြံမြေတွေက ဇွန်လပိုင်းက စတင်ကာ အရောင်းဝယ်ပိုသွက်လာတယ်လို့ မင်းမဟာထွန်းအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ကိုအောင်အောင်က ပြောပါတယ်။

"ကိုဗစ် ၁၉ မြန်မာပြည် စရောက်ခါစ ကျနော်တို့အားလုံး အရောင်းဝယ်တွေ လုံးဝရပ်ဆိုင်းလိုက်ရတယ်။ စရံပေးထားတဲ့ အရောင်းဝယ်တွေတောင် တဘက်က ငွေအကျပ်အတည်းကြောင့် တော်တော်ညှိယူရတယ်။ အခုတော့ ကိုဗစ်စည်းကမ်းတွေ ဖြည်လျော့လာတဲ့နောက်ပိုင်း အိမ်ခြံမြေအရောင်းဝယ်က ပြန်လိုက်လာတယ်။ နယ်ကထက် မြို့ပေါ်က ပိုက်ဆံရှိသူတွေက ရင်းနှီးမြှုပ်နှံတဲ့အနေနဲ့ သိန်း ၁၀၀၀ အထက် အိမ်ခြံမြေတွေကို ဝယ်ယူထားကြတာများတယ်။ တခြား သိန်းရာဂဏန်းရှိတဲ့ မြေကွက်တွေထက် လက်ရှိချိန်မှာ အလုပ်ဖြစ်နေတယ်လို့ ပြောရမှာပဲ။"

အခုနောက်ပိုင်း အိမ်ခြံမြေရောင်းဝယ်ရာမှာ နယ်ကဝယ်ယူသူအများစုဟာ ပုဂ္ဂိုလ်ချင်း ဆက်နွှယ်မှုမျိုးဆိုတာထက် Online ကဆင့် ဆက်သွယ်ဝယ်ယူမှုများလည်း ရှိတယ်လို့ သိရပါတယ်။

"ဒီဘက်ခေတ်က Online တော်တော်များများ သုံးတာဆိုတော့ ရောင်းချင်တဲ့သူတွေကလည်း ဒီအကွက်က ရောင်းမယ်၊ ဒီအိမ်ကရောင်းမယ်ဆိုပြီး တင်လိုက်တယ်။ ဝယ်ယူသူကလည်း ဒါကိုမြင်ပြီး ကြိုက်ရင် ဆက်သွယ်လာတယ်၊ အပြင်မှာ လိုက်ပြတယ်၊ ဒီလို အရောင်းဝယ်ဖြစ်တာများတယ်" လို့ ကိုအောင်အောင်က ဆက်လက်ပြောကြားပါတယ်။

မုံရွာမြို့က အိမ်ခြံမြေဈေးကွက်အရ ‌မြေနေရာပေါ်မူတည်ပြီး တန်ဖိုးအစားစားရှိရာမှာ လက်ရှိအရောင်းဝယ်ဖြစ်နေတဲ့ နေရာတွေကတော့ ဗိုလ်ချုပ်လမ်းနဲ့ ကျောက္ကာလမ်းပိုင်းတွေမှာ အဖြစ်များတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကိုဗစ်ကာလမှာ အေးစက်သွားတဲ့ မုံရွာမြိုက နေအိမ်အငှားဈေးကွက်မှာလည်း ပြန်လည်အလုပ်ဖြစ်လာပြီး ဝါဝင်ခါနီးအချိန်ဖြစ်တဲ့ အခုလိုကာလမှာ နေအိမ်ငှားရမ်းသူတွေလည်း ပိုမိုများပြားလာတယ်လို့ သိရပါတယ်။

ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013