DVB Logo
Home
မြန်မာသတင်း
ရွှေဘိုမြို့ Quarantine Center များတွင် အလှူရှင်နည်းလာ
DVB
·
August 2, 2020
ရွှေဘိုမြို့ Quarantine Center များတွင် အလှူရှင်နည်းလာ
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘို့မြို့ တက္ကသိုလ်ဝင်းအတွင်း နိုင်ငံခြားက ပြန်လာသူတွေကို ထားရှိတဲ့ Quarantine Center ကံ့ကော်ဆောင်နဲ့ သရဖီဆောင်တွေမှာ အလှူရှင်တွေ နည်းလာတယ်လို့ သိရပါတယ်။

Quarantine ဝင်နေသူတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ လုံခြုံရေးဝန်ထမ်းတွေကိုတော့ အများလှူဒါန်းငွေနဲ့ We Love Shwebo အဖွဲ့ကတာဝန်ယူပြီး ကူညီထောက်ပံ့မှုပေးနေတာလို့ We Love Shwebo အဖွဲ့က ဦးအောင်ကိုကိုက ပြောပါတယ်။

“အခုနောက်ပိုင်းဆိုရင် ကျနော်တို့ပြည်သူတွေကလည်း ကျပ်တည်းလာတာ တကြောင်း၊ စီးပွားရေတွေ ရပ်ဆိုင်းတဲ့အတွက် ဒုက္ခတွေတွေ့ကြတယ်။ အလှူရှင်တွေလည်း နည်းပါးလာတယ်။ ဟိုအရင်ကဆိုရင် တရက်တရက် ကုန်ကျစရိတ်က ၃ သိန်းခွဲကနေ ၄သိန်းခွဲအထိကုန်ကျတာဖြစ်ပြီး Quarantine ဝင်နေသူတွေနဲ့ ဆက်စပ်သူအားလုံးကို အခမဲ့ ထောက်ပံ့တာဖြစ်တယ်။”

ဒီအတွက် ခရိုင် ကိုဗစ်ကော်မတီက သိန်း ၆၀၊ WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်) က ကီလို ၅၀ ပါ ဆန်အိတ် ၈၀ ခန့်၊ ပဲ ကီလို ၅၀ ပါ ၁၀ အိတ်ခန့်၊ ၁ လီတာ ဆီဘူး ၂၈၀ လောက်နဲ့ ဆား ထောက်ပံ့ပေးထားတာလို့ ဆိုပါတယ်။

ကျန်တဲ့လိုအပ်ချက်တွေကို ဆန်စက်ပိုင်များ ဆီစက်ပိုင်တွေနဲ့ ရွှေဘိုမြို့နယ်သူမြို့နယ်သားများဆီက အလှူငွေရှာပြီး လူတဦးကို တရက်  ၃၂၀၀ ဖိုးလောက်ရှိတဲ့ အစာအာဟာရ မနက်၊ နေ့လယ်၊ ညနေ သုံးကြိမ် အခမဲ့ နေ့စဉ်လှူဒါန်းကျွေးမွေးတာလို့ ဦးအောင်ကိုကိုက ပြောပါတယ်။

အခုလို ထောက်ပံ့လာတာ ၄ လလောက် ရှိပြီဖြစ်ပြီး လူဦးရေ စုစုပေါင်း ၁၇၀၀၀ ကျော်ရှိပြီဖြစ်ပြီး မြို့ခံတွေအနေနဲ့ ဆက်လက်ကူညီပေးဖို့ မေတ္တာရပ်ခံတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013