DVB Logo
Home
မြန်မာသတင်း
ညောင်​လေးပင်​မြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးက ကိုဗစ်ထောက်ပံ့ငွေ အပြည့်မပေးသဖြင့် သမ္မတထံတိုင်မည် 
DVB
·
July 30, 2020
ညောင်​လေးပင်​မြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးက ကိုဗစ်ထောက်ပံ့ငွေ အပြည့်မပေးသဖြင့် သမ္မတထံတိုင်မည် 
Donate to DVB

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်​မြို့၊ ညောင်ပင်ပေါက်ကျေးရွာမှာ အစိုးရက ဒုတိယအကြိမ်ပေးတဲ့ ကိုဗစ်ထောက်ပံ့ငွေ ကျပ် ၁၅၀၀၀  အပြည့်မရဘဲ  ၇၅၀၀ ကျပ်သာ ရတာကြောင့်  ဒေသခံရွာသားတွေက  ကျေနပ်မှုမရှိဘဲ  သမ္မတထံ တိုင်ကြားမယ်လို့ ပြောပါတယ်။

အစိုးရက ဒုတိယအကြိမ် ကိုဗစ်ထောက်ပံ့ငွေပေး ရာမှာ ပထမအကြိမ်ပစ္စည်းငါးမျိုးပေးစဉ်က မရရှိပဲ ကျန်ရှိခဲ့တဲ့ နွမ်းပါးသူတွေကို  ၁၅၀၀၀ ကျပ်ထပ်ပေးတယ်လို့ သိရပေမဲ့ လက်ရှိမှာ ကျေးရွာအုပ်ချုပ်​ရေးအဖွဲ့​တွေက ၁၅၀၀၀ ကျပ်အပြည့်မပေးပဲ ၇၅၀၀ သာ ပေးတာတယ်လို့ ဒေသခံ ဦးစန်းဝင်းက ပြောပါတယ်။

ကိုဗစ်ကာလ အလုပ်အကိုင်ရှားပါးနေချိန်မှာ အစိုးရရဲ့ထောက်ပံ့ငွေ ၁၅၀၀၀ ကျပ်ကို အပြည့်အဝရချင်သလို အစိုးရရဲ့ ညွှန်ကြားချက်အတိုင် ဆောင်ရွက်ခြင်းမရှိပဲ ၇၅၀၀ သာ ခွဲပေးတဲ့အုပ်ချုပ်ရေးအဖွဲ့ကို နိုင်ငံတော်အစိုးရသိအောင် တိုင်ကြားသွားမယ်လို့ ဆိုပါတယ်။

ဒုတိယအ​ကြိမ် ကိုဗစ်ထောက်ပံ့ငွေကျပ်  ၁၅၀၀၀ ပေးမယ်လို့ဆိုပြီး ရပ်ကျေးအုပ်ချုပ်ရေး တာဝန်ရှိသူတွေက ရွာသားတွေကို ညောင်ပင်ပေါက်ကျေးရွာ စာသင်ကျောင်းကို ခေါ်ယူခဲ့ပြီး  အပြည့်မပေးပဲ ၇၅၀၀ ကျပ်သာ ပေးခဲ့တာဖြစ်ပါတယ်။

ကိုဗစ်ထောက်ပံ့ငွေ ၁၅၀၀၀ ကျပ်ကို ကိုင်ခိုင်းပြီ ဓာတ်ပုံမှတ်တမ်းယူကာ လက်မှတ်ထိုးခိုင်းခဲ့သလို အထက်လူကြီးတွေလာစစ်ပါက ၁၅၀၀၀ ကျပ်အပြည့်ပေးတယ်လို့ ပြောဆိုခိုင်းတယ်လို့ ဒေါ်ဝင်းဝင်းက ပြောပါတယ်၊

"အစိုးရက ​ပေးတဲ့အတိုင်း​ ပြည့်​ပြည့်ဝဝ လိုချင်တာပေါ့။ လူများတန်းတူ၊ အလုပ်အကိုင်မရှိတဲ့ အချိန်မှာ၊ ခုတော့ ဓာတ်ပုံလည်း အရိုက်ခံရတယ်၊ လက်မှတ်လည်းထိုးရတယ်၊ လူကြီးတွေ လာစစ်ရင်လည်း ၇၅၀၀ ပဲပေးတာကို ၁၅၀၀၀ ရတယ်ဆိုပြီ လိမ်ခိုင်းသေးတာမဖြစ်သင့်ဘူးလေ။"

ညောင်ပင်ပေါက်ကျေးရွာမှာ ကိုဗစ်ထောက်ပံ့ငွေ ရရှိဖို့ အိမ်ထောင်စု ၆၀ ကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို စာရင်ပေးပို့ ထားတာဖြစ်ပါတယ်၊ ပထမအကြိမ် ပစ္စည်းငါးမျိုး ထောက်ပံ့ပေးခဲ့စဉ်က အိမ်ထောင်စု ၃၀ ကို ခွဲဝေပေးထားပြီး ဖြစ်ပါတယ်။

ဒုတိယအကြိမ် ကိုဗစ်ထောက်ပံ့ငွေကျပ်  ၁၅၀၀၀ ခွဲပေး ရာမှာ ပထမအကြိမ်ပစ္စည်းငါးမျိုး ရတဲ့ အယောက် ၃၀ နဲ့ ကျန်ခဲ့တဲ့ အယောက် ၃၀ တို့ ၇၅၀၀ ကျပ်ခွဲဝေယူကြမယ်ဆိုပြီး ​ကျေးရွာရာအိမ်မှူးက ဖုန်းဆက်ပြောတာကြောင့် အားလုံးသဘောတူရင် အိမ်ထောင်စုဇယားနဲ့ မှတ်ပုံတင်ကို တောင်းခိုင်းထားတာ​ဖြစ်တယ်လို့ ညောင်ပင်ပေါက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မင်းနိုင်က ပြောပါတယ်။

ပထမအကြိမ်ပစ္စည်းငါးမျိုးရတဲ့အိမ်ထောင်စု ၃၀နဲ့ ပထမအ​ကြိမ်ပေးခဲ့စဉ်က ကျန်ခဲ့တဲ့ အိမ်ထောင်စု ၃၀ တို့ အားလုံးသဘောတူညီလို့ ၇၅၀၀ ကျပ်ကို ခွဲဝေပေးခဲ့တာဖြစ်တယ်လို့ ညောင်ပင်ပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ညောင်လေးပင်မြို့နယ်မှာ အိမ်ထောင်စု ၁၆၃၂၅ ကို ပစ္စည်ငါးမျိုးထောက်ပံ့ ထားပြီ ကျန်ရှိခဲ့တဲ့ အိမ်ထောင်စု ၇၈၀၇ အတွက် ကျပ် ၁၅၀၀၀ စီ ထပ်မံထောက်ပံ့တာ ဖြစ်တယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူက ဒီဗွီဘီ ကိုပြောပါတယ်၊

ပထမအကြိမ်တုန်းက ပစ္စည်းငါးမျိုးရတဲ့ အိမ်ထောင်စုတွေကို ဒုတိယအကြိမ် ကျပ်  ၁၅၀၀၀ ထောက်ပံ့တဲ့အခါမှာ ခွဲဝေပေးရမယ်ဆိုတာ ညွှန်ကြားမထားဘူးလို့လည်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူက ​ပြောပါတယ်။

ကိုဗစ်ထောက်ပံ့ငွေ ကျပ်  ၁၅၀၀၀ အပြည့်မရတာနဲ့ပတ်သက်ပြီး ဒေသခံတွေ စုပေါင်းလက်မှတ်ထိုးကာ နိုင်ငံ​​တော်သမ္မတထံ တိုင်ကြားသွားဖို့ စီစဉ်နေပါတယ်။

သတင်း၊ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013