DVB Logo
Home
မြန်မာသတင်း
နာဂတပ်ဖွဲ့  (NSCN-K)  ဒုစစ်ဦးစီးချုပ်နှင့် ထိပ်ပိုင်းခေါင်းဆောင်အချို့ ထုတ်ပယ်ခံရ
DVB
·
July 30, 2020
နာဂတပ်ဖွဲ့  (NSCN-K)  ဒုစစ်ဦးစီးချုပ်နှင့် ထိပ်ပိုင်းခေါင်းဆောင်အချို့ ထုတ်ပယ်ခံရ
Donate to DVB

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ- ကပ္ပလန်(NSCN-K) က ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီကီဆူမီအပါအဝင် ခေါင်းဆောင် ၃ ဦးကို အဖွဲ့အစည်းစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တယ်ဆိုပြီး  ထုတ်ပယ်လိုက်တယ်လို့  အဲဒီအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဂျူလိုင်ထောင်းက ဒီဗွီဘီကို ပြောပါတယ်။

ဒုတိယစစ်ဦးစီးချုပ်အပါအဝင် နာဂတပ်မတော်ကာကွယ်ရေးဝန်ကြီးဌာန တပ်ပိုင်းဆိုင်ရာ အရာရှိ ဒုဗိုလ်ချုပ်ကြီး ညမ်လန်နဲ့ ဝန်ကြီးစတာစွမ်တို့က ပါတီအတွင်း စည်းလုံးမှုပြိုကွဲစေဖို့ လုပ်ဆောင်မှုအပါအဝင် ပါတီရန်ပုံငွေ အိန္ဒိယရူပီး သိန်း ၃၀၀ နီးပါးကို အလွဲသုံးစားလုပ်ခဲ့တဲ့ အချက်တွေနဲ့ပါတီကနေ ထုတ်ပယ်လိုက်တာလို့  သူကဆိုပါတယ်။

ဇူလိုင် ၂၉ ရက် ထုတ်ပြန်ချက်မှာတော့ ပါတီရဲ့ ခွင့်ပြုချက်မရှိဘဲ တရားမဝင်တဲ့ အစည်းအဝေးတွေကျင်းပတာ၊ ဌာနချုပ်ကို သတင်းပို့ဖို့ အကြိမ်ကြိမ်ပျက်ကွက်တာ၊ ပါတီရဲ့ ရန်ပုံငွေတွေကို အလွဲသုံးစား ပြုလုပ်တာနဲ့ ပါတီအတွင်း စိတ်ဝမ်းကွဲစေတဲ့လူမျိုးစုစွဲ ဝါဒဖြန့်ဝေတာ စတဲ့အချက် ၄ ချက်နဲ့ ထုတ်ပယ်လိုက်တာလို့ ဖော်ပြပါတယ်။

သူတို့ကို ထုတ်ပယ်လိုက်ပြီးဖြစ်လို့ (NSCN-K)ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီမှုမရှိတဲ့ လုပ်ဆောင်မှုမျိုးလုပ်လာခဲ့ရင် သူတို့ကိုထပ်ပြီး အရေးယူဖို့ရှိသလို တပ်ဖွဲ့ဝင် ပါတီဝင်တွေအနေနဲ့ သူတို့နဲ့ပူးပေါင်းလုပ်ဆောင်မှုမျိုးရှိရင် အဖွဲ့အစည်းကနေ အလိုအလျောက် ထုတ်ပယ်ပြီးသားဖြစ်တယ်လို့လည်း ဗိုလ်မှူးဂျူလိုင်ထောင်းက ဆိုပါတယ်။

နာဂအမျိုးသားဆိုရှယ်လစ်ကောင် စီ-ကပ္ပလန်(NSCN-K) အဖွဲ့က အစိုးရနဲ့ စစ်ကိုင်းတိုင်း ဒေသကြီးအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေးသဘောတူ စာချုပ်(Bilateral)ကို ၂၀၁၂ ဧပြီလက လက်မှတ်ရေးထိုးထားထားပြီဖြစ်ပါတယ်။

ဒါပေမဲ့ အစိုးရဖော်ဆောင်နေတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးဖို့ အစီအစဉ် မရှိဘူးလို့ ဗိုလ်မှူး ဂျူလိုင်ထောင်းက ဒီဗွီဘီကို ပြောပါ တယ်။

သူတို့အဖွဲ့အနေနဲ့ လက်ရှိအချိန်မှာ မြန်မာဘက်ခြမ်းမှာရှိနေတဲ့ အဖွဲ့အစည်းနဲ့ အိန္ဒိယ ဘက်ခြမ်းမှာရှိနေတဲ့ အဖွဲ့အစည်းတွေ ပေါင်းစည်းနိုင်ရေး ခေါင်းပေါင်းပိုင်းတွေ ဆွေးနွေးနေတယ်လို့ လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013