
ထိုင်ဝမ်အတိုက်အခံခေါင်းဆောင် ချန်လီဝမ်ဟာ ဧပြီ ၁၀ ရက်က ပေကျင်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ချန်ဟာ ကူမင်တန်ပါတီရဲ့ ဥက္ကဋ္ဌဖြစ်ပြီး ထိုင်ဝမ်နိုင်ငံရဲ့ အကြီးဆုံး အတိုက်အခံခေါင်းဆောင် တယောက်က တရုတ်နိုင်ငံကို သွားရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါဟာ ၁၀ စုနှစ်အတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ရှီက ရေလက်ကြားသာ ခြားထားပေမဲ့ ထိုင်ဝမ်နဲ့ တရုတ်က တနိုင်ငံတည်းဆိုတာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံဟာ KMT ပါတီ အပါအဝင် တခြားပါတီတွေနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်မယ်လို့ ရှီက ပြောခဲ့ပါသေးတယ်။
ထိုင်ဝမ်ကို တရုတ်နိုင်ငံက စစ်ရေးအရ ဖိအားပေးမှုတွေ လျှော့ချဖို့ ချန်က ပြောခဲ့တယ်လို့ ရိုက်တာမှာ ဖော်ပြပါတယ်။
ချန်ဟာ ရှီနဲ့ တနာရီကြာ တွေ့ဆုံခဲ့မှုမှာ နှစ်ဖက်ပါတီတွေဟာ ရေလက်ကြားဖြတ်ကျော် ငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်ဖို့ မျှော်လင့်နေပါတယ်။
တရုတ်နိုင်ငံကို ချန် သွားတာနဲ့ပတ်သက်ပြီး ထိုင်ဝမ်ပြည်သူတွေနဲ့ အင်တာဗျူးတွေကိုလည်း ရိုက်တာက ဖော်ပြခဲ့ပါတယ်။
ထိုင်ဝမ်အတိုက်အခံပါတီခေါင်းဆောင် တရုတ်နိုင်ငံသွားတာကို တချို့က ဝေဖန်မှုတွေရှိပြီး တချို့ကလည်း အကောင်းမြင်တဲ့အကြောင်း ပြောဆိုထားတာ ဖြစ်ပါတယ်။











