DVB Logo
Home
မြန်မာသတင်း
မန္တလေး-ပြင်ဦးလွင်ကားလမ်း၌ တရားမဝင်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၆ ဦးဖမ်းမိ
DVB
·
July 29, 2020
မန္တလေး-ပြင်ဦးလွင်ကားလမ်း၌ တရားမဝင်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၆ ဦးဖမ်းမိ
Donate to DVB

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-မန္တ‌လေးအဆင်းကားလမ်းမှာ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၆ ဦးနဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာနယ်မြေရဲစခန်းကနေ သိရပါတယ်။

ဇူလိုင် ၂၈ ရက် မနက်အစောပိုင်းက မော်တော်ယာဉ်တစ်စီးကို မသင်္ကာတဲ့အတွက် စစ်ဆေးရာက တရားမဝင်ဝင်ရောက်လာသူတွေကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ပြင်စာနယ်‌မြေရဲစခန်းမှ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေ လှည့်ကင်းဆောင်ရွက်နေစဉ် ပြင်ဦးလွင်- မန္တ‌လေး အဆင်းလမ်း မိုင်တိုင် အမှတ်၁၉/၀အနီးရှိ လမ်းဘေးရေဆိုင်မှာ ကားရေဆေးနေတဲ့ KIA BONGO ||| အဖြူရောင်ယာဉ်ဟာ အစိမ်းရောင်မိုးကာကို ယာဉ်တစ်ဝက်အုပ်ထားတာကြောင့် မသင်္ကာတဲ့အတွက် စစ်ဆေးခဲ့ရာက အခုလိုတွေ့ရှိဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။

မော်တော်ယာဉ်ပေါ်မှာ ထပ်ခိုးပြုလုပ် တင်ဆောင်လာတဲ့ တရားမဝင်တရုတ်နိုင်ငံသား အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား ၂ ဦးတို့ကို တွေ့ရှိခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ကတော့ ထွက်ပြေးသွားပါတယ်။ 

သူတို့ကိုစစ်ဆေးတဲ့အခါမှာ ဇူလိုင် ၂၆ ရက်နေ့မှာ တရုတ်နိုင်ငံ၊ ကျယ်ခေါင်က တဆင့် လက်မှတ်အထောက်အထား တခုမှမပါပဲ တရားမဝင် ဝင်ရောက်လာသူတွေဖြစ်တယ်လို့ စစ်ဆေး သိရပါတယ်။

တရားမဝင်ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၆ ဦးနဲ့  မြန်မာနိုင်ငံသား ၂ ဦးတို့ကို  ပြင်စာနယ်မြေရဲစခန်းမှာ လဝကအက်ဥပဒေပုဒ်မ ၁၃(၁)/၁၃(၅) အရ အမှုဖွင့်ထား ပါတယ်။

သတင်း- ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013