DVB Logo
Home
မေးမြန်းခန်း
မလေးရောက် မြန်မာများ အကြမ်းဖက်ခံရမှု သံအမတ်ကြီးနှင့်မေးမြန်းချက်
DVB
·
June 3, 2013
မလေးရောက် မြန်မာများ အကြမ်းဖက်ခံရမှု သံအမတ်ကြီးနှင့်မေးမြန်းချက်
Donate to DVB

ပြီးခဲ့တဲ့ရက်ပိုင်းက မလေးရှားနိုင်ငံ ဆာလာရန်းမြို့အနီး အကြမ်းဖက်မှုကြောင့် မြန်မာ အလုပ်သမား ၁ ဦး သေဆုံးခဲ့ပြီး ကျန် ၂ ဦးကို ဆေးရုံတင်ခဲ့ရာမှာ ဒီမနက် ၁ ဦး ထပ်မံ သေဆုံးသွားတယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ်က ဒီဗွီဘီကို ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ မတူကွဲပြားပြီး မြန်မာ ၁ ဦးဟာလည်း အသတ်ခံခဲ့ရတာကြောင့် ၃ ဦး သေဆုံး ခဲ့ရတယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ်ကို ကိုအေးနိုင်က မေးမြန်းထားပါတယ်။

မလေးရှားမှာ ပဋိပက္ခ မေ ၂၉ ရက်က စဖြစ်တယ်။ ဘာသာရေးကြောင့် ဖြစ်တာလား၊ လူမျိုးရေးကြောင့်ဖြစ်တာလား၊ ဘာကြောင့်ဖြစ်တာလဲ။

“ဘာသာရေးရော၊ လူမှုရေးရော၊ ရောတာပေါ့။ ဖြစ်စဉ်တွေက ရခိုင်ကိစ္စ၊ မိတ္ထီလာကိစ္စ၊ ဥက္ကံကိစ္စ၊ နောက်ဆုံးတော့ လားရှိုးပေါ့။ အဲလိုဖြစ်တုန်းကတော့ မလေးရှားနိုင်ငံသားတွေနဲ့ တခြားနိုင်ငံသားတွေ လာပြီးဆန္ဒပြတာပေါ့။ လားရှိုးမှာဖြစ်ပြီးတဲ့နောက် ဆာလာရန်းမှာရှိတဲ့ မြန်မာဆိုင်လေးကို လာပြီး ရန်ရှာတာရှိတယ်။ ဖျက်တာ၊ ရိုက်တာတွေ ရှိတယ်။ အဲဒီဖြစ်စဉ်က ကလေး ၃ ယောက် ဒဏ်ရာရပြီး ဆာလာရန်း ဆေးရုံ တင်လိုက်ရတယ်၊ အဲဒါက ၂၉ ရက်နေ့။ ၃၀ ရက်နေ့မှာ အလုပ်ခွင်က ပြန်တဲ့ကလေးက လမ်းမှာ တခါဖြစ်တယ်။ ၃၀ ရက်နေ့မှာ မနက် ၁၀ တခါ၊ ညပိုင်းမှာတခါ နှစ်ခါ။ သူကတော့ ဒဏ်ရာရတာပဲ ရှိတယ်။ ၃၁ ရက်နေ့ကျတော့ လူတစုက ၀င်ပြီး သတ်သွားတယ်။ ၁ ရက်နေ့ နေ့လယ် ၃ နာရီလောက်မှာ ဆာလာရန်းမှာ မြန်မာကလေး ၇ ယောက် အပြန်မှာ ဆိုင်တွေကတော့ လာတဲ့သူတွေကို အခြေအနေမကောင်းဘူး၊ မြန်မြန်ဝယ်၊ မြန်မြန်စား၊ မြန်မြန်ပြန်ဆိုပြီး ပြောတယ်။ ဒါပေမယ့် ကလေးတွေက မစိုးရိမ်ဘူး၊ မယုံဘူးထင်တယ်။ ကွမ်းယာဝယ်တယ်၊ ကွမ်းယာဆိုင်ကလည်း ပြန်ဆိုပြီးပြောတော့ သူတို့ကလည်း ဘင်္ဂါလီတွေများတဲ့ဘက်ကို ထွက်သွားတော့ ခဏနေတော့ ၇ ယောက်ထဲက ၄ ယောက်က ပြေးလာကြတယ် အရိုက်ခံရလို့ဆိုပြီးတော့။ ၃ ယောက်ကတော့ ကျန်နေတယ်။ ၃ ယောက်ထဲကလည်း ၂ ယောက်က ဒဏ်ရာနဲ့ ထွက်ပြေးတော့ ရဲကားနဲ့ တွေ့တယ်။ ရဲကားနဲ့သွားတော့ ကျန်တဲ့တယောက်ကတော့ မှောက်နေပြီ။ ရဲကားက သူတို့ ၃ ယောက်ကို ဆာလာရန်း ဆေးရုံတင်တယ်၊ ညပိုင်းမှာပဲ တယောက်ဆုံးသွားတယ်။ ဒီနေ့ မနက်မှာ တယောက် ထပ်ဆုံးသွားတယ်။

"၂ ရက်နေ့ ညနေ ၅ နာရီမှာ ကျနော်တို့ ဆာလာရန်းမှာ တရားမ၀င် နိုင်ငံခြားသားတွေကို ဖမ်းတဲ့အစီစဉ်ပေါ့။ အရပ်ဝတ် ၀တ်ထားတဲ့ နယ်မြေခံရဲနဲ့ ထောက်လှမ်းရေးနဲ့ နိုင်ငံခြားသားတွေကို လော်ရီကားတစီးနဲ့ ဖမ်းသွားတာ တွေ့တယ်။ ကျနော်တို့ သံရုံးပိုင်းကတော့ သက်ဆိုင်ရာ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနကိုလည်း ဖြစ်စဉ်လေးတွေ ကျနော်တို့ ပို့တယ်။ နောက် ရဲချုပ်ကိုလည်း ပို့တယ်။ အဲဘက်တွေမှာ ရဲကားတွေနဲ့ ကင်းလှည့်တာတွေလည်း လုပ်နေပါပြီ။"

တရားခံတွေ ဖမ်းဆီးရမိမှု အခြေအနေရော ဘယ်လိုရှိပါလဲ။

“တရားခံ ဖမ်းဆီးရမိမှုကတော့ စုံစမ်းနေဆဲပဲလို့ သူတို့ ဖြေတယ်။ ကျနော်တို့လည်း စီစီတီဗွီက ရတဲ့ဟာတွေကအစ သူတို့ကို ပို့တယ်။ သူတို့က ငါတို့လက်ထဲမှာ အဲဒါတွေ ရှိပြီးသားပါလို့ပြောတယ်။ ကျနော်တို့အပိုင်းကတော့ ရဲကို ဒါတွေဖြစ်နေတယ်၊ ဒါတွေဖြစ်နေတယ်ဆိုပြီး တင်တယ်။

မလေးရှား ကွာလာလမ်ပူအပါအ၀င် မလေးရှားရောက်မြန်မာတွေရဲ့ လုံခြုံရေးအခြေအနေ အခုအခြေအနေအရ ဘယ်လိုရှိပါလဲ။

“ကျန်တဲ့နေရာတွေတော့ ကျနော်တို့နဲ့ အဆက်အသွယ်ရတယ်။ ပီနန်မှာတော့ ပီနန်ဘုန်းကြီးကျောင်းကို မီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်တာရှိတယ်။ ဒါတွေက သံရုံးကိုလည်း အဆက်ဆက် မီးရှို့မယ်၊ ၀င်စီးမယ်၊ ဗုံးခွဲမယ် ဆိုပြီး ဒါတွေတော့ ရှိခဲ့တယ်။ နောက် ကပုန်းဘုန်းကြီးကျောင်းကိုလည်း ဖုန်းဆက်တာရှိတယ်။ ကျန်တဲ့နေရာတွေမှာတော့ မြန်မာတွေ ၃ သိန်းလောက်ရှိတာက ဆာလာရန်းဧရိယာနဲ့ ဘုန်းကြီးကျောင်း ၂ ကျောင်းနေရာတွေပေါ့။ ကျန်နေရာတွေတော့ ခုထိ ဘာမှမဖြစ်ပါဘူး။”

မြန်မာပြည်ကလာမယ့် အလုပ်သမားအေးဂျင့်တွေ၊ အလုပ်သမားတွေကို ဦးတင်လတ်အနေနဲ့ မလေးရှားကို လာရေး၊ မလာရေးနဲ့ပတ်သက်လို့ သူတို့ဆုံးဖြတ်ချက်ချရေးမှာ ဘယ်လိုအကြံပြုချင်ပါလဲ။

“အန္တရာယ်များတဲ့နေရာတွေက ဆာလာရန်းပေါ့။ ကျန်နေရာတွေကတော့ ပြဿနာမရှိဘူး။ သက်ဆိုင်ရာအလုပ်ရှင်တွေက.များသောအားဖြင့် စက်မှုဇုန်တွေများတယ်လေ၊ နေဖို့ အဆောင်ပေးတယ်။ သံရုံးကလည်း လုံခြုံရေးနဲ့ပတ်သက်လို့ သူတို့ကို ၁၀ မိနစ်လောက် ဝေးတယ်ဆိုရင်တောင် ကားစီစဉ်ပေးဖို့ ပြောတယ်။ ကားစီစဉ်မပေးရင် သံရုံးက ခွင့်ပြုချက်လုပ်မပေးဘူးလို့ ပြောထားတယ်။ သေချာသော အေးဂျင့်နဲ့ ဒီဘက်မလေးရှားက သေချာသော စက်ရုံအလုပ်ရုံဆိုရင် စိတ်ပူစရာမရှိပါဘူး။ သံရုံးကနေလည်း စိစစ်ပြီးမှ Demand Letter တွေက မှန်တယ်လို့ ထောက်ခံထားတဲ့ နေရာတွေက စက်ရုံအလုပ်ရုံတွေဆို ဘာမှမဖြစ်ပါဘူး။ တချို့ကလည်း ပျံကျလေးတွေပေါ့။ အိုဗာစတေးရှိမယ်။ သူတို့တွေကျ တရားဝင်လုပ်နေရတော့ ဈေးတွေဘာတွေလုပ်တော့ ဒီလိုဖြစ်စဉ်လေးတွေ ရှိတယ်။ ကျန်တဲ့ အလုပ်ရုံ၊ စက်ရုံတွေနဲ့ ဈေးဝယ်စင်တာတွေမှာတော့ ပြဿနာမရှိပါဘူး။”

မြန်မာပြည်သားတွေနဲ့ရော တွေ့ဆုံပြီး အားပေးစကားပြောတာမျိုး၊ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေသူတွေကိုရော သွားတွေ့ပြီးပြီလား။

“ကလေးတွေလာပြီး ကျနော်နဲ့ ဆွေးနွေးနေတာ ရှိတယ်။ ဖြစ်စဉ်သေချာမေးတယ်၊ တချို့ဟာတွေကလည်း အကြားနဲ့ပေါ့လေ။ ဘုန်းကြီးကျောင်းက ဆရာတော်နဲ့ကလည်း အဆက်အသွယ်အမြဲရှိပါတယ်။ ဆေးရုံကို ကျနော့်မိတ်ဆွေတွေ သွားကြည့်နေတယ်။ ကျနော်လည်း မေးမြန်းတာလေးတွေနဲ့ ဆိုတော့ မလှည့်နိုင်သေးလို့၊ သွားပါမယ်။ တချို့ ကြောက်ပြီး ဆရာတော်ဆီရောက်လာကြတယ်။ ၂၀-၃၀ ကြားမှာရှိပါတယ်။ အများပြောသလို ၁၀၀-၂၀၀ မရှိပါဘူး။”

မလေးရှားမှာရောက်နေတဲ့ မြန်မာအလုပ်သမားတွေ တရားဝင်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ အလုပ်လုပ်နေကြတဲ့ မြန်မာတွေကို ဒီဗွီဘီကတဆင့် ဘာများပြောလိုပါလဲ။

“သတိပေးစရာမရှိပါဘူး။ လူသားတွေပဲလေ၊ လူသားအချင်းချင်းပဲ။ ဒါက ဘာသာရေး၊ လူမျိုးရေးတို့ဆိုတာလည်း တချိန်ချိန်မှာ ရှိမှာမဟုတ်ပါဘူး။ ဟိုဘက်ရော ဒီဘက်ရော ဘာသာတရား အဆုံးအမ၊ အကွပ်အကဲနဲ့ ဘာသာမတူ၊ လူမျိုးမတူသော်လည်း ချစ်ချစ်ခင်ခင် လုပ်ကိုင်သွားရင် ဘာမှပြဿနာမရှိတဲ့ မလေးရှား၊ ကမ္ဘာကြီးဖြစ်မယ်လို့ ယုံကြည်ပါတယ်။ အားလုံးလည်း ကျီးဘုတ်ရိုသေ၊ ဘုတ်ကျီးရိုသေလုပ်သွား၊ သူ့ဘာသာ ကိုယ့်ဘာသာ လေးလေးစားစားလုပ်သွားရင် ဘာမှအခက်အခဲမရှိပါဘူး။ ဒါလေးကို ချစ်ချစ်ခင်ခင်ပဲ ဖြစ်သွားစေချင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013