DVB Logo
Home
မြန်မာသတင်း
ဆောမြို့နယ်၌ ဒေသခံအစုအဖွဲ့ပိုင်သစ်တော စိုက်ခင်း ဧက ၃၀၀၀ကျော် လုပ်ကိုင်ခွင့်ပြု
DVB
·
July 29, 2020
ဆောမြို့နယ်၌ ဒေသခံအစုအဖွဲ့ပိုင်သစ်တော စိုက်ခင်း ဧက ၃၀၀၀ကျော် လုပ်ကိုင်ခွင့်ပြု
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်အတွင်းရှိ သစ်တောကြိုးဝိုင်းတွေထဲမှာ ၂၀၁၅-၁၆ ခုနှစ်မှ အခုနှစ်မိုးရာသီအထိ ဒေသခံပြည်သူအစုအဖွဲ့ ၂၁ ဖွဲ့ကို အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်း ၃၁၅၀ ဒသမ ၃၂ ဧက စိုက်ပျိုးလုပ်ကိုင်ခွင့်ပြုထားကြောင်း ဆောမြို့သစ်တောဦးစီးဌာန က သိရပါတယ်။

ဆောမြို့သစ်တောဦးစီးမှူး ဦးမောင်ငယ်က "CF (ပြည်သူအစုအဖွဲ့ပိုင်သစ်တောစိုက်ခင်း) ကတော့ လက်ရှိ ကြိုးဝိုင်းတွေထဲမှာ နှစ်ကာလ အတန်ကြာတဲ့ ပုဂ္ဂိုလ်တွေကို ပြောရရင်တော့ ကြိုးဝိုင်းကျူးကျော်ပေါ့။  ကျနော်တို့ကကြိုးဝိုင်းကျူးကျော်ဆိုရင် ဥပဒေအရ အရေးယူရမှာ ဖြစ်တယ်။ ဒါပေမဲ့ ၂၀၁၃ က စာရင်း ကောက်ပြီးတော့ ဥပဒေနဲ့အညီ တရားစွဲတာ ဘာညာမလုပ်ဘဲနဲ့ သစ်တော၊ သစ်ပင် စိုက်ပြီးတော့ သစ်တောတွေပြန်ဖြစ်လာအောင် ပြုစုတဲ့နည်းနဲ့ အစုအဖွဲ့ပိုင် သစ်တော CF လုပ်ကိုင်ခွင့် ခွင့်ပြုပေးတယ်"လို့ ​ဆိုပါတယ်။

ဆောမြို့ သစ်တောဦးစီးဌာနမှ လူမှုစီးပွားအထောက်အကူပြုဖို့ ၂၀၁၅-၁၆ ခုနှစ်မှာ ကျောက်စစ်သစ်တောကြိုးဝိုင်းမှာ လယ်ကြီးအိုင့်ကျေးရွာနေ ဦးကြာစိန်ပါ ၁၈ ဦးကို ၄၃ ဒသမ ၅ ဧက၊ လက်မွန်ကျေးရွာနေ ဦးအောင်ဝင်းပါ ၆၀ ဦးကို ၁၂၅ ဒသမ ၉ ဧက စတင်ခွင့်ပြုခဲ့ပြီး၊ ကျောက်စစ်ကြိုးဝိုင်းမှာ ၂၀၁၆- ၁၇ ခုနှစ်ကလည်း လက်မွန်ကျေးရွာနေ အစုအဖွဲ့တစ်ဖွဲ့ လူဦးရေ ၇၈ ဦးကို ၂၂၉ ဒသမ ၃ ဧက၊ လယ်အိုင့်ကျေးရွာနေ အစုအဖွဲ့တစ်ဖွဲ့ လူဦးရေ ၁၇ ဦးကို ၅၁ ဒသမ ၅ ဧက CF သစ်တော တည်ထောင်ခွင့်ပြုခဲ့တာပါ။

၂၀၁၇-၁၈ ခုနှစ်မှာတော့ ဆော ၁၊ ၂၊ ၃ သစ်တောကြိုးဝိုင်း၊ ကျောက်စစ်၊ လက်ပံ၊ ပင်တောင်၊ ကြိုင်စတဲ့ သစ်တောကြိုးဝိုင်းတွေမှာ ဆောနယ် အတွင်းရှိ ကျောက်ဆွဲ၊ ကျောက်မြောင်း၊ ကြခတ်၊ ဖိုလယ်၊ သီးကုန်း၊ ခူးချောင်း၊ ကြိမ်ချောင်း၊ ဆောလက်ပန်၊ ယောလက်ပန်၊ တပြင်း၊ ကြီးကျေးရွာတွေမှာနေထိုင်တဲ့ အစုအဖွဲ့ ၁၂ ဖွဲ့ရှိ လူဦးရေ ၂၄၄ ဦးပို  ၆၈၆ ဒသမ ၆၉ ဧက ကို လုပ်ကိုင်ခွင့်ပြုပါတယ်။

ဒါ့အပြင် ပင်ထောင်ကျေးရွာနေ အစုအဖွဲ့ နှစ်ဖွဲ့ မှ လူဦးရေ ၇၉ ဦးကိုလည်း ပင်ထောင်သစ်တောကြိုးဝိုင်းအတွင်းရှိ ၆၂၀ ဧကကို ၂၀၁၉ ခုနှစ် မိုးရာသီမှာ လုပ်ကိုင်ခွင့် ခွင့်ပြုခဲ့သလို ယခုနှစ် ၂၀၂၀ မိုးရာသီမှာ မန်းကြိုးသစ်တောကြိုးဝိုင်းအတွင်း မန်းကျေးရွာနေ အစုအဖွဲ့ နှစ်ဖွဲ့ ၊ လူဦးရေ ၉၂ ဦးကို  ၅၁၁ ဒသမ ၃၈ ဧက နဲ  ငှက်ကြီးကျေးရွာနေ အစုအဖွဲ့ တစ်ဖွဲ့ လူဦးရေ ၉ ဦးကို  ၆၅ ဧက တို့ကို စိုက်ပျိုးလုပ်ကိုင်ခွင့် ပြုထားတယ်လို့ သိရပါတယ်။

အဆိုပါ CF သစ်တောတွေမှာ ကျွန်း၊ ပျဉ်းကတိုး၊ လျော်ဖြူ၊ မန်ဂျန်ရှားနဲ့ မြန်မာရှာတို့ကို စိုက်ပျိုးထားကြောင်း သစ်တောဦးစီးဌာနက သိရပါတယ်။

ဆောနယ် သစ်တောဦးစီးဌာနက ၂၀၂၄-၂၅ ခုနှစ်အထိ ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောအဖြစ် ပိန္နဲ၊ မန်း ၊ ကျောက်စစ်၊ ပေါက်တော စတဲ့ ကျေးရွာ ၄ ရွာရှိ ဒေသခံတွေကို အစုအဖွဲ့ပိုင် သစ်တော စိုက်ပျိုးလုပ်ကိုင်တည်ထောင်ခွင့် ၃၇၈၆ ဧကကို ချထားပေးဖို့ စီစဉ်နေတယ်လို့ သစ်တောဦးစီးမှူး ဦးမောင်ငယ်က ပြောပါတယ်။

သတင်း- ကိုလင်း(ချောက်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013