DVB Logo
Home
သတင်းတို
မက်ဒလင်းအောဘရိုက်နှင့် နိုင်ငံရေးပါတီခေါင်းဆောင်များ တွေ့ဆုံ
DVB
·
June 3, 2013
မက်ဒလင်းအောဘရိုက်နှင့် နိုင်ငံရေးပါတီခေါင်းဆောင်များ တွေ့ဆုံ
Donate to DVB

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မက်ဒလင်းအောဘရိုက်နဲ့ မြန်မာ့နိုင်ငံရေးပါတီခေါင်းဆောင်တွေ ချက်ထရီယံဟိုတယ်မှာ မနေ့က တွေ့ဆုံပြီး ၂၀၁၅ ရွေးကောက်ပွဲနဲ့ လက်ရှိ နိုင်ငံရေးပါတီ အခြေအနေတွေကို မေးမြန်းဆွေးနွေးခဲ့ကြတယ်လို့ တွေ့ဆုံပွဲ တက်ရောက်သူတွေက ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်းက လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ယုံကြည်မှုရှိ၊ မရှိနဲ့ နိုင်ငံရေးပါတီတွေရဲ့ အခက်အခဲစတာတွေ မေးမြန်းခဲ့ပြီး အမျိုးသားဒီမိုကရေစီ ပါတီသစ်ခေါင်းဆောင် ဦးသိန်းညွန့်ကတော့ ရွေးကောက်ပွဲကော်မရှင်ကို ယုံကြည်တယ်လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

အန်အယ်လ်ဒီပါတီက ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းထိန်ကတော့ လာမယ့် ရွေးကောက်ပွဲမှာ ပီအာရ်စနစ်ကို ကျင့်သုံးရင် လက်မခံနိုင်ဘူးလို့ ပြောပြီး ဒေါက်တာ ညိုညိုသင်းကတော့ အမျိုးသမီးလွှတ်တော်အမတ်တွေ နည်းတဲ့ကိစ္စ၊ အောက်ခြေမှာ နေသူဖြစ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကိုတော့ ယုံကြည်လောက်စရာ မတွေ့ရဘူးလို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013