DVB Logo
Home
မြန်မာသတင်း
ပုသိမ်ကြီးမြို့နယ်တရားရုံးရှေ့၌ ဗကသကျောင်းသားများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ် 
DVB
·
July 28, 2020
ပုသိမ်ကြီးမြို့နယ်တရားရုံးရှေ့၌ ဗကသကျောင်းသားများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ် 
Donate to DVB

ဘိလပ်မြေစက်ရုံ ဖျက်သိမ်းရေး တောင်းဆိုဆန္ဒပြကြတဲ့ အောင်သပြေကျေးရွာသား ဦးရွှေအုန်း အပါအဝင် ၃ ဦးကို ဒီကနေ့ ဇူလိုင် ၂၈ ရက်နေ့က ပုသိမ်ကြီးမြို့နယ် တရားရုံးမှာ  ရုံးထုတ် စစ်ဆေး ပါတယ်။

ဒီနေ့ ရုံးချိန်းအပြီးမှာ အဆိုပါ ဖမ်းဆီးခံရွာသားတွေကို မီဒီယာတွေနဲ့ ဖြေကြားခွင့်ပေးဖို့ ဝန်းရံ ဗကသ ကျောင်းသားတွေက ပြောဆိုရာက ကျောင်းသားတွေနဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေ အကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာပါ။

ပြီးခဲ့တဲ့ ရုံးချိန်းကလည်း  ဝန်းရံ ဗကသ ကျောင်းသားတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့လို့  ဒီနေ့  ရုံးချိန်းကို ရဲအင်အား ၂၅ ယောက်လောက်နဲ့ လုံခြုံရေးတိုးမြင့်ထားသလို သံဆူးကြိုးတွေလည်းကာရံထားခဲ့ပါတယ်။

အဆိုပါ အောင်သပြေ ကျေးရွာသား ၃ ဦးကို ရာဇသတ်ကြီး ပုဒ်မ ၃၃၃၊ ၃၃၂၊ ၁၁၄တို့နဲ့ ပုသိမ်ကြီးမြို့နယ် ယာယီရဲတပ်ဖွဲ့မှူး ရဲမှူးလှမြင့်က တရားလိုလုပ် တရားစွဲဆိုထားတာဖြစ်ပါတယ်။

Photo - Kaung Zaw Hein / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013