DVB Logo
Home
မြန်မာသတင်း
မွန်ဘာသာစကားသင်တန်းကျောင်း ရေးမြို့နယ်တွင် ဖွင့်လှစ်မည်
DVB
·
July 28, 2020
မွန်ဘာသာစကားသင်တန်းကျောင်း ရေးမြို့နယ်တွင် ဖွင့်လှစ်မည်
Donate to DVB

မွန်ပြည်နယ်အတွင်း ပထမဆုံးဖြစ်လာမယ့် မွန်ဘာသာစကားသင်တန်းကျောင်း Mon Language Class ကို လာမယ့် ဩဂုတ်လကစလို့ ရေးမြို့မှာ စတင်ဖွင့်လှစ်ဖို့ရှိနေပါတယ်။

ခုလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ Mon National Education Center - MNEC ရဲ့ အကူအညီနဲ့ ရေးမြို့မှာ မွန်ဘာသာစကားသင်ကြားရေးဆိုင်ရာ ဆရာဖြစ်သင်တန်းကို သင်တန်းသား ၁၇ ဦးနဲ့ သင်ကြားခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေအတိုင်း ဖွင့်လှစ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

အစီအစဉ်စတင်အကောင်အထည်ဖော်သူ Mon Language Class ဖြစ်မြောက်ရေး ကော်မတီအတွင်းရေးမှူး ကိုအောင်ကိုကိုဦးက ''ရေးမှာ မွန်လူမျိုးတွေက အများဆုံးနေကြပေမယ့် လူမှုပတ်ဝန်းကျင်အသိုင်းအဝန်းကွာခြားတာကိုမူတည်ပြီးတော့ကာမွန်စကားနဲ့စာပေတတ်မြောက်မှုက  ၅၀ ရာနှုန်းကျော်လောက်က နည်းလာပါတယ်။ လူမျိုးတစ်မျိုး ခိုင်မာစွာရပ်တည်ဖို့က စာပေက အရေးကြီးဆုံးဖြစ်လို့ ခုလိုအစီအစဉ်ကို စပြီး အကောင်အထည်ဖော်ဖြစ်တာပါ။''လို့ ဒီဗွီဘီကို ပြောပါတယ်။

Mon National Education Center - MNEC အနေနဲ့ သင်ရိုးညွှန်းတမ်းတွေရေးဆွဲပေးတာအပြင် နည်းပညာပိုင်း ကူညီပေးသွားမှာဖြစ်ကြောင်းနဲ့ မွန်ပြည်နယ်အတွင်း ပထမဆုံးဖွင့်လှစ်တဲ့ အတန်းတစ်ခုဖြစ်ကြောင်းလည်း MNEC အစီအစဉ်မန်နေဂျာ မင်းအောင်ဇေက ပြောပါတယ်။

''class ကို မူပိုင်တစ်ခုအနေနဲ့ ရှိနိုင်အောင် လုပ်သွားမယ်၊ အမြန်ဆုံးအလွယ်တကူတတ်မြောက်ဖို့ သင်ရိုးညွှန်းတမ်းတွေ ရေးဆွဲပေးသွား ဖို့ရှိပါတယ်။ ဒီလို class က ပထမဆုံးဖွင့်လှစ်တာပါပဲ '' လို့ ဒီဗွီဘီကို ပြောပါတယ်။

Mon Language Class ကို မွန်စကားနဲ့ စာပေကို စိတ်ပါဝင်စားသူမည်သူမဆို အခမဲ့ တက်ရောက်နိုင်မှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

သတင်း/ဓါတ်ပုံ - ဝင်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013