DVB Logo
Home
မြန်မာသတင်း
ပထမအကြိမ်မဲဆန္ဒရှင်အမည်စာရင်း အချက်အလက်မှားယွင်းမှု များပြား
DVB
·
July 28, 2020
ပထမအကြိမ်မဲဆန္ဒရှင်အမည်စာရင်း အချက်အလက်မှားယွင်းမှု များပြား
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်အတွင်းက ကျေးရွာတွေမှာ ‌၂၀၂၀ ရွေးကောက်ပွဲ မဲဆန္ဒရှင်အမည်စာရင်း အချက်အလက်မှားယွင်းမှုတွေ များပြားနေတာကို တွေ့ရတယ်လို့ မဲစာရင်းသွားကြည့်သူတွေက ပြောပါတယ်။

“မဲစာရင်းကပ်ထားလို့ သွားကြည့်တာ ကျနော်ရော ပထမဆုံးမဲပေးရမယ့် ကျနော်သားရော မှတ်ပုံတင်အမှတ်တွေ မှားနေတာတွေ့ရတယ်။ နောက်ကျနော်နဲ့အတူ လာကြည့်ကြတဲ့ သူတချို့လည်း မှတ်ပုံတင်အမှတ်တူပြီး မြို့နယ်ကုဒ်မှားနေတာတို့ မိဘအမည်မှားနေတာတို့ ဖြစ်နေတာတွေ့ရတယ်။ မဲစာရင်းကြည့်သူတွေအနေနဲ့ စေ့စေ့စပ်စပ်ကြည့်ကြဖို့လိုတယ်”လို့ မဲစားရင်းကြည့်သူတစ်ဦးက ပြောပါတယ်။

မဲဆန္ဒရှင်အမည်စာရင်း၊ မိဘအမည်၊ မှတ်ပုံတင်နံပါတ်၊ မြို့နယ်ကုဒ်၊ မှတ်ပုံတင်အမှတ်တူ အစရှိတဲ့ မှားယွင်းမှုတွေဟာ ကျေးရွာတိုင်းနီးနီးမှာ ဖြစ်ပွားနေတာဖြစ်ပါတယ်။

ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်ခွဲတွေ အနေနဲ့ကတော့ အတတ်နိုင်ဆုံးမှန်ကန်အောင် စာရင်းကောက်မှုတွေ လုပ်ပေးထားပေမယ့် ကွန်ပျူတာစာစီသူတွေရဲ့ ပေါ့လျော့မှုကြောင့် မှားတာဖြစ်နိုင်တယ်လို့လည်း ရပ်/ကျေး ရွေး/ကော်ဝင်တစ်ဦးက ပြောပါတယ်။

ရှိမ်းမကား မဲဆန္ဒနယ်က ပြည်သူတစ်ဦးကိုဆက်သွယ်မေးမြန်းရာမှာလည်း “ကျနော်တို့ရွာမှာလည်း မဲဆန္ဒရှင်ရဲ့အမည်၊ နောက်မိဘရဲ့ အမည် မှားတာတွေတွေ့ရတယ်။ ဒီလိုအမည်စာရင်းတောင်မှားမှတော့ မှတ်ပုံတင်အမှတ်တွေလည်း မှားနိုင်တာပေါ့။ ရွာတွေဆိုတာက လာကြည့်လည်း ကိုယ့်အမည်လေးပါရင် မဲပေးခွင့်ရပြီလို့ ထင်သွားကြတယ်။ မှတ်ပုံတင်အမှတ်တွေ ဘာတွေ တိုက်မနေကြတော့ဘူးလေ”လို့ ပြောပါတယ်။

၂၀၂၀ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကနေ ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၇ ရက်အထိ ၁၄ ရက်ကြာ၊ ပထမအကြိမ် မဲဆန္ဒရှင်အမည်စာရင်းတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြေညာချက် ထုတ်ပြန်ပေးထားတာ ဖြစ်ပါတယ်။

သတင်း- အောင်စံလင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013