DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့မှ ကိုဗစ်-၁၉ လူနာအမှတ် ၃၂၅ ဆေးရုံမှဆင်း
DVB
·
July 28, 2020
မောင်တောမြို့မှ ကိုဗစ်-၁၉ လူနာအမှတ် ၃၂၅ ဆေးရုံမှဆင်း
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှ ကိုဗစ်-၁၉ လူနာအမှတ် ၃၂၅ ရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ် တွေကို ဒုတိယအကြိမ်နဲ့ တတိယအကြိမ် စစ်ဆေးရာမှာ ရောဂါပိုးမတွေ့ရှိတော့တဲ့အတွက် ဇူလိုင် ၂၇ ရက် မနက်က မောင်တောပြည်သူ့ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။

မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက “လူနာအမှတ် ၃၂၅ ကို ဒုတိယအကြိမ်နဲ့တတိယအကြိမ် စစ်တာ နှစ် ကြိမ်ဆက်တိုက် Negative ဖြစ်တဲ့အတွက် ဒီနေ့မနက်က ဆေးရုံဆင်းခွင့်ပြုလိုက်တယ်။ လှဖိုးခေါင်မှာ Quarantine ၇ ရက် ထားရှိစောင့်ကြည့်သွားရပါဦးမယ်။ သူနဲ့ အတူပိုးတွေ့ထားတဲ့ လူနာအမှတ် ၃၂၆ ရဲ့စစ်ဆေးချက်ကတော့ သုံးကြိမ်လုံး Positive ဖြစ်နေပါသေးတယ်။"လို့​ ဒီဗွီဘီ ကို ပြောပါတယ်။

လူနာအမှတ် ၃၂၅ ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်ပို့ပြန်လာတဲ့ စက်လှေသမား ၁၇ ဦးထဲက တစ်ဦးဖြစ်ပြီး ဇူလိုင် ၁၀ ရက်နေ့က မောင်တောမြို့မှ လူနာအမှတ် ၃၂၆ နဲ့ အတူ ရောဂါပိုးတွေ့ရှိ​ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘင်္ဂလားမှ ကုန်ပို့ပြန်လာတဲ့ စက်လှေသမား ၁၅ ဦးရဲ့ နှာခေါင်း နဲ့ အာခေါင်တို့ဖတ်တွေကို ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးရာမှာလည်း လူနာအမှတ် ၃၄၈ ကို လူနာသစ်အဖြစ် တွေ့ရှိထားပါသေးတယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ သံတွဲမှာ ၁ ဦး၊ တောင်ကုတ်နဲ့ စစ်တွေမှာ ၁ ဦးစီ၊ ဘူးသီးတောင်မှာ ၄ ဦး၊ မောင်တောမှာ ၈ ဦး၊ ကျောက်တော်မှာ ၁ ဦး စုစုပေါင်း ၁၆ ဦးရှိတဲ့ထဲက ၁၃ ဦး ရောဂါပျောက်ကင်းလို့  ဆေးရုံမှဆင်းခွင့်ရရှိသွားပြီ ဖြစ်ပါတယ်။

မောင်တောခရိုင်ပြည်သူ့ဆေးရုံမှာ ၂ ဦးနဲ့ ကျောက်တော်မြို့က ပြည်တွင်းကူစက်ခံရသူ လူနာ ကိုတော့ စစ်တွေဆေးရုံမှာ ဆေးကုသပေးနေပါတယ်။

သတင်း - လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013