DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်တွင် မဲဆန္ဒရှင် ၂၀၄၆၇၇ ဦးရှိ၊ ၂၀၁၅ ထက် ၂၀၀၀၀ ကျော်တိုးလာ
DVB
·
July 28, 2020
ကယားပြည်နယ်တွင် မဲဆန္ဒရှင် ၂၀၄၆၇၇ ဦးရှိ၊ ၂၀၁၅ ထက် ၂၀၀၀၀ ကျော်တိုးလာ
1 / 3
Donate to DVB

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက်  ကယားပြည်နယ် တပြည်နယ်လုံးမှာ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ မဲဆန္ဒပေးပိုင်ခွင့်ရှိသူပေါင်း  ၂၀၄,၆၇၇ ဦးရှိပြီး အရင် ၂၀၁၅  ရွေးကောက်ပွဲထက် မဲဆန္ဒရှင် ၂၀၀၀၀ ကျော် တိုးလာကြောင်း ကယားပြည်နယ် ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းက ပြောပါတယ်။

“၂၀၁၅ ရွေးကောက်ပွဲနေ့မှာ ရှိတာက ၁၇၈၃၁၆ ဦး၊ လက်ရှိဟာဆိုရင်တော့ ၂၆၃၆၁ ဦး အတိုးရှိမှာပေါ့နော်။ ”

ဇူလိုင် ၂၅ ရက်ကစပြီး စတင်ထုတ်ပြန်တဲ့ မဲဆန္ဒရှင်အရေအတွက်အရ ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ ၉၅၉၁၇ ဦး၊ ရှားတောမြို့နယ်မှာ ၅၁၄၇ ဦး၊ ဖရူဆိုမြို့နယ်မှာ  ၁၉၇၈၅ဦး၊  ဒီးမော့ဆိုမြို့နယ်မှာ  ၅၆၃၉၁ ဦး၊ မယ်စဲ့မြို့နယ်မှာ ၄၉၁၆ ဦး၊ ဘောလခဲမြို့နယ်မှာ ၈၀၂၀ ဦး နဲ့ဖားဆောင်းမြို့နယ်မှာ ၁၄၅၀၁ ဦးရှိကြောင်း ဦးကျော်ဆန်းဝင်းက ပြောပါတယ်။

အခုထုတ်ပြန်ထားတဲ့စာရင်းတွေကို ပြင်ဆင်ဖြည့်စွက်မှုတွေရှိဦးမှာဖြစ်ပါတယ်။

ဆန္ဒမဲပေးမယ့် မိဘပြည်သူတွေအနေနဲ့ မဲဆန္ဒရှင်စာရင်းကို ဇူလိုင် ၂၅ ရက်နေ့မှ စတင်ကပ်ထားပြီး ဖြစ်တာကြောင့် မဲစာရင်းကြည့်ခြင်း အားဖြင့် ပိုပြီး ပြည့်စုံမှန်ကန်တဲ့ မဲဆန္ဒရှင်စာရင်းတွေဖြစ်လာဖို့ ဝိုင်းဝန်းကူညီဖို့လည်း ကော်မရှင်က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013