DVB Logo
Home
မြန်မာသတင်း
မြန်အောင်မြို့နယ်ရှိ အိမ်ထောင်စု ၂၈၈၅၉ အတွက်အစိုးရက ငွေကြေးထောက်ပံ့ကူညီ
DVB
·
July 28, 2020
မြန်အောင်မြို့နယ်ရှိ အိမ်ထောင်စု ၂၈၈၅၉ အတွက်အစိုးရက ငွေကြေးထောက်ပံ့ကူညီ
Donate to DVB

ဧရာဝတီတိုင်း၊  မြန်အောင်မြို့နယ်မှာ ကိုဗစ်-၁၉ ကပ်ဘေးကာလ အခက်အခဲရှိနေတဲ့ ပြည်သူတွေအတွက် အစိုးရက အိမ်ထောင်စုတစ်စုလျှင်  ကျပ်ငွေ ၂၀၀၀၀ စီ ထောက်ပံ့ ကူညီပေးနေပါတယ်။ 

အခုလိုကူညီတာတွေကို မြန်အောင်မြို့နယ် ညောင်မြစ်ဆွဲကျေးရွာ အုပ်စုမှာ ဇူလိုင်လ ၂၆ နဲ့ ၂၇ ရက်နေ့တွေမှာ ပြုလုပ်ခဲ့ပါတယ်။

မြန်အောင်မြို့နယ်ထဲမှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု  ၆၉ အုပ်စုရှိပြီး အိမ်ထောင်စု ၂၈၈၅၉ ကို အစိုးရက ကူညီပေးတာဖြစ်ပါတယ်။ 

ဒါအပြင် မြို့နယ်ထဲက လူမှုရေးအဖွဲ့အစည်းတွေကလည်း ဆင်းရဲနွမ်းပါးသူတွေနဲ့ ကျပန်း အလုပ်သမားတွေကို ထောက်ပံ့ကူညီပေးနေပါတယ်။  

မြန်အောင်မြို့နယ်ထဲမှာ ဇူလိုင် ၂၆ ရက်အထိ ပြည်ပက ပြန်ဝင်လာသူတွေနဲ့ တခြားမြို့တွေက ပြန်လာသူ ၂၁ ဦးကို  quarantine စခန်း ၃ ခုမှာ စောင့်ကြည့်နေတယ်လို့ ကျန်းမာရေးဌာနက သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013