DVB Logo
Home
မြန်မာသတင်း
အောင်ထက်သီဆိုသည့် ကျားထိန်းသိမ်းရေးသီချင်းဖြင့် အပျော်တမ်းသီချင်းဆိုပြိုင်ပွဲ ဖိတ်ခေါ်
DVB
·
July 27, 2020
အောင်ထက်သီဆိုသည့် ကျားထိန်းသိမ်းရေးသီချင်းဖြင့် အပျော်တမ်းသီချင်းဆိုပြိုင်ပွဲ ဖိတ်ခေါ်
Donate to DVB

       နာမည်ကြီး လူငယ်အဆိုတော် အောင်ထက်သီဆိုထားတဲ့ ကျားထိန်းသိမ်းရေးသီ ချင်းတပုဒ်နဲ့အတူ အပျော်တမ်းသီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ စိတ်ဝင်စားသူ တွေကို ဖိတ်ခေါ်ထားပါတယ်။

       ဒီပြိုင်ပွဲကိုတော့ Save The Tiger: Myanmar Chapter ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာ နက်လူမှုကွန်ရက်ပေါ်မှတဆင့် ထုတ်ပြန်ထားခဲ့ပြီး ကြွယ်ဝတဲ့ မြန်မာ့ သဘာဝ အမွေအ နှစ်တွေကို လူတိုင်းတန်ဖိုးထားလာစေဖို့၊ မြန်မာ့ရှားပါးမျိုးစိတ်တွေ အချိန်မှီ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်စေဖို့။ (ဥပမာ - ကျား၊ ဆင်၊ လင်းပိုင်၊ ကြယ်လိပ်၊ ရွှေသမင်၊ ဒေါင်း၊ ကြိုးကြာ စသည်။)၊ သဘာဝအလှတရားတွေကို ခံစားရင်း နိုင်ငံသူ/သားတိုင်း အ ပန်းဖြေနိုင်စေဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပတာဖြစ်တယ်လို့ ဆိုပါတယ်။

       ကမ္ဘာပေါ်မှာ ကျားရှိတဲ့နိုင်ငံ ၁၃ နိုင်ငံရှိတဲ့အနက် မြန်မာနိုင်ငံဟာလည်း တနိုင်ငံ အပါအဝင် ဖြစ်နေပြီး နိုင်ငံအတွင်းကျင်လည်ကျက်စားနေဆဲ ကျားတွေကို တန်ဖိုးထား ထိန်းသိမ်းရေးအတွက် လုပ်ဆောင်မှုတွေ မြှင့်တင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

       ကမ္ဘာ့သားရဲတိရိစ္ဆာန်ရန်ပုံငွေအဖွဲ့(WWF)ရဲ့ ထုတ်ပြန်ချက်မှာတော့ ကျားတွေ ကျက်စားတဲ့ နယ်မြေဟာ ဧက ၁၂ သန်းကျော်ရှိပြီး အဲဒီထဲက နယ်မြေ ၈ ရာခိုင်နှုန်း အတွင်း လေ့လာချက်တွေအရ အနည်းဆုံး ကျား ၂၂ ကောင် ရှင်သန်ကျက်စားနေတယ်လို့ ဆိုပါတယ်။

ဒါဟာ ကျားကျက်စားနယ်မြေစုစုပေါင်းရဲ့  ၈%  လောက်မှာ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း တပ်ဆင်ခဲ့တဲ့ ကင်မရာထောင်ချောက်တွေမှ ရရှိတဲ့ ကျားမှတ်တမ်းဓါတ်ပုံတွေကို တစ်ကောင်ချင်း စိစစ်ခွဲခြားရာမှ ရရှိတဲ့  အရေအတွက်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

       လတ်တလောမှာတော့ မြန်မာ့ရတနာ ကျားထိန်းသိမ်းကာကွယ်ရေးအတွက် အ ပျော်တမ်းသီချင်းဆိုပြိုင်ပွဲမှာ သီဆိုယှဉ်ပြိုင်လိုသူတွေအနေနဲ့ ယှဉ်ပြိုင်ရမယ့် သီချင်းအ နေနဲ့ တေးရေး နောင်နောင်(S.F) ရေးသားပြီး အောင်ထက်သီဆိုထားတဲ့ “We Love the Tiger” နဲ့ သီဆိုရမှာ ဖြစ်ကာ တဦးချင်းဖြစ်ဖြစ်၊ အဖွဲ့လိုက်ဖြစ်ဖြစ် ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။

       ကိုယ်တိုင်သီဆိုရိုက်ကူးထားတဲ့ ရုပ်သံလင့်ခ်ကိုတော့ လာမယ့် ဇူလိုင်လ ၂၉ ရက် နေ့ နေ့လည် ၁၂ နာရီနောက်ဆုံးထားပေးပို့ရမှာဖြစ်ကာ ဇူလိုင်လ ၃၁ ရက်နေ့မှာတော့ ကြိုက်နှစ်သက်မှု (Like) အများဆုံးဆုတဆုနဲ့ မျှ‌ဝေခံရမှု (Share) အများဆုံးဆုတဆု ဆိုပြီး ဆုနှစ်ဆုအနေနဲ့ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

       အသေးစိတ် အချက်အလက်တွေကိုတော့ Save The Tiger: Myanmar Chapter ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ သွားရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013