DVB Logo
Home
မြန်မာသတင်း
ဥပဒေနှင့်မညီဘဲ အရေးယူခံခဲ့ရသည့်အပေါ် နော်အုန်းလှ အယူခံတင်သွင်း
DVB
·
July 27, 2020
ဥပဒေနှင့်မညီဘဲ အရေးယူခံခဲ့ရသည့်အပေါ် နော်အုန်းလှ အယူခံတင်သွင်း
Donate to DVB

ပြီးခဲ့တဲ့နှစ်က ကရင့်အာဇာနည်နေ့အခမ်းအနားပြုလုပ်မှုကြောင့် ငြိမ်းစုစီပုဒ်မနဲ့ အရေးယူခံ ခဲ့ရတဲ့ အပေါ်မှာ ကျေနပ်မှုမရှိတဲ့အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ အယူခံ တင်သွင်းထားတယ်လို့ ကရင်အမျိုးသမီးအစည်းအရုံး ဥက္ကဋ္ဌ နော်အုန်းလှက ပြောပါတယ်။

၂၀၁၉ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ၆၉ နှစ်မြောက် ကရင့် အာဇာနည်နေ့ အခမ်းအနားနဲ့ပတ်သက်ပြီး နော်အုန်းလှအပါအဝင် ၃ ဦးဟာ ငြိမ်းစုစီပုဒ်မ ၂၀ နဲ့ အမှုဖွင့်ခံခဲ့ရပြီး ထောင်ဒဏ် ၁၅ ရက်စီ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။

ဒီပြစ်ဒဏ်ကို ခံယူခဲ့ ပေမယ့်လည်း ကျေနပ်မှုမရှိတဲ့အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ အယူခံ တင်သွင်းရတာဖြစ်တယ်လို့ နော်အုန်းလှက ပြောပါတယ်။

 “ဒီအမှုကို ပြည်ထောင်စုကနေ ပလပ်မယ်။ တခုခုလုပ်မယ်ဆိုလည်း အန်တီတို့က ဆက်သွားမှာပါ။ ဘာလို့လဲ ဆိုတော့ စာချွှန်လွှာကျန်သေးတယ်။ အဆုံးထိလုပ်မှာ။ ဒါတွေက အန်တီတို့တိုင်းပြည်မှာ ဥပဒေနဲ့အညီ မဆောင်ရွက်တဲ့အတွက် လုပ်ရခြင်းဖြစ်တယ်။ ဥပဒေနဲ့အညီ လုပ်တဲ့ နိုင်ငံသားပြည်သူတွေကို ဥပဒေနဲ့အညီမလုပ်တာက တာဝန်ရှိတဲ့သူတွေ ဖြစ်တဲ့အတွက် အန်တီတို့လက်မခံပါဘူး။”လို့ ဇူလိုင် ၂၇ ရက်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးရှေ့မှာ ပြောပါတယ်။

နော်အုန်းလှအနေနဲ့ အယူခံကို ပြီးခဲ့တဲ့ မေလက တင်သွင်းထားတာဖြစ်ပြီး အယူခံအတွက် လျှောက်လဲချက်ကို ဇူလိုင် ၃၁ ရက်နေ့မှာ တင်သွင်းရမှာဖြစ်ပါတယ်။

ဇူလိုင် ၃၁ ရက်နေ့ဟာ အများပြည်သူ ရုံးပိတ်ရက်ဖြစ်တာကြောင့်လျှောက်လဲချက် တင်သွင်းခြင်းနဲ့ပတ်သက်ပြီး ဘယ်နေ့မှာ ပြောင်းလဲ လုပ်ဆောင်မယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ နော်အုန်းလှ က ပြောပါတယ်။

တက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ ကရင်အမျိုးသမီးအစည်းအရုံး ဥက္ကဋ္ဌ နော်အုန်းလှဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီးကနေ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် ကိုယ်စားလှယ်လောင်းအဖြစ်  ဝင်ရောက်ရွေးချယ်ခံမှာဖြစ်ပါတယ်။

ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013