DVB Logo
Home
မြန်မာသတင်း
လားရှိုးမြို့မှာ အခြေအနေ ပြန်လည်ငြိမ်သက်
DVB
·
May 31, 2013
Donate to DVB

အကြမ်းဖက်ဖျက်ဆီးမှု ဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ် လားရှိုးမြို့မှာ အခြေအနေကို အစိုးရဘက်က ထိန်းသိမ်းထားလိုက်နိုင်ပြီ ဖြစ်ပြီး မီးရှို့ဖျက်ဆီးခံထားရတဲ့ အိမ်တွေက ဒုက္ခသည်တွေကိုတော့ မန်ဆူ ရှမ်းဘုန်းကြီးကျောင်းမှာ ပြန်စုစည်းထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ရှမ်းဘုန်းကြီးကျောင်းမှာ အကုန်လုံး ဘာသာမတူပေမယ့် ပိုပြီးလုံခြုံတဲ့အတွက် စုပြီး ထားတယ်။ လူဦးရေပေါင်း ၁၂၀၀ ကျော်တယ်။”

လားရှိုးမြို့ပေါ်မှာ အရေးပေါ်အခြေအနေ ပုဒ်မ ၁၄၄ ကြေညာထားပြီး မနေ့ညက တညလုံး အပြင်မထွက်ဖို့ လိုက်လံကြေညာတဲ့အတွက် ဒီနေ့မှာတော့ မြို့ပေါ် အားလုံးငြိမ်သက်သွားပြီလို့ အဲဒီမြို့ခံက ပြောပါတယ်။

“ညကတည်းက တညလုံးပတ်ပြီး ကြေညာတယ်။ ဒီနေ့လည်း တနေကုန် ကြေညာနေတယ်။ ၅ ယောက်ထက် မပိုရဘူး၊ လက်နက်ကိုင်ပြီး မသွားလာရဘူးဆိုပြီး ပြောတဲ့အတွက် ပိုပြီးလူရှင်းသွားတယ်။ လက်ရှိအခြေအနေကတော့ တော်တော်လေး လုံခြုံပါပြီ။ လိုက်ပြီး ရန်စတာတွေ၊ ကောလာဟလထုတ်တာတွေလည်း မရှိတော့ဘူး။

မေ ၂၈ ရက်နေ့နဲ့ မေ ၂၉ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူနေအိမ် ၅ လုံး၊ ဘာသာရေးအဆောက်အအုံ ၃ လုံး၊ ရုပ်ရှင်ရုံ ၁ ရုံ၊ ဂိုဒေါင် ၄ လုံး၊ ဆိုင်ခန်း ၃၂ ခန်း၊ ကား ၂ စီး၊ ဆိုင်ကယ် ၁၁ စီး ပျက်စီးခဲ့ပြီး လူ ၁ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း အစိုးရက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

ဒီဆူပူအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ရဲက လူပေါင်း ၄၀  နီးပါးကို  ဖမ်းဆီးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013