DVB Logo
Home
ကျန်းမာရေး
အသက်ရှည်ရှည်နေချင်သလား Screen Time လျှော့ချလိုက်ပါ
DVB
·
July 26, 2020
အသက်ရှည်ရှည်နေချင်သလား Screen Time လျှော့ချလိုက်ပါ
Donate to DVB

Screen Time ၊ Screen Time နဲ့ ခနခန ကြားလာရတယ်။ Screen Time ဆိုတာ ဘာကြီးလဲလို့ သိချင်လာကြမယ်ထင်တယ်။ တကယ်တော့ Screen Time ဆိုတာ တီဗွီ၊ ကွန်ပျူတာ၊ ဖုန်း၊ လက်ကိုင်ဂိမ်းစက်တွေနဲ့ တက်ဘလက်တွေကို ကြည့်ရှုချိန်၊ အသုံးပြုချိန်ကို ဆိုလိုတာပါ။

ဒီခေတ်မှာ Screen Time ဆိုတာ လူတိုင်းမဖြစ်မနေ ကြုံဆုံနေရတဲ့ ကိစ္စတစ်ခုပါ။ အလုပ်လုပ်ဖို့ ကွန်ပျူတာသုံးတာပဲဖြစ်ဖြစ်၊ ဖုန်းကြည့်တာပဲဖြစ်ဖြစ်၊ ရုပ်မြင်သံကြားစက်ကို ကြည့်တာပဲဖြစ်ဖြစ် ဒစ်ဂျစ်တယ်ပုံရိပ်လွှာတွေကို ကြည့်ရှုချိန်တိုင်းဟာ Screen Time ထဲမှာ အကျုံးဝင်ပါတယ်။

Screen Time ဆိုတာကြီးဟာ လူသားတိုင်းရှောင်လွှဲလို့မရနိုင်ခြင်းရဲ့ နောက်ကွယ်မှာ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ဆောင်ယူလာခဲ့ပါတယ်။ အထူးသဖြင့်တော့ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေပေါ့။

အသက်လေးရယ်တဲ့ ရှည်စေလို


Screen Time ကပေးတဲ့ ဘေးထွက်ဆိုးကျိုးတွေ အမြောက်အများရှိတယ်လို့ဆိုပါတယ်။

  • ကိုယ်လက်လှုပ်ရှားမှုနည်းတာ

  • ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်တာ

  • အဝလွန်တာ

  • သွေးတိုး

  • ဆီးချို

  • စိတ်ဓာတ်ကျတာ

  • အိပ်မပျော်တာ

  • အသားအရေ ထိခိုက်တာ

  • မျက်လုံးထိခိုက်တာ

  • ဇက်ကြောတက်တာ

  • ပေါင်းသင်းဆက်ဆံရေး အားနည်းလာတာ စတဲ့ ပြဿနာတွေပါပဲ။ အများစုဟာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေဖြစ်ကြပါတယ်။


ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ Screen Time များခြင်းဟာ အသက်တိုစေရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုလို့လည်း ဗြိတိသျှသိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေကဆိုထားပါတယ်။

လူတစ်ယောက်ဟာ တစ်နေ့ကို ၂ နာရီထက်ပိုပြီး Screen Time အသုံးပြုနေမိမယ်ဆိုရင် ကျန်းမာရေးဆိုင်ရာဆိုးကျိုးတွေ ကြုံဆုံရနိုင်ခြေ အဆပေါင်းများစွာ မြင့်တက်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဥပမာပြောရမယ်ဆိုရင် Screen Time များတဲ့လူတွေဟာ နှလုံးရောဂါတစ်ခုတည်းတင် ဖြစ်နိုင်ခြေ ၈% အထိတိုးလာမှာဖြစ်ပါတယ်။ ကင်ဆာ၊ အဝလွန်တာနဲ့ သွေးတိုးဆီးချိုဖြစ်နိုင်ခြေတွေဟာလည်း အလွန်မြင့်တက်လာလေ့ရှိတယ်လို့ ဆိုပါတယ်။

ဒီလိုသက်ရောက်မှုတွေကြောင့် ပုံမှန်အသက်ရှင်နေထိုင်ခွင့်ရနိုင်တဲ့ အသက်အရွယ်ထက်ပိုပြီး စောလျှင်စွာ သေဆုံးတာမျိုးဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။ Screen Time ကို တစ်နေ့ ၂ နာရီအောင် လျှော့ချလိုက်မယ်ဆိုရင် အရွယ်မတိုင်မီ သေဆုံးနှုန်းကို ၅.၆၂% လျှော့ချပေးနိုင်သလို နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း ၇.၉၇% အထိ လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

လေ့လာချက်တွေအရ Screen Time ၂ နာရီနဲ့အထက် ရှိတဲ့လူတွေအနေနဲ့ တစ်ပတ်မှာ ၇၅ မိနစ်ကနေ ၁၅၀ မိနစ်လောက်အထိ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးဖို့လိုအပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

Screen Time ကို နိုင်နိုင်နင်းနင်း စီမံနိုင်မယ်ဆိုရင်


ဒီလိုဆိုးကျိုးတွေကြောင့် အမေရိကန်မှာဆိုရင် ကလေးငယ်တွေ Screen Time အသုံးချမှုနဲ့ပတ်သက်ပြီး လမ်းညွှန်ချက်တွေကို တရားဝင်ထုတ်ပြန်ထားခဲ့တာ ၂၀၁၆ ခုနှစ်ကတည်းကပါ။

အဲ့ဒီလမ်းညွှန်ချက်တွေထဲမှာဆိုရင်တော့

  • (၁) အသက် ၁ နှစ်ခွဲအောက်ဆိုရင် (Video Chatting ကလွဲလို့) Screen Time လုံးဝမရှိစေရဘူး။

  • (၂) ၁ နှစ်ခွဲကနေ ၂ နှစ်အတွင်း ကလေးတွေအတွက် ကလေးဗဟိုပြု Digital Program တွေကို အတန်အသင့် ကြည့်ရှုခွင့်ပေးနိုင်တယ်။

  • (၃) ၂ နှစ် ကနေ ၅ နှစ်အရွယ်တွေဆိုရင် အကျိုးရှိစေနိုင်တဲ့ ဒစ်ဂျစ်တယ်အစီအစဉ်တွေကို တစ်ရက်ကို တစ်နာရီအောက် ကြည့်ရှုခွင့်ပေးနိုင်တယ်။

  • (၄) အသက် ၆ နှစ်အထက် ကလေးငယ်တွေရဲ့ Screen Time ကတော့ အိပ်စက်ချိန်နဲ့ ကိုယ်လက်လှုပ်ရှားချိန်တွေကို မထိခိုက်စေရတဲ့ ပမာဏမျိုးအထိ ခွင့်ပြုလို့ရတယ်။ နှစ်နာရီထက်တော့ လုံးဝမပိုစေရဘူး … လို့ သတ်မှတ်ထားတာပါ။


Screen Time ကို စနစ်တကျ စီမံခန့်ခွဲနိုင်မယ်ဆိုရင် ကလေးတွေမှာရော၊ လူကြီးတွေမှာပါ အကျိုးကျေးဇူးတွေ အများကြီးရနိုင်ပါတယ်။ လေ့လာနိုင်စွမ်းမြင့်မားလာတာ၊ ပင်ပန်းမှုပြေပျောက်တာနဲ့ စိတ်ဖိစီးမှုလျော့ကျစေတာမျိုး အကျိုးတွေရရှိနိုင်ပါတယယ်။

ဒါ့အပြင်

  • ကိုယ်လက်လှုပ်ရှားမှု ပိုလုပ်ဖြစ်တာ

  • အဝလွန်နိုင်ခြေ နည်းသွားတာ

  • စိတ်ခံစားမှု ကောင်းလာတာ

  • ပေါင်းသင်းဆက်ဆံရေး ကောင်းလာတာ

  • ဆန်းသစ်တီထွင်နိုင်စွမ်း မြင့်မားလာတာ

  • အသက်ရှည်စေတာ

  • မိသားစုကို အချိန် ပိုပေးလာနိုင်တာတွေလိုမျိုး အကျိုးတွေ ခံစားရနိုင်ပါတယ်။

  • နောက်ပြီး ကျန်းမာစေမယ်ဆိုတဲ့ အချက်လည်းပါတာပေါ့။


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ  | ရေးသားသူ 

 


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013