DVB Logo
Home
မြန်မာသတင်း
မလေးရောက် မြန်မာအလုပ်သမားများ နစ်နာကြေးရရှိ
DVB
·
May 31, 2013
Donate to DVB

လုပ်အားခထဲကနေ အခွန်ခဖြတ်တောက်ခံရတဲ့ မလေးရှားရောက် မြန်မာအလုပ်သမား ၆ ဦးရဲ့ နစ်နာကြေးတွေကို အလုပ်ရှင်တွေက ပြန်ပေးဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

မေ ၂၉ ရက်နေ့ မလေးရှားနိုင်ငံ ဆန်လန်ဂေါက ဆုဘန်းဂျာယ (Subang Jaya) အလုပ်သမားတရားရုံးက အလုပ်သမား ၆ ဦးထံကနေ အခွန်ခအဖြစ် မတရားဖြတ်တောက်ထားတဲ့ မလေးရှား ရင်းဂစ် ၃ သောင်းကျော်ကို အလုပ်လုပ်နေတဲ့ ကုမ္ပဏီက ပြန်ပေးဖို့ ဆုံးဖြတ်ချက် ချမှတ်လိုက်တာလို့ ဒီကိစ္စကို ဆောင်ရွက်ပေးနေတဲ့ ကိုရန်နိုင်ထွန်းက ပြောပါတယ်။

၂၀၀၉ ခုနှစ် ဧပြီလက စတင်ပြီးတော့  အလုပ်သမားတွေရဲ့ လစာထဲကနေ အခွန်ခ မပေးဖို့ မလေးရှား အစိုးရက သတ်မှတ်ခဲ့ပေမယ့် အလုပ်ရှင်တွေက တလကို ၃၀၀ စီ တရားမ၀င် ဆက်လက် ဖြတ်တောက်ထားတဲ့အတွက် အလုပ်သမားတွေက မလေးရှား ကုန်သွယ်ရေးသမဂ္ဂ ကွန်ဂရက် (MTUC) ဆီကနေ အကူအညီရယူခဲ့ပြီး မလေးရှားအစိုးရ အလုပ်သမား တရားရုံးမှာ သွားရောက် တိုင်းတန်းခဲ့တာလို့လည်း ဆိုပါတယ်။

အလုပ်ရှင်ဆီက လျော်ကြေးကို အခုထိတော့ လက်ခံမရရှိသေးပေမယ့် မြန်မာ အလုပ်သမားတွေအနေနဲ့ ဒီလို ဖြတ်တောက်ခံထားရတာ ရှိရင် တောင်းဆိုကြဖို့လည်း မလေးရောက် မြန်မာအလုပ်သမားတွေကို ကိုရန်နိုင်ထွန်းက တိုက်တွန်းပြောဆိုပါတယ်။

ဒီအလုပ်သမားတွေထဲက တချို့ဟာ ဒီကုမ္ပဏီမှာ အလုပ်လုပ်တာ အနည်းဆုံး ၁ နှစ်ခွဲကနေ တချို့ဆိုရင် ၆ နှစ်ခွဲအထိ ကြာမြင့်နေသူတွေလည်း ရှိပါတယ်။ မလေးရှား MTUC အဖွဲ့က ရှေ့နေ ပီတာ ကန်ဒီးယားကလည်း အခုလို ဖြတ်တောက်ထားတာဟာ တရားမ၀င်ကြောင်း အခုလို ပြောပါတယ်။

“ဒီလိုဖြတ်တောက်တာ တရားမ၀င်ပါဘူး။ သူတို့ကို တရားရုံးမှာ စွဲဆိုသင့်ပါတယ်။ ဒါအပြင်ဖြတ်တောက် ထားတာတွေကို ပြန်ပေးသင့်ပါတယ်။”
မလေးရှားနိုင်ငံမှာ သိန်းနဲ့ချီတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်လုပ်ကိုင်နေသလို အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013