DVB Logo
Home
မြန်မာသတင်း
တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူး အမှု ရုံးထုတ်စစ်ဆေး
DVB
·
July 24, 2020
တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူး အမှု ရုံးထုတ်စစ်ဆေး
Donate to DVB

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူး အပါ ၆ ဦးအမှုကို ဒီကနေ့ ဇူလိုင် ၂၄ ရက်က  ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

ဒီကနေ့ရုံးချိန်းမှာတော့ တရားလိုပြသက်သေ ဦးနေမျိုးအောင်ကို စစ်ဆေးခဲ့တယ်လို့ ရန်ကုန်တိုင်းတရားလွှတ်တော် ပြန်ကြားရေးအဖွဲ့က သိရပါတယ်။ ဒီအမှုအတွက် တရားလိုပြသက်သေ ၃၈ဦး တင်သွင်းထားတာမှာ အခုအချိန်ထိ တရားလိုအပါအဝင် ၆ ဦးကို စစ်ဆေးပြီး ဖြစ်ပါတယ်။

တိုင်းတရားဥပဒေချုပ် ဦးဟန်ထူးကို ထောင်ဒဏ် ၁၅ နှစ်အထိကျခံနိုင်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ တရားစွဲတင်ထားပြီး ကျန်တဲ့ သူတွေကိုတော့ ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံနိုင်တဲ့ ပုဒ်မ ၅၆ နဲ့ တရားစွဲတင်ထားတာ ဖြစ်ပါတယ်။

ဦးဟန်ထူး အပါ ၆ ဦးဟာ ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနဲ့ ပတ်သက်တဲ့အမှုမှာ အဂတိလိုက်စားမှုတွေ ရှိခဲ့တယ်ဆိုပြီး အဂတိတိုက်ဖျက်ရေး စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ဦးမိုးနိုင်က တရားလို ပြုလုပ် တိုင်ကြားခဲ့တာပါ။ 

ဒီအမှုကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၅ရက်နေ့မှာ စတင်တရားစွဲဆိုခဲ့တာ ဖြစ်ပြီး ရုံးချိန်းပေါင်း ၇၆ချိန်းအထိ စစ်ဆေးပြီးတာလည်း ဖြစ်ပါတယ်။

လာမယ့်ရုံးချိန်းကိုတော့ ဇူလိုင် ၂၉ ရက်နေ့ကို ချိန်းဆိုထားပြီး တရားလိုပြသက်သေ ဦးနာရိုင်းနားကို စစ်ဆေးသွားမယ်လို့ သိရပါတယ်။

သရုပ်ဆောင် အောင်ရဲထွေးဟာ ၂ဝ၁၇ ဒီဇင်ဘာ ၃၁ ရက် ညပိုင်းက သင်္ဃန်းကျွန်းမြို့နယ်ရှိ  The One Entertainment မှာလူတစုရဲ့ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် ခေါင်းမှာ ဒဏ်ရာရရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ၂ဝ၁၈ ဇန်နဝါရီ  ၂ ရက်က သေဆုံးသွားခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သန်းထွဋ်အောင်(ခ)သားကြီး အပါအဝင် ၃ ဦးကို ဖမ်းဆီးပြီး ပုဒ်မ ၃ဝ၂ နဲ့ တရားစွဲဆိုတင်ပို့ခဲ့ကာ တရားလိုပြသက်သေတချို့ကို စစ်ဆေးခဲ့ပြီးနောက် သက်သေမခိုင်လုံဘူးဆိုပြီး အမှုကို ရုပ်သိမ်းပေးခဲ့ပါတယ်။

အမှုရုပ်သိမ်းခဲ့တာကြောင့် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး အပါအဝင် ၆ ဦးဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခံခဲ့ရတာပါ။

သတင်း- နူးရာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013