DVB Logo
Home
Lead Story
မြန်မာအိုင်ဒေါစတား တန်ခွန်ကျော်သီချင်းသစ်-“ခံနိုင်ရည်မရှိတော့”(ရုပ်သံ)
DVB
·
July 24, 2020
မြန်မာအိုင်ဒေါစတား တန်ခွန်ကျော်သီချင်းသစ်-“ခံနိုင်ရည်မရှိတော့”(ရုပ်သံ)
Donate to DVB

မြန်မာအိုင်ဒေါစတား တေးသံရှင်တယောက်ဖြစ်တဲ့ တန်ခွန်ကျော်ရဲ့ သီချင်းသစ်တ ပုဒ် ထွက်ရှိလာခဲ့ပါတယ်။

“ခံနိုင်ရည်မရှိတော့”လို့ အမည်ပေးထားခဲ့တဲ့ ဒီသီချင်းကိုတော့ တေးရေး ကာကြီး က ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး Joox Myanmar ကနေ တင်ဆက်လိုက်တာ ဖြစ်ပါ တယ်။

“တယောက်တည်းလိုပဲ နေပါတယ်… နင်မရှိပေမယ့် နေရမယ်… အရင်နှစ်တွေက လိုတော့… အဆင်မပြေဘူး ခက်တယ်… အခက်အခဲတွေလည်း ရင်ဆိုင်မယ်… ဒီစိတ် တွေနဲ့ လေလွင့်တယ်… ကြည်နူးစရာအတိတ်တွေက ဒဏ်ရာသက်သက်”

လတ်တလော ပရိသတ်တွေ ချစ်ခင်အားပေးမှုတွေနဲ့ ဂီတအနုပညာလမ်းမပေါ် လျှောက်လှမ်းနေခဲ့သူ တန်ခွန်ကျော်ဟာ ပြီးခဲ့တဲ့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲ Season 4 မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာကတဆင့် ထင်ရှားလာခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ တနံတလျားက ရွက်ပုန်းသီးအနုပညာရှင်တွေကို မွေးထုတ်ပေးရာ ပြိုင်ပွဲတခုဖြစ်တဲ့ ဒီပြိုင်ပွဲမှာတော့ ဒိုင်တွေအဆင့်ဆင့်ရွေးချယ်ထားတဲ့ Top Finalists ၁၁ ယောက်က သီတင်းပတ်တပတ်ပြီး တပတ် သီချင်းအမျိုးအစား အစုံစုံနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ကြရတာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်တွေရဲ့ စိတ်ကြိုက်ရွေးချယ်ထားတဲ့ သီချင်းတွေနဲ့ ပထမဆုံးသီတင်းပတ် က စတင်ကာ ရော့ခ်သီချင်းတွေနဲ့ သီတင်းပတ်၊ တက္ကသိုလ်အမှတ်တရသီချင်းများ၊ ကန်း ထရီးသီချင်းများ၊ စိုးလွင်လွင်အမှတ်တရသီချင်းများ၊ ဆောင်းရာသီသီချင်းများ၊ ထင်ရှား ကျော်ကြားသီချင်းများစတဲ့ သီတင်းပတ် ၉ ပတ်တိုင်တိုင် ယှဉ်ပြိုင်ကြရတာဖြစ်ပြီး တန် ခွန်ကျော်ကတော့ ပြိုင်ပွဲမှာ ထူးခြားတဲ့ ပြိုင်ပွဲဝင်တယောက် ဖြစ်ခဲ့တာပါ။

သီတင်းပတ် ၄ ပတ်မြောက် ကန်းထရီးသီချင်းတွေနဲ့ညမှာ Top 8 အဆင့်ကနေ ထင်မှတ်မထားတဲ့ ရလဒ်နဲ့ အိမ်ပြန်ခဲ့ရပြီး ၈ ပတ်မြောက်မှာ Wild Card နဲ့ ပြန်ဝင်လာခဲ့ ပြီး အဲဒီသီတင်းပတ်မှာပဲ ထပ်မံနှုတ်ဆက်ခဲ့ရသူ ဖြစ်ခဲ့တာပါ။

ဒါပေမယ့် သေသပ်ပြီး ကြည်လင်တဲ့ သူ့ရဲ့ သီချင်းသီဆိုဟန်ကတော့ တန်ခွန်ကျော် ရယ်လို့ ပရိသတ်တွေက အသိအမှတ်ပြုခဲ့ကြရပြီ ဖြစ်ပါတယ်။

“ဟိုအရင်လို ခမ်းခမ်းနားနား အိပ်မက်များ… ရင်ခုန်သံတွေ စည်းခြား… မေ့နိုင်သူ က သတိမရတဲ့အခါ လွမ်းနေသူတယောက်အတွက်… ဒဏ်ရာဟာ ခဏတော့ သက်သာ တယ်… အချိန်တန်ရင် ခေါင်းထဲရောက်လာတယ်… အရာရာကို ရူးတဲ့စိတ်နဲ့ ချစ်တတ်ခဲ့ ပေမယ့်… အမှတ်တရများစွာလည်း… နောက်ဆုံးမှာ မေ့သွားတယ်… ငါကျေနပ်တယ်”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013