DVB Logo
Home
မြန်မာသတင်း
သရုပ်ဆောင်မင်းရာဇာအမှု တရားလိုရောက်မလာသဖြင့် မစစ်ဆေးဖြစ်
DVB
·
July 24, 2020
သရုပ်ဆောင်မင်းရာဇာအမှု တရားလိုရောက်မလာသဖြင့် မစစ်ဆေးဖြစ်
Donate to DVB

ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ ပုဒ်မ ၃၇၆ နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင်မင်းရာဇာအမှုကို တရားလိုဖြစ်သူမလာရောက်နိုင်တဲ့အတွက် ရုံးချိန်းမစစ်ဆေးဖြစ်ဘဲ ဩဂုတ်လ ၇ ရက်နေ့ကို ပြန်လည်ချိန်းဆိုခဲ့ပါတယ်။ 

ဒီကနေ့ရုံးချိန်းမှာ အမှုမှတရားလိုဖြစ်သူဒေါ်သင်းသင်းခိုင်ကို ပြန်လှန်မေးခွန်းစစ်ဆေးမေးမြန်းရမှာဖြစ်ပေမဲ့ ကလေးတွေကျန်းမာရေးအခြေအနေကြောင့်  ဒေါ်သင်းသင်းခိုင်မလာရောက်နိုင်တဲ့အကြောင်း ခွင့်တိုင်တဲ့အတွက် အမှုကိုမစစ်ဆေးဖြစ်ဘဲ ပြန်လည်ချိန်းဆိုခဲ့တာပါ။

အရှေ့ပိုင်းခရိုင်တရားရုံးမှာစစ်ဆေးနေတဲ့ ပုဒ်မ ၃၇၆ အမှုမှာ တရားလိုပြသက်သေ ၁၆ ယောက်တင်သွင်းထားပါတယ်။

သရုပ်ဆောင်မင်းရာဇာအပါအဝင် ၄ ဦးဟာ မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာလည်း ရာဇသတ်ကြီးပုဒ်မ ၄ ခုနဲ့ အမှုရင်ဆိုင်နေရပါတယ်။

သရုပ်ဆောင်မင်းရာဇာရဲ့မိသားစုဟာ အိမ်က အိမ်အကူမိန်းကလေးကို အက်ဆစ်နဲ့ ပက်တာ၊ တူနဲ့ထုတာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာတွေကြောင့် ရွှေပေါက္ကံမြို့နယ်ရဲစခန်းမှာ အမျိုးသမီးလေးရဲ့ မိခင်ဖြစ်သူက အမှုဖွင့်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013