DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်သမက်ကို လွတ်ငြိမ်းခွင့်ပေးရန် တင်ပြ
DVB
·
May 31, 2013
Donate to DVB

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ စစ်ထောက်လှမ်းရေးတွေကို ဖမ်းဆီး အရေးယူစဉ် ၂၀၀၄ ခုနှစ်ကတည်းက ထောင်ဒဏ် ၁၄၆ နှစ် ချမှတ်ခံထားရတဲ့ သမက်ဖြစ်သူ ဦးတင်ထွဋ်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ စာရင်းထဲ ထည့်သွင်းပေးဖို့ နိုင်ငံရေး အကျဉ်းသားကော်မတီ စိစစ်ရေးကော်မတီဆီ တင်ပြထားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ဝင် ဦးရဲအောင်က ဒီဗွီဘီ ကို ပြောပါတယ်။

ဒီစာကို ဦးတင်ထွဋ်ရဲ့ ဖခင် ဦးပေါ်ခန်သန်းက သမ္မတရုံးစာရင်းကနေတဆင့် တင်ပြခဲ့တာ ဖြစ်ပါတယ်။ ဦးတင်ထွဋ်ဟာ သာမန်စီးပွားရေး လုပ်ငန်းရှင်တယောက်ဖြစ်ပြီး သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်း ဥပဒေတွေနဲ့ ခုလို ပြစ်ဒဏ်ချမှတ် ခံထားရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က သမ္မတရဲ့  လွတ်ငြိမ်းခွင့်ပေးခဲ့စဉ်မှာ ဦးခင်ညွန့်နဲ့ သားတွေ လွတ်မြောက်လာခဲ့ပေမယ့် သမက်ဖြစ်သူကတော့ လွတ်မြောက်လာခြင်း မရှိခဲ့ပါဘူး။

လက်ရှိ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီမှာ ပါဝင်နေတဲ့ အဖွဲ့ ၅ ဖွဲ့ရဲ့ စာရင်းအရ နိုင်ငံရေးအကျဉ်းသား ၆၆၄ ယောက်ရှိပြီး ၂၀၀ လောက်ကတော့ အကျဉ်းထောင် ထဲမှာ ရှိနေတယ်လို့ အာဏာပိုင်တွေဘက်က အကြောင်းပြန်ကြားထားပါတယ်။

ကော်မတီမှာပါတဲ့ အဖွဲ့ပေါင်းစုံ ပေါင်းလိုက်ရင်တော့ အကျဉ်းသားဦးရေ စုစုပေါင်း ၂၀၀၀ ၀န်းကျင်လောက်ရဲ့ နာမည်တွေ လက်ခံရထားတယ်လို့ ဦးရဲအောင်က ပြောပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013