Home
မြန်မာသတင်း
လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အဆိုပြုထားခြင်းမရှိဟု ဇေယျာသော် ပြော
DVB
·
July 23, 2020
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အဲန်အယ်လ်ဒီ)ပါတီ ကိုယ်စားပြု လွှတ်တော်အမတ်တ ယောက်လည်းဖြစ် ဟစ်ဟော့ပ်အဆိုတော်လည်းဖြစ်တဲ့ ဇေယျာသော်က ခုလာမယ့် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအနေနဲ့ အဆိုပြုထားခြင်းမရှိဘူးလို့ ပြောကြားလိုက်ပါတယ်။ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှာတော့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ခုလို ရေးသားဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။ “ဒီနေ့ အဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းအမည်စာရင်း ကြေညာပါတော့မယ်။ ကိုယ်စား လှယ်အဟောင်းတွေ ကိုယ်စားလှယ်လောင်း ပြန်ဖြစ်ကြမှာရှိသလို၊ ကိုယ်စားလှယ်လောင်းအသစ် တွေလဲ အပြိုင်းအရိုင်း ပေါ်လာကြဦးမှာပါ။ ထိုနည်းတူစွာပဲ သူပါတယ်၊ ငါမပါဘူး.. သူ့လူ,ကိုယ့် ဘက်သား.. အစရှိသဖြင့် ငြင်းကြခုန်ကြ, အသံတွေ ကျယ်လောင်ကြနိုင်ပါတယ်။ ဘယ်သူကိုယ်စား လှယ်လောင်းဖြစ်ဖြစ်၊ ဒီချုပ်အောင်နိုင်ရေး အတွက် အားသွန်ခွန်စိုက် ဝန်းရံပေးကြပါ။ ကျနော့်အနေ နဲ့ကတော့ ဒီတခေါက် ကိုယ်စားလှယ်လောင်းအဖြစ် ထပ်မံအဆိုပြုတင်ပြထားခြင်း မရှိ (မရှိ)ပါ” ဇေယျာသော်ကိုတော့ ပရိသတ်တွေက နိုင်ငံရေး အကျဉ်းသားဟောင်း လူငယ်ဟစ်ပ်ဟော့ပ် အဆိုတော်တယောက်အနေနဲ့ သိထားကြတာ ဖြစ်ပါတယ်။ သူဟာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ပါတီကို ကိုယ်စားပြုပြီး နေပြည်တော် ပုဗ္ဗသီရီမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရကာ ပြည်သူ့ လွှတ်တော်အမတ် ဖြစ်လာခဲ့တာပါ။ အဲဒီနောက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာလည်း နေပြည်တော်ရှိ အစိုးရဝန်ထမ်းတွေအများ ဆုံးနေထိုင်ရာ ဇဗ္ဗူသီရိမြို့နယ်မှ အဲန်အယ်လ်ဒီပါတီ ကိုယ်စားပြုအနေနဲ့ ထပ်မံဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ လေတပ်ဦးစီးချုပ်ဟောင်းနဲ့ ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးမြတ်ဟိန်းကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီကနေ့ အဲန်အယ်လ်ဒီပါတီကိုယ်စားလှယ်လောင်းတွေအမည်စာရင်း ကြေညာမယ့် ကိစ္စနဲ့ပတ်သက်ပြီးလည်း ဇေယျာသော်က “အဖွဲ့ချုပ်က ဘယ်သူပဲလာလာ၊ ဘယ်သူကိုယ်စားလှယ်လောင်းဖြစ်ဖြစ် ဒီချုပ်အဖွဲ့ဝင်တဦး ဖြစ်တာနဲ့အညီ အဖွဲ့ချုပ်အောင်နိုင်ရေးအတွက် တတ်စွမ်းသမျှ ကျရာနေရာကနေ ဆောင်ရွက်သွား မှာပါ။ ကျနော်တို့နိုင်ငံရဲ့လက်ရှိအခြေအနေဟာ "နိုင်ငံရေး အကြောပေး"ပြီး ယှဉ်ပြိုင်နေရတာ အား လုံးအသိပါ။ ဒီတော့ ခိုင်မာအားကောင်းတဲ့ အစိုးရတရပ် ပေါ်ပေါက်လာဖို့ဟာ နိုင်ငံရေးပန်း တိုင်ဆီသွားဖို့ ဖြတ်သန်းရမယ့် မှတ်တိုင်တခု ဖြစ်ပါတယ်။ နောက်ဆုံးရည်မှန်းချက်ကတော့ (ဘာ နာမဝိသေသနတွေမှ ထပ်ဖြည့်စရာ မလိုသော) ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုဆီသို့။ ဒီပန်းတိုင်ကိုရောက်ဖို့ ကျနော်တို့ ခါးတောင်းကျိုက်မဖြုတ်သေးပဲ တက်စုံလက်ကုန် ဆက်လက်ကြိုးစားကြပါစို့...လို့ ဆန္ဒပြုရင်း.... ဒီချုပ်ကိုယ်စားလှယ်လောင်းများအားလုံးကိုလည်း အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း”လို့ သူ့အမြင်ကို ရေးသားထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024