DVB Logo
Home
မြန်မာသတင်း
လက်ပံတန်းမြို့နယ်၌ အ​ခြေခံပညာအထက်တန်းကျောင်း ၃ ကျောင်းသာ ဖွင့်လှစ်နိုင်
DVB
·
July 22, 2020
လက်ပံတန်းမြို့နယ်၌ အ​ခြေခံပညာအထက်တန်းကျောင်း ၃ ကျောင်းသာ ဖွင့်လှစ်နိုင်
Donate to DVB

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ  ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး ဆောင်ရွက်မှုအခြေအနေ A အဆင့်ရတဲ့ အစိုးရအထက်တန်းကျောင်း ၃ ကျောင်းကို ဒီကနေ့ ဇူလိုင် ၂၂ရက်နေ့ က စတင်ဖွင့်လှစ်မယ်လိုါ လက်ပံတန်းမြို့နယ် ပညာရေးမှူးထံက သိရပါတယ်။

​ဖွင့်ခွင့်ရတဲ့ ကျောင်း ၃ ကျောင်းကတော့ အထကကျေးနီ၊ အထက မကျီးကွင်းနဲ့ အထကဖိုးခေါင်စု ဖြစ်ပါတယ်။

လက်ပံတန်းမြို့နယ်ပညာရေးမှူး ဒေါ်ခင်မျိုးမော်က"ကျမတို့ (A) ရတဲ့ ၃ကျောင်းကို ဒီနေ့ ဖွင့်ဖို့ကို၊ ကျန်းမာရေးဌာနရဲ့ ဟောပြောပွဲရှိတာကြောင့် ဒီနေ့ မဖွင့်ဖြစ်လိုက်တာပါ။ မနက်ဖြန် ၂၂ရက်နေ့ကို (A) အဆင့်ရထားတဲ့ ကျောင်း ၃ ကျောင်း စပြီးဖွင့်ပါမယ်၊ B နဲ့ C ရထားတဲ့ ကျောင်းတွေကိုလည်း အားလုံး ပြင်ဆင်ပြီးပြီ ဖြစ်လို့ A အဆင့်အနေနဲ့ အားလုံး အဆင်သင့်ဖြစ်နေပါပြီ၊ တိုင်းက ညွှန်ကြားချက်ကတာနဲ့ အားလုံးဖွင့်မှာပါ" လို့ ပြောပါတယ်။

လက်ပံတန်းမြို့နယ်မှာ အထက်တန်းကျောင်း ၁၂ ကျောင်းနဲ့ အထက်တန်း(ကျောင်းခွဲ) ၈ ကျောင်းရှိပြီး၊ ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးအဆင့် သတ်မှတ်ချက်မှာ (A) အဆင့် (၃)ကျောင်း၊ (B) အဆင့် (၅) ကျောင်းနဲ့ (C) အဆင့် (12)ကျောင်း ရရှိခဲ့ပြီး ဖွင့်လှစ်ခွင့်ရတဲ့ ကျောင်းတွေကို တစ်ပတ်တက် တစ်ပတ်နား အစီအစဉ်နဲ့  ၉တန်း၊ ၁၀တန်း ကို တစ်လှည့်စီ တက်ဖို့  စီစဉ်ထားတာ ဖြစ်ပါတယ်။

လက်ပံတန်းမြို့နယ် တစ်မြို့နယ်လုံးအနေနဲ့ ၁၀ တန်းကျောင်းသား ၂၂၈၈ ယောက်နဲ့ ၉ တန်းကျောင်းသား ၁၉၁၇ ယောက် ကျောင်းတက်ဖို့ အပ်နှံပြီး ကြောင်း သိရပါတယ်။

သတင်း/ဓာတ်ပုံ ဝဏ္ဏထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013