DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်တွင် အထက်တန်းကျောင်း ၁၈ ကျောင်းသာ ဖွင့်လှစ်
DVB
·
July 21, 2020
ကယားပြည်နယ်တွင် အထက်တန်းကျောင်း ၁၈ ကျောင်းသာ ဖွင့်လှစ်
1 / 5
Donate to DVB

ကယားပြည်နယ်တခုလုံးမှာ ပြန်လည်ဖွင့်လှစ်ရမယ့် အခြေခံပညာအထက်တန်းကျောင်းနဲ့ အထက်တန်းကျောင်းခွဲပေါင်း ၅၆ ကျောင်းရှိတဲ့အနက် ၁၈ ကျောင်းသာ ဖွင့်လှစ်နိုင်သေးတယ်လို့ ကယားပြည်နယ် ပညာရေးမှူး ဦးလူစီယားနိုက ဒီဗွီဘီကို ပြောပါတယ်။

အခြေခံပညာအထက်တန်းကျောင်းတွေကို ဇူလိုင် ၂၁ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ရ မှာဖြစ်ပေမယ့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လမ်းညွန်ချက်အတိုင်း သတ်မှတ်ထားတဲ့ အဆင့်တွေရ (A) အဆင့် ဝင်တဲ့ကျောင်းတွေကိုသာ ဖွင့်ခွင့်ပြုတာဖြစ်ကြောင်း ပညာရေးမှူး ဦးလူစီယားနိုက ပြောပါတယ်။

“ကျနော်တို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်အတိုင်း သတ်မှတ်ထားတဲ့ စံအတိုင်း ကနဦးစစ်ဆေးတဲ့အခါမှာ A အဆင့်ဝင်တဲ့ကျောင်းတွေကို အရင်ဆုံး ဖွင့်ခွင့်ပြု လိုက်တာပေါ့။  ကယားပြည်နယ်အနေနဲ့က A အဆင့်ဝင်တဲ့ အခြေခံပညာကျောင်း ၁၈ ကျောင်းရယ်၊ ကိုယ်ပိုင်ကျောင်း ၄ ကျောင်းပေါ့။”

ဒီကနေ့ပြန်လည်ဖွင့်ခွင့်ရတဲ့ အခြေခံပညာကျောင်းတွေကတော့ လွိုင်ကော်မြို့နယ်မှာ ၄ ကျောင်း၊ ဒီးမော့ဆိုမြို့နယ်မှာ ၁၃ ကျောင်း၊ ဘောလခဲမြို့နယ် ရွာသစ်မှာ ၁ ကျောင်းရှိပြီး  Zရှားတော၊  ဖားဆောင်း နဲ့ မယ်စဲ့မြို့နယ်တွေမှာတော့  ဖွင့်ခွင့်မရသေးပါဘူး။ 

“မရှိသေးပါဘူးဆိုတာက ကျနော်တို့က ကနဦးစစ်ဆေးချက်ဆိုတာရှိတယ်။ ကနဦး check list နဲ့သွားစစ်တဲ့အခါမှာ ပထမဆုံးစစစ်ကတည်းက A အဆင့်ဝင်တဲ့ကျောင်းကို ကနဦး ဖွင့်ခွင့်ပေး ထားပါတယ်။ အဲတော့ လိုအပ်ချက်လေးတွေ အနည်းအကျဉ်းရှိတဲ့ကျောင်းကို B အဆင့် သတ်မှတ်တယ်။ B လို့သတ်မှတ်တဲ့ကျောင်းတွေကို လိုအပ်ချက်လေးတွေ ဖြည့်ဆည်းပေးပြီးတော့ A အဆင့်ဖြစ်အောင် ကျနော်တို့ ပြန်လုပ်ပေးရတာဖြစ်ပါတယ်။” လို့ ဦးလူစီယားနိုက ပြောပါတယ်။ 

ကျန်ရှိနေတဲ့ကျောင်းတွေကိုလည်း အချိန်တိုအတွင်း အားလုံးနီးပါ ဆက်လက်ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့လည်း ပြည်နယ်ပညာရေးမှူးက ပြောပါတယ်။ 

ဖွင့်လှစ်နိုင်တဲ့ ကျောင်းတွေတွေမှာလည်း ဆရာ၊ ဆရာမတွေ၊  ကျောင်းသူ/ကျောင်းသားတွေ ကျောင်းတွင်း၀င်ရောက်လာပါက ကျန်းမာရေး၀န်ကြီးဌာနမှ သတ်မှတ် ညွှန်ကြားချက်နဲ့အညီ ကိုယ်အပူချိန် တိုင်းတာ၊ လက်ဆေးတာ၊ (၆)ပေအကွာ ကျောင်းတက်နိုင်ရေးနဲ့  စာသင်ခန်းအတွင်း စနစ်တကျ သင်ကြားပို့ချနိုင်ရေး ဆောင်ရွက်ထားရှိထားပါတယ်။ 

ကျောင်းပြန်လည်ဖွင့်ခွင့်မရသေးတဲ့ လွိုင်ကော်မြို့နယ်က အ.ထ.က (၁) ကျောင်းအုပ်ဆရာ  ဦးအောင်ဇော်ဦးကတော့ “ဒီမနက်ကျမှ ကျနော့်နား ဖုန်းဆက်တယ်။ သူတို့ဌာနကနေ ထပ်ညွှန်ကြားတဲ့အခါကျမှ ဖွင့်မှာပေါ့နော်။ ဆိုတော့ အဲဒီညွှန်ကြားချက်ပဲ စောင့်နေတယ်။” လို့ပြောပါတယ်။ 

၂၀၂၀-၂၀၂၁ ပညာသင်နှစ် ကယားပြည်နယ်မှာ အခြေခံပညာအထက်တန်း ကျောင်းအဆင့် ၅၆ ကျောင်း၊  ကိုယ်ပိုင် အထက်တန်းကျောင်း (၆)ကျောင်း စုစုပေါင်း ၆၂ ကျောင်းရှိပြီး Grade-10 တက်မယ့် ကျောင်းသား ကျောင်းသူ ၄၀၀၀ ကျော်နဲ့  Grade-11 တက်ရမယ့်  ကျောင်းသား/ကျောင်းသူ ၄၀၀၀ ကျော် ရှိကြောင်းသိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013