DVB Logo
Home
သတင်းတို
သမ္မတ အမိန့် ၁၅ ရက်အတွင်း ပြန်ပယ်ဖျက်
DVB
·
May 30, 2013
သမ္မတ အမိန့် ၁၅ ရက်အတွင်း ပြန်ပယ်ဖျက်
Donate to DVB

ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ သမ္မတရုံးရဲ့ “ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့” Yangon City Public Transport Authority ဖွဲ့စည်းတာကို မေလ ၂၉ ရက်စွဲနဲ့ ပြန်ပြီး ပယ်ဖျက်ကြောင်း အမိန့်ကြေညာစာ ထုတ်ပြန်ပါတယ်။

[caption id="attachment_39191" align="alignright" width="300" caption="ဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်)"][/caption]

သမ္မတရဲ့ မူလ အမိန့်ကြေညာစာထဲမှာ လူဦးရေ ၅ သန်းကျော်နေထိုင်ပြီး နေ့စဉ် သိန်းနဲ့ချီရှိတဲ့ ပြည်သူတွေ သွားလာလှုပ်ရှားနေတဲ့ ရန်ကုန်မြို့တော်အတွက် လုပ်ပိုင်ခွင့် အပြည့်အ၀ ပေးထားတဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကို ဥက္ကဋ္ဌ ဦးကြည်သိန်း၊ အတွင်းရေးမှူး ဦးလှအောင်နဲ့ အဖွဲ့ဝင် စုစုပေါင်း ၁၀ ယောက်ပါဝင် ဖွဲ့စည်းပေးထားတာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်လို့ အမျိုးသားလွှတ်တော် အမတ် ဦးဖုန်းမြင့်အောင်က သမ္မတ ဖွဲ့စည်းပေးထားတဲ့ သူတွေဟာ တကယ့်လက်တွေ့ အခြေအနေတွေနဲ့ နီးစပ်တဲ့သူတွေ မဟုတ်တဲ့ အတွက် ပြည်သူတွေ အကျိုးထိရောက်အောင် လုပ်နိုင်မှာ မဟုတ်ဘူးလို့ ယူဆပြီး ၁၅ ရက်အတွင်း ပြန်ဖျက်လိုက်တာ ဖြစ်နိုင်ကြောင်း သူ့ထင်မြင်ကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013