DVB Logo
Home
Lead Story
ဆေးသောက်ပြီး သေကြောင်းကြံစည်မှုအတွက် ရှေးဦးသူနာပြုနည်းလမ်းများ
DVB
·
July 20, 2020
ဆေးသောက်ပြီး သေကြောင်းကြံစည်မှုအတွက် ရှေးဦးသူနာပြုနည်းလမ်းများ
Donate to DVB

ဒီခေတ်မှာက စိတ်ဖိစီးမှုတွေ၊ စိတ်ကျတာတွေ အဖြစ်များလာတဲ့အတွက် သေကြောင်းကြံစည်မှုတွေ ပိုများလာပါတယ်။ မကြာသေးခင်ကာလအတွင်းမှာပဲ တောာင်ပေါ်က ခုန်ချပြီး အဆုံးစီရင်သွားတဲ့ ဆယ်ကျော်သက်လေးနှစ်ယောက်၊ ကလေးရှေ့မှာတင် လိုက်ဖ်လွှင့်ပြီး ကြိုးဆွဲချသေသွားတဲ့ အိမ်ထောင်ဦးစီး ဖခင်တစ်ယောက်၊ နောက်ပြီး ကျွန်ုပ်တို့ မသိလိုက်ဘဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့ အသက်ပေါင်းများစွာ စသဖြင့် အများကြီး ရှိနေပါပြီ။

ကိုယ့်ကိုယ်ကို သတ်သေတဲ့ နည်းလမ်းတွေကို ရွေးတဲ့အခါ သက်သောင့်သက်သာ ဖြစ်မယ့် နည်းလမ်းတွေကို ရွေးကြတာ များပါတယ်။ ဆေးသောက်ပြီး သတ်သေတာ အပါအဝင်ပေါ့။ ရန်ကုန်က ဂျပန်ဆေးရုံကြီးမှာ ဆိုရင် အဆိပ်ဌာနရှိတဲ့အတွက် ဆေးတွေသောက်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ကြတဲ့သူတွေ မကြာမကြာ ရောက်လာကြပါတယ်။ နာမည်ကြီး ဆယ်လီတွေ အပါအဝင်ပေါ့။ ကိုယ့်ပတ်ဝန်းကျင်မှာ တစ်ယောက်ယောက်က သေကြောင်းကြံစည်လိုတဲ့ ရည်ရွယ်ချက်နဲ့ ဆေးတွေ သောက်လာတာဖြစ်ဖြစ်၊ မတော်တဆ ဆေးတွေ မှားသောက်မိတာဖြစ်ဖြစ် ကြုံခဲ့ရင် သင့်အနေနဲ့ ဘယ်လိုကူညီပေးမလဲ။ သူ့အသက်ကို အရင်ဆုံး ကယ်နိုင်မယ့် သင့်အနေနဲ့ ဘာတွေ သိထားသင့်သလဲဆိုတာ ပြောပြပေးပါ့မယ်။

ဘယ်လိုဆေးတွေ သုံးတာများသလဲ။


အိမ်သုံးဆေးတွေ အနေနဲ့ ဆိုရင်

  • ပါရာစီတမော

  • အိပ်ဆေး စတာတွေကို အလွယ်သောက်သုံးတတ်ကြပါတယ်။


နယ်တွေဘက်မှာဆိုရင် ခဏခဏကြုံရတာကတော့

  • အပင်ပိုးသတ်ဆေး Organophosphates (ဒါကတော့ မတော်တဆ သောက်မိတာ၊ သတ်သေချင်လို့ သောက်တာ၊ အကာအကွယ်မဲ့ ကိုင်တွယ်ရာကနေ အဆိပ်သင့်တာ)

  • အရင်ကဆို ပိုလို ဂျပိုးသတ်ဆေးတွေ သောက်ပြီး သေကြောင်းကြံကြတာ စသဖြင့် အများကြီး ရှိပါတယ်။


တစ်ယောက်ယောက်က ဆေးလွန်နေတာ တွေ့ခဲ့ရင် သင်ဘာလုပ်မလဲ။



  • အရင်ဆုံး စိတ်တည်ငြိမ်အောင်ထားပါ။ လူနာကိုလည်း စိတ်တည်ငြိမ်အောင် ထားခိုင်းပါ။

  • ပါးစပ်ထဲမှာ ဆေးတွေ ကျန်သေးရင် ထွေးထုတ်ခိုင်းပါ။ သေကြောင်းကြံဖို့ ဆေးတွေ သောက်ထားတဲ့ လူနာဆို ဖျောင်းဖြပြောဆိုပါ။

  • လူနာ သတိလစ်နေတယ်ဆိုရင် ခေါ်ကြည့်ပါ။ သတိလည်းမရ အသက်မရှူ နှလုံးလည်း မခုန်တော့ဘူးဆိုရင် အရေးပေါ်အသက်ကယ်နည်းလမ်း CPRကို စလုပ်ပါ။

  • လူနာ သတိရတယ်ဆိုရင် သူ့ကို လက်ထိုးအန်ခိုင်းတာမျိုး မလုပ်ပါနဲ့။ အထူးသဖြင့် လောင်နိုင်တဲ့ အက်စစ်တို့ အယ်ကာလီတို့ သောက်ထားတဲ့သူဆိုရင် ပိုပြီး သတိထားပါ။

  • တစ်ချိန်တည်းမှာပဲ ဆေးရုံသွားဖို့ ပြင်ဆင်ပါ ဒါမှမဟုတ် ဆေးရုံကားခေါ်ပါ။

  • လူနာသောက်ထားတဲ့ ဆေးဘူး၊ ဆေးကတ်ခွံတွေကို တစ်ပါတည်း ယူလာပါ။

  • သေကြောင်းကြံစည်လိုစိတ်နဲ့ ဆေးတွေ သောက်တယ်ဆိုရင်တော့ စိတ်ကျန်းမာရေး အထူးကုနဲ့ ဆွေးနွေးမှု ခံယူဖို့ လိုပါတယ်။


ဆေးရုံကားစောင့်နေချိန် ဘာတွေ လုပ်ထားနိုင်သလဲ။



  • မျက်လုံးထဲကို ဆေးဝင်ခဲ့ရင်


အထူးသဖြင့် အပင်ပိုးသတ်ဆေးလိုဟာတွေက မျက်လုံးကို အခိုးရိုက်တာမျိုး ဖြစ်တတ်ပါတယ်။ လူနာက မျက်လုံးတွေ ရဲနေမယ်၊ နီနေမယ်၊ မျက်ရည်ပူတွေ ကျနေမယ်၊ ကြည့်ရတာ ဝါးနေမယ်ဆိုရင် အခိုးရိုက်တဲ့လက္ခဏာပါ။ ရေဖွားဖွားအောက်မှာ ၁၅မိနစ်၊ မိနစ် ၂၀လောက် ဆေးပေးပါ။

  • အရေပြားပေါ်မှာ ပေကျံနေရင်


အထူးသဖြင့် အက်စစ်တို့၊ အယ်ကာလီတို့၊ ပိုးသတ်ဆေးတို့ သောက်တဲ့သူတွေမှာ တွေ့ရပါတယ်။ အရေပြားမှာ စွန်းထင်းနေတာ၊ လောင်နေတာမျိုး၊ အင်္ကျီမှာ ကွက်နေတာမျိုး ဖြစ်တဲ့အခါ အရေပြားကို ထိခိုက်နိုင်တယ်ဆိုတာ သတိထားပါ။ အင်္ကျီလဲပစ်တာ ဒါမှမဟုတ် ကွက်နေတဲ့နေရာကို ရေနိုင်နိုင်နဲ့ ၁၅မိနစ်လောက် လောင်းချပြီး ဆေးပစ်ပါ။

  • အငွေ့တွေရှူမိတဲ့အခါ


အပင်ပိုးသတ်ဆေးတွေနဲ့ အလုပ်လုပ်သူတွေမှာ အများဆုံး တွေ့ရပါတယ်။ ဒီအငွေ့တွေရှူမိတာကလည်း သောက်မိသလိုပဲ အဆိပ်သင့်တာကို ဖြစ်စေပါတယ်။ ရှူမိတယ်လို့ သိသိချင်း လေဝင်လေထွက်ကောင်းတဲ့နေရာကို သွားပြီး အသက်ဝဝရှူပါ။ အငွေ့တွေရှိတဲ့နေရာကနေ ဝေးဝေးနေပါ။

ဒါတွေက သင့်အနေနဲ့ လူတစ်ယောက်ရဲ့ အသက်ကို အချိန်မီ ကယ်တင်ဖို့ လုပ်နိုင်တဲ့ နည်းလမ်းတွေပါ။ သေကြောင်းကြံစည်လိုတဲ့စိတ်နဲ့ ဖြစ်ဖြစ်၊ မတော်တဆပဲ ဖြစ်ဖြစ် ဆေးတွေ သောက်မိတဲ့အခါ သောက်မိတဲ့ ပမာဏ၊ လူနာရဲ့ကျန်းမာရေး အခြေအနေပေါ် မူတည်ပြီး နာလန်ထူနိုင်စွမ်း ကွာသွားပါတယ်။ နောက်ပြီး သေကြောင်းကြံစည်မှုဆိုရင် စိတ်ကျန်းမာရေး အထူးကုနဲ့ ဆွေးနွေးဖို့ တိုက်တွန်းပေးပါ။ တစ်ခေါက် သေကြောင်းကြံဖူးတဲ့သူက နောက်ထပ် နောက်ထပ် သေကြောင်းကြံနိုင်ချေ ရှိပါတယ်။ ဒီနည်းနဲ့မရလည်း နောက်နည်းနဲ့ ဖြစ်ဖြစ်ပေါ့။ အခေါက်တိုင်းမှာ သင်သူ့ကို ကယ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သူ့မှာ ဖြစ်နေတဲ့ သတ်သေလိုစိတ်ရဲ့ အကြောင်းကို ရှာပြီး ကုသပေးတာက အမှန်ဆုံးပါပဲ။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ  | ရေးသားသူ 

 


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013