စစ်တွေမြို့အနီးတွင် မြေငလျင်လှုပ်
DVB
·
July 19, 2020

ရခိုင်ပြည်နယ် စစ်တွေမြို့နားမှာ ဒီနေ့ မနက် ၁၁ နာရီခွဲလောက်က အင်အားအနည်းငယ်ရှိ ငလျင်တခုလှုပ်သွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
မြန်မာစံတော်ချိန် ၁၁ နာရီ၊ ၂၆ မိနစ်က စစ်တွေမြေငလျင်စခန်းရဲ့ အရှေ့မြောက်ဘက် ၆၈ မိုင် လောက်ဝေးပြီး စေတုတ္တရာမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ၂၇ လောက်အကွာမှာ ရစ်(ခ်)တာစကေး ၃ ဒသမ ၉ အဆင့်ရှိတဲ့ အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခဲ့တာပါ။











