DVB Logo
Home
မြန်မာသတင်း
သမိုင်း၊ မေးခွန်းမေးပါ အမည်ရှိ ပန်းချီပြပွဲ ကျင်းပ
DVB
·
July 19, 2020
သမိုင်း၊ မေးခွန်းမေးပါ အမည်ရှိ ပန်းချီပြပွဲ ကျင်းပ
1 / 7
Donate to DVB

မြန်မာ့ပထမဆုံး သမ္မတစပ်ရွှေသိုက်ရဲ့မြေး ပန်းချီ ဆဝမ်ညောင်ရွှေ Sawang Yawnghwe ရဲ့ ပန်းချီကားတွေ ပါဝင်ပြသထားတဲ့ (သမိုင်း၊ မေးခွန်းမေးပါ) အမည်ရှိပြပွဲကို ရန်ကုန် ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းက Myanm Art gallery မှာ ပြုလုပ်နေပါတယ်။ 

မြန်မာ့သမိုင်းမှာ ထင်ရှားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ မိုင်းပွန်စော်ဘွားကြီး၊ စောဘဦးကြီး၊ ဦးရာဇတ်၊ ဦးနု၊ ဦးဗဆွေ၊ သခင်ကိုယ်တော်မှိုင်းစတဲ့ သမိုင်းဝင်ပုဂ္ဂိုလ် ၂၀ ဦးရဲ့ပန်းချီပုံတွေကို ပြထားတာပါ။

ပန်းချီ အောင်ဇော်မျိုး (Rainfall Feminist Organization) ရေးဆွဲထားတဲ့ လက်ရာတွေလည်း ပါတဲ့ ဒီပြပွဲကို ဇူလိုင် ၁၇ ရက်ကနေ  ၂၀ ရက် အထိ ၄ ရက်ကြာ ပြသသွားမှာပါ။ 

ပန်းချီကား ၄၁ ကား ပြသထားပြီး ပန်းချီကား တကားချင်းလိုက် ရောင်းချမှာ မဟုတ်ဘဲ ကား ၂၀ အတွဲလိုက်ကို ယူရို ၄၅၀၀ နှုန်း ရောင်းဈေး သတ်မှတ်ထားပါတယ်။

ဓာတ်ပုံ - မောင်တူး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013