DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယသူဌေးကြီး အဒါနီအပေါ် ရာဇဝတ်မှုဆိုင်ရာ လိမ်လည်မှုစွဲချက် ရုပ်သိမ်းမည်ဟု သတင်းထွက်
DVB
·
May 19, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အမေရိကန် တရားရေးဌာနက အိန္ဒိယ ဘီလီယံနာနဲ့ နိုင်ငံတကာကော်ပိုရေးရှင်းကြီး အဒါနီအုပ်စုရဲ့ ဥက္ကဋ္ဌ ဂေါ်တမ် အဒါနီအပေါ် ရာဇ၀တ်မှုဆိုင်ရာ လိမ်လည်မှု စွဲချက်တွေကို ရုပ်သိမ်းတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်နေချိန်မှာ အဒါနီရဲ့ အဖွဲ့က စိန်ခေါ်မှုတွေအတွက် အသင့်ပြင်ထားတယ်လို့ အဒါနီက မေ ၁၇ ရက်မှာ ပြောပါတယ်။

ဒီကိစ္စနဲ့ ရင်းနှီးတဲ့ သတင်းရင်းမြစ် ၂ ခုကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြခဲ့တာပါ။ အဒါနီဟာ အိန္ဒိယအစိုးရ အရာရှိတွေကို လာဘ်ထိုးဖို့ ကြံစည်မှုနဲ့ Securities and Exchange Commission (SEC) က တင်သွင်းတဲ့ အရပ်ဘက် ဆက်စပ်လိမ်လည်မှုဆိုင်ရာ တရားစွဲဆိုမှုကိုလည်း တရားရုံးရဲ့ ခွင့်ပြုချက်အပေါ် မူတည်ပြီး မေ ၁၄ ရက်မှာ ဖြေရှင်းခဲ့ပါတယ်။

၂၀၂၄ ရွေးကောက်ပွဲမှာ သမ္မတ ဒေါ်နယ်ထရမ့်ပ် အနိုင်ရပြီးတဲ့နောက် အမေရိကန်စီးပွားရေးမှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး အမေရိကန်မှာ အလုပ်အကိုင် ၁၅,၀၀၀ ဖန်တီးပေးမယ်လို့ အဒါနီက လူသိရှင်ကြား ကတိပြုခဲ့ဖူးပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ကိုယ်ရေးကိုယ်တာ ရှေ့နေလည်းဖြစ်တဲ့ အဒါနီရဲ့ရှေ့နေ ရောဘတ် ဂျူဖရာက ပြီးခဲ့တဲ့လက တရားရေးဌာန အရာရှိတွေကို တင်ပြချက်တရပ်အတွင်း ဒီအမှု ဆက်ရှိနေရင် အဒါနီက ကတိပေးထားတဲ့ ရင်းနှီးမြှုပ်နှံမှုကို မလုပ်နိုင်ဘူးလို့ ပြောပြီးတဲ့နောက် ရာဇ၀တ်မှုစွဲချက်တွေကို ပယ်ဖျက်နိုင်ခဲ့တာလို့ သတင်းရင်းမြစ်တခုကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013