DVB Logo
Home
မြန်မာသတင်း
အာဇာနည်နေ့ ယာဉ်ကြောရှင်းလင်းရေး ယာဉ်ထိန်းရဲ ၄၀၀ ကျော်ဖြင့် ဆောင်ရွက်မည်
DVB
·
July 18, 2020
အာဇာနည်နေ့ ယာဉ်ကြောရှင်းလင်းရေး ယာဉ်ထိန်းရဲ ၄၀၀ ကျော်ဖြင့် ဆောင်ရွက်မည်
Donate to DVB

၇၃ နှစ်မြောက်နေ့ အာဇာနည်နေ့အခမ်းအနားကို ယာဉ်ကြောရှင်းလင်းရေးအတွက် ယာဉ်ထိန်းရဲအင်အား ၄၀၀ ကျော်နဲ့ ချမှတ်ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူက ပြောပါတယ်။

၇၃ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို နိုင်ငံတော်အကြီးအကဲ တော်တော်များများက တက်ရောက်ဂါဝရပြုမှာ ဖြစ်သလို အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကလည်း ရန်ကုန်မှာ ကျင်းပမယ့် အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်မယ်လို့ ပြောဆိုထားပါတယ်။ 

အဲ့ဒီနေ့မှာ ယာဉ်ကြောရှင်းလင်းရေး လမ်းပိတ် လမ်းလွှဲအစီအစဉ်နဲ့ လုံခြုံရေးအင်အားအခြေအနေကို အတွင်းစည်း၊ အပြင်စည်း၊ အဝေးစည်းဆိုပြီး အရာရှိယာဉ်ထိန်းရဲတွေ အပါအဝင် ယာဉ်ထိန်းရဲအင်အား ၄၀၀ ကျော်နဲ့ ချထားဆောင်ရွက်သွားမယ်လို့ ရန်ကုန်အရှေ့ပိုင်းခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးထွန်းထွန်အောင်က ပြောပါတယ်။

ဒါ့အပြင် လမ်းပိတ် လမ်းလွှဲအခြေအနေတွေကိုလည်း အကြီးအကဲတွေ ဂါရဝပြု တတ်ရောက်မယ့် မနက်ပိုင်း အချိန်ကတည်းကစတင်ပြီး နေရာလုံခြုံရေး လမ်းကြောင်းလုံခြုံရေး ယာဉ်တန်းလုံခြုံရေးဆိုပြီး ၃ နေရာခွဲ ချထား ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

၇၃ နှစ်ပြည့် အာဇာနည်နေ့အခမ်းအနားကို ယာဉ်ထိန်းရဲအင်အား မနှစ်ကထက် ၂၀၀ ကျော်တိုးချဲ့ဆောင်ရွက်ထားပါတယ်။ 

အဲ့ဒီနေ့မှာ လမ်းပိတ်၊ လမ်းလွှဲ ပြုလုပ်မယ့်နေရာတွေက ဦးဝိစာရနဲ့ကမ္ဘာအေးလမ်း၊ ဓမ္မစေတီနဲ့ အင်းလျားလမ်းထောင့်၊ ဦးဝိစာရလမ်းနဲ့ အနောက်ရွှေဂုံတိုင်လမ်း၊ ရွှေတိဂုံစေတီ တော်အရှေ့ဘက်မုခ်၊ အနောက်ဘက်မုခ၊ မြောက်ဘက်ခ်၊ တောင်ဘက်မုခ်နဲ့ သွေးဆေးကန်ပတ်လမ်း စတဲ့နေရာတွေကို အချိန်ပိုင်း ပိတ်ထားမှာဖြစ်ပါတယ်။ 

အာဇာနည်နေ့မှာ ဝမ်းနည်းတဲ့ အထိမ်းအမှတ်အနေနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေ ကျဆုံးတဲ့ ၁၀ နာရီ ၃၇ မိနစ်မှာ  မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ဥသြဆွဲ အချက်ပေးမှာ ဖြစ်သလို အဲဒီအချိန်မှာ သွားနေတဲ့ မော်တော်ယာဉ်တွေ ခေတ္တရပ်ပြီး ကားဟွန်းတီးဖို့ သမ္မတရုံးက ညွှန်ကြားထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013