DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ သတ်မှတ်ချက်နှင့် ကိုက်ညီသည့် စာသင်ကျောင်းများကိုသာ ဖွင့်ခွင့်ပေးမည်
DVB
·
July 18, 2020
ကိုဗစ်-၁၉ သတ်မှတ်ချက်နှင့် ကိုက်ညီသည့် စာသင်ကျောင်းများကိုသာ ဖွင့်ခွင့်ပေးမည်
Donate to DVB

ဇူလိုင် ၂၁ ရက်နေ့ စတင်ဖွင့်လှစ်မယ့် အခြေခံပညာအထက်တန်းကျောင်းတွေကို ကိုဗစ်-၁၉ သတ်မှတ်ချက်တွေနဲ့ ညီ၊ မညီ လိုက်လံစစ်ဆေးနေပြီး ကိုက်ညီတဲ့ စာသင်ကျောင်းတွေကိုသာ ဖွင့်လှစ်ခွင့်ပေးမယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ 

အခြေခံပညာအထက်တန်းအဆင့် Grade 10 နဲ့ Grade 11 အတန်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ အခုလအတွင်းမှာ ကျောင်းအပ်စတင်လက်ခံနေပြီး ဇူလိုင် ၂၁ ရက် စတင်ဖွင့်လှစ်တော့မှာပါ။ 

အခုပညာသင်နှစ်အတွက် အထက်တန်းအဆင့် တက်ရောက်ရမယ့် ကျောင်းသား ကျောင်းသူ  ၁ ဒသမ ၆ သန်းရှိရာမှာ ၁ ဒသမ ၀၆ သန်းလောက် လာရောက်အပ်နှံပြီးဖြစ်တယ်လို့ ဆိုပါတယ်။ 

နိုင်ငံအတွင်းမှာရှိတဲ့ အထက်တန်းကျောင်းပေါင်း ၆၁၇၁ ကျောင်းကိုလည်း ကိုဗစ်-၁၉ သတ်မှတ်ချက်တွေနဲ့ ညီ၊ မညီကို ဇူလိုင် ၁၇ ရက်က စတင်စစ်ဆေးနေပြီလို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

အခြေခံပညာဦးစီးဌာနကတော့ ကွင်းဆင်းကြီးကြပ်တဲ့ ဆန်းစစ်ချက်အရ (အေ) အဆင့်ရရင် ဖွင့်ခွင့်ပြုမှာဖြစ်ပြီး (ဘီ) နဲ့ (စီ) အဆင့်ရပါက လိုအပ်ချက်ကို ဖြည့်ဆည်းစေကာ ထပ်မံဆန်းစစ်မယ်လို့ ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။ 

ကျောင်းတွေကို လိုက်လံစစ်ဆေးဖို့အတွက် မြို့နယ် တမြို့နယ်ကို အဖွဲ့ ၃ ဖွဲ့ ဖွဲ့စည်းသွားမှာ ဖြစ်ပြီး အဲဒီအဖွဲ့မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ မိဘဆရာအသင်း၊ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့ အစရှိတဲ့ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေနဲ့ ဖွဲ့စည်း လုပ်ဆောင်နေတာပါ။ 

ဇူလိုင် ၂၁ ရက်မှာ စတင်ဖွင့်လှစ်တော့မယ့် အခြေခံပညာအထက်တန်းအဆင့် ကျောင်းစုစုပေါင်း ၆၁၇၁ ကျောင်းရှိရာမှာ ကိုယ်ပိုင်အထက်တန်းကျောင်းက ၁၀၀၀၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၄ ကျောင်း ပါဝင်နေပါတယ်။ 

ကိုယ်ပိုင်အထက်တန်းကျောင်းတွေ ပါဝင်နေရာမှာ စာသင်ကျောင်းနဲ့ ဘော်ဒါဆောင် တွဲလျက်ပါဝင်နေတဲ့ ကျောင်းတွေကို ဖွင့်ခွင့်ပေးမှာ မဟုတ်ဘဲ စာသင်ကျောင်းသီးသန့်ကိုသာ ဖွင့်ခွင့်ပေးသွားမယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။ 

ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013