DVB Logo
Home
မြန်မာသတင်း
ကျုံဒိုးမြို့ရှိ စွန့်လွှတ်လယ်မြေပေါ် နေအိမ်ဆောက်လုပ်ခွင့်ပြုသဖြင့် မူလပိုင်ရှင်များ တိုင်ကြား 
DVB
·
July 18, 2020
ကျုံဒိုးမြို့ရှိ စွန့်လွှတ်လယ်မြေပေါ် နေအိမ်ဆောက်လုပ်ခွင့်ပြုသဖြင့် မူလပိုင်ရှင်များ တိုင်ကြား 
Donate to DVB

တပ်မတော်က ပြန်လည်စွန့်လွှတ်ပြီး မူလပိုင်ရှင်ရှိလယ်မြေပေါ်  ပိုင်ဆိုင်မှုအထောက်အထားမရှိဘဲ မြို့နယ်စည်ပင်က နေအိမ်ဆောက်လုပ်ခွင့် ခွင့်ပြုမိန့်ချထားပေးမှုအပေါ်  သက်ဆိုင်ရာတာဝန်ရှိသူတွေထံ တင်ပြတိုင်ကြားထားတယ်လို့ မူလလယ်ပိုင်ရှင်တွေက ဇူလိုင် ၁၇ ရက်နေ့မှာ ပြောပါတယ်။

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့၊ အမှတ် ၂ တိုးချဲ့ရပ်ကွက်၊ ဘားအံ- မြဝတီ ကားလမ်းမကြီးဘေးက လယ်မြေတွေကို ၁၉၉၅ ခုနှစ်က တပ်တည်ဆောက်ရေးအတွက် သိမ်းယူခဲ့ပြီး တပ်မတော်က ပြန်လည်စွန့်လွှတ်ပြီး လယ်မြေကို ရပ်ကွက်အုပ်ချုပ်ရေးမှုးဟောင်း ဦးမြင့်အောင်က လုပ်ပိုင်ခွင့်ကို မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခြင်းမရှိဘဲ မြေကွက်ရိုက် ရောင်းချထားတဲ့လယ်မြေပေါ် နေအိမ်ဆောက်လုပ်ခွင့် ခွင့်ပြုမိန့်ချထားပေးခဲ့တာပါ။

အိမ်ကွက်ရိုက် ရောင်းချထားမှုကို တင်ပြတိုင်ကြားထားသလို ပိုင်ဆိုင်မှုအထောက်အထား မပြည့်စုံဘဲ လျှောက်ထားမှုကို စည်ပင်သာယာက ခွင့်ပြုပေးခဲ့မှုအပေါ်  စိစစ်အရေးယူပေးဖို့နဲ့ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးစေလိုတယ်လို့ မူလလယ်ပိုင်ရှင်တွေက ပြောပါတယ်။

ကျုံဒိုးမြို့၊ မူလလယ်ပိုင်ရှင်သမီး နော်မူမူက “ကျမတို့အဖေ ပိုင်ထားတဲ့လယ်တွေလေ။ အိမ်ဆောက်ထားတာ။ အကုန်လုံး ပြန်ဖျက်ပြီးတော့ ကျမတို့ကို ပြန်ပေးပေါ့။ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးဖို့ ကျမတို့လယ်ပြန်ပေးဖို့ ကျမပြောချင်တယ်”လို့ ဆိုပါတယ်။

ကျုံဒိုးမြို့၊ အမှတ်(၂) တိုးချဲ့ရပ်ကွက်နေ ဒေါ်ဘဲက “လယ်သမားက ဒီအရပ်ကလူတွေကို ကြည့်တယ်။ အခု ဘာမဟုတ်တဲ့လူတွေက ရောင်းစား၊ ဘာမဟုတ်တဲ့ သူဌေးတွေက ဒီမှာ နယ်ချဲ့နေကြတာ။ လမ်းပေ ၅၀ ဘယ်မှာ ရှိတော့လို့လဲ။ ဒီကဥက္ကဋ္ဌကလည်း မတရားဘူး။  ပိုက်ဆံပေးရင် ပေးတဲ့ လူဘက်ကပဲ လိုက်တယ်” လို့ ပြောပါတယ်။

ပြည်နယ်အစိုးရရဲ့ စီမံခန့်ခွဲပိုင်ခွင့်ကို ကျော်လွန်ပြီး ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ အတွင်းရေးမှူးအမည်နဲ့ နေအိမ် ၆ လအတွင်း ဆောက်လုပ်ခွင့်ပြုတဲ့ ညွှန်ကြားစာအပေါ် ကန့်ကွက်စာ တင်ပြထားပေမယ့် ဒီကနေ့ထိ ကွင်းဆင်းစစ်ဆေးတာမရှိဘူးလို့ မူလလယ်ပိုင်ရှင်တွေက ဆိုပါတယ်။

ကော့ကရိတ်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးရဲလင်းဦးက “ပြည့်စုံမှုမရှိဘူး။ တကယ်လို့  မြေပြင် ကွင်းမဆင်းရသေးဘူးဆိုရင်  အဆောက်အဦတွေကို လုံးဝဆောက်ခွင့်မပေးပါဘူး။ ဒီမြေမှာ အရှုပ်အရှင်းမရှိအောင်  လယ်ယာမြေမှာဆိုရင် အဆောက်အဦ ဆောက်လုပ်ခွင့်မရဘူး” လို့ ပြောပါတယ်။

ကော့ကရိတ်မြို့နယ်၊ သရက်တောကျေးရွာ၊ မူလလယ်ပိုင်ရှင် ဦးစံလှိုင်က “လယ်မလုပ်ရဘူးဆိုတော့ အခက်အခဲဖြစ်တာပေါ့။ သားသမီးတွေ ကျောင်းမနေရဘူးပေါ့။ စားဝတ်နေရေးလည်း မပြေလည်ဘူး။ သားသမီးတွေ အပေါ်(ထိုင်းနိုင်ငံ)မှာ သွားလုပ်စားရတယ်”လို့ ပြောပါတယ်။

ကော့ကရိတ်မြို့နယ်၊ ဒေါဖျာကျေးရွာအုပ်စု၊ ကွင်းအမှတ် ၇၈-ခ ၊ ဦးပိုင်အမှတ် ၁၉ ၊ လယ်မြေ ၁ ဒသမ ၈၄ ဧက နဲ့ ဦးပိုင်အမှတ် ၂၂၊ လယ်မြေ ၁ဒသမ ၂၈ ဧကအား လူ ၂၂ ဦးကို ဗဟိုလယ်ယာမြေ စီမံခန့်ခွဲ့ရေးအဖွဲ့ရဲ့ ၂၉ . ၂. ၂၀၂၀ ရက်စွဲပါ စာအမှတ်/ ၁၅/ လယ/ ၃၀(၂၉၀-ဃ/၂၀၂၀ ညွန်ကြားစာနဲ့  လယ်မြေပုံစံ ၁၅ ထုတ်ပေးထားပါတယ်။

ဒါအပြင် ခရိုင်အုပ်ချုပ်ရေးမှုးရုံးကတဆင့် မြို့နယ်အုပ်ချုပ်ရေးမှုးရုံးကို ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးရဲ့ ၂၂.၅.၂၀၁၉ ရက်စွဲပါ စာအမှတ် ၂၀၀/၇-၂ ဦး၆(၄၁၀၄) ပါစာနဲ့ လယ်မြေ ၁ ဧက ငွေကျပ် သိန်း၂၀၀ ကျပ်ပေးသွင်းဖို့ ညွန့်ကြားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013