DVB Logo
Home
မြန်မာသတင်း
မောင်တောဆေးရုံက  ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်သူ ၅ ဦး ဆေးရုံမှဆင်းခွင့်ရ  
DVB
·
July 17, 2020
မောင်တောဆေးရုံက  ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်သူ ၅ ဦး ဆေးရုံမှဆင်းခွင့်ရ  
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပြီး မောင်တောပြည်သူဆေးရုံမှာ ဆေးကုသခံမှုခံယူခဲ့သူ ၅ ဦး  ရောဂါကင်းစင်လို့ ဆေးရုံမှ ဆင်းခွင့်ရရှိထား​ပြီလို့ မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက ပြောပါတယ်။

ရောဂါပိုးမတွေ့ရတဲ့အတွက်  မောင်တောဆေးရုံမှ ပထမအကြိမ်ဆင်းခွင့်ရရှိခဲ့တဲ့ လူနာအမှတ် ၂၃၄၊ ၂၄၄၊ ၂၄၇ တို့ ၃ ဦးဖြစ်ပြီး ယခု  ဒုတိယအကြိမ်မှာ လူနာအမှတ်၂၉၁၊၂၄၈ တို့ ဆေးရုံမှ ဆင်းခွင့်ရရှိတာဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒေါက်တာနုကေသီစံက "လူနာအမှတ်၂၉၁ နဲ့ လူနာအမှတ် ၂၄၈ တို့ နှစ်ဦးကို စစ်ဆေးရာမှ နှစ်ကြိမ်ဆက်တိုက် Negative ဖြစ်တဲ့အတွက် ဇူလိုင်လ ၁၄ ရက်နေ့မှာ ဆေးရုံက ဆင်းခွင့်ပြုခဲ့တယ်။ ပထမအကြိမ် က သုံးဦးဆင်းခွင့်ရခဲ့တယ်။ အခု ဒုတိယအကြိမ် နှစ်ဦး အားလုံး ငါးဦး ဆေးရုံကဆင်းခွင့်ရရှိခဲ့ပါပြီ။ ဆေးကုသပြီး  လေး ဦးကျန်နေပါသေးတယ်။ ကျန်းမာရေးကကောင်းမွန်ပါတယ်။ သူတို့အားလုံးကိုတော့ လှဖိုးခေါင်မှာ ၇ ရက် Facility Quarantine အဖြစ်ထားရှိထားပါသေးတယ်။”လို့ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ သံတွဲ ၁ ဦး၊တောင်ကုတ် ၁ ဦး၊ စစ်တွေ ၁ ဦး၊ ဘူးသီးတောင် ၄ ဦး၊ မောင်တော ၇ ဦး စုစုပေါင်း ၁၄ ဦးရှိခဲ့တာဖြစ်ပါတယ်။

 ဆေးရုံဆင်းခွင့်ရတဲ့ လူနာတွေမှာ သံတွဲဆေးရုံမှ လူနာအမှတ် ၁၈၈၊ တောင်ကုတ်ဆေးရုံမှ လူနာအမှတ် ၁၉ဝ၊ မောင်တောဆေးရုံမှ လူနာအမှတ်၂၃၄၊ ၂၄၄၊ ၂၄၇၊၂၉၁၊၂၄၈နှင့် ဘူးသီးဆေးရုံမှ လူနာအမှတ် ၂၅ဝ၊ ၂၆၂ နှင့် စစ်တွေဆေးရုံမှ လူနာအမှတ် ၂၉၂ စုစုပေါင်း ၁၀ ဦးဆေးရုံမှ ဆင်းခွင်ရရှိထားပြီး မောင်တောခရိုင်ပြည်သူဆေးရုံတွင် ၄ ဦးကျန်ရှိနေပါသေးကြောင်းသိရပါတယ်။

ကျန်ရှိတဲ့ ၄ ဦးထဲက မောင်တောဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ ၂ ဦးကတော့  စစ်ဆေးချက်တွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမဲ့ ရောဂါ မပျောက်သေးဘဲ postive တွေ့ရှိနေကြောင်း ဒေါက်တာနုကေသီစံက​ ပြောပါတယ်။

သတင်း - လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013