DVB Logo
Home
မြန်မာသတင်း
စန္ဒီမြင့်လွင်နှင့် အောင်လတို့ စုံတွဲသီဆိုထားသည့် “ချိန်ခွင်”သီချင်းသစ် ထွက်ရှိ
DVB
·
July 17, 2020
စန္ဒီမြင့်လွင်နှင့် အောင်လတို့ စုံတွဲသီဆိုထားသည့် “ချိန်ခွင်”သီချင်းသစ် ထွက်ရှိ
Donate to DVB

“ဟေး မလိုချင်ရင် ပစ်ထားခဲ့ရတယ်… ဘာအတွက် ဟန်ဆောင် နေဦးမလဲ… ငါ ဆိုတာ မင်းအတွက်… ခဏတဖြုတ် ပျော်တော်ဆက်… အဆိပ်ပင်တွေ ကိုယ်တိုင် စိုက် ပျိုးပြီး… အခုအချိန်လေး တကြိမ်သေဖို့ထက်မက… နင်စိုက်သွင်းတဲ့ဓါး မသေမရှင်… ကျန်ခဲ့ရတော့မယ့် ဒီလူသား”

ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာခဲ့တဲ့ “ချိန်ခွင်”အမည်ရတဲ့ သီချင်းတ ပုဒ်ထဲက တေးသွားစာသားတွေဖြစ်ပြီး အွန်လိုင်းပရိသတ်တွေကြား ရေပန်းစားနေခဲ့ပါ တယ်။

ဒီသီချင်းကိုတော့ အောင်လနဲ့ ရက်ပ်စတား စန္ဒီမြင့်လွင်တို့က ထူးထူးခြားခြားစုံတွဲ သီဆိုထားခဲ့ကြတာဖြစ်ပြီး တေးရေး မိုးထက်(B+)နဲ့ အောင်လတို့က ရေးဖွဲ့ပေးထားတာ ဖြစ်ပါတယ်။

“မရင့်ကျက်ခဲ့တဲ့အတွေ့အကြုံများနဲ့… ရရှိလိုက်တဲ့အရာတခုကို… အသည်းခွဲခြင်း ဟု ခေါ်ဝေါ်မှတ်သား… မျက်နှာဖုံးအောက်ကအမှန်တရား… အထာတွေ ချန်မထား နှမ်းတွေ ဖြူးထားသော… အပေါ်ယံများ… စုတ်ပြတ်သက်တဲ့စိတ်ဓာတ်များလိုတာမရ… ရတာမလိုဖြစ်လို့… မင်းမှာလည်းနော်အတော်ခက်သား… လျှော့တွက်ထားခဲ့တော့ ပြတ်သား… စိုင်းစိုင်းသီချင်းထဲကလို… ငါက ပျော်တော်ဆက်လား”

စန္ဒီမြင့်လွင်ဟာ ထူးခြားတဲ့ ရက်ပ်တေးသွားတွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ အဆိုတော်တယောက်အဖြစ် တကိုယ်တော် တေးအဘ်လ်ဘမ်တွေမှာရော၊ အတွဲတေး အယ်လ်ဘမ်တွေမှာပါ အောင်မြင်တဲ့ သီချင်းပေါင်းများစွာကို သီဆိုခဲ့သူ ဖြစ်ပါတယ်။

အနားနားရှိတဲ့အခိုက်၊ အာဖျံကွီး၊ ချစ်နေတုန်းပဲ၊ အသည်းနာစတဲ့ သီချင်းတွေဟာ သူ့ရဲ့ ထင်ရှားတဲ့ သီချင်းတွေဖြစ်သလို သိပ်မကြာခင်ကလည်း ပျော်ပါစေအမည်ရတဲ့ သီချင်းကို Unplugged Version နဲ့ ထွက်ရှိထားခဲ့တာ ဖြစ်ပါတယ်။

Nc 13 အဖွဲ့နဲ့ စတင်အောင်မြင်လာခဲ့တဲ့ အောင်လကတော့ နောက်ပိုင်းမှာ Reason အမည်နဲ့ တေးဂီတအဖွဲ့ ဖွဲ့စည်းခဲ့ပြီး မာတိကာ၊ ပင်လယ်ထဲကမြစ်များစတဲ့ တ ကိုယ်တော် တေးအယ်လ်ဘမ်တွေ ထွက်ရှိထားခဲ့ပြီး အောင်မြင်တဲ့ အဖွဲ့တဖွဲ့အနေနဲ့ ရပ် တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တောင်းပန်တယ်၊ အပြစ်နဲ့အမုန်း၊ အကြောင်းပြချက်မရှိ၊ ကွက်လပ်စတဲ့ သီချင်း တွေကတော့ ပရိသတ်တွေ ပါးစပ်ဖျားရေပန်းစားတဲ့ သီချင်းတွေဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့လက တော့ တောင့်တအမည်နဲ့ သူ့ရဲ့ ဆင်ဂယ်လ်သီချင်းတပုဒ် ထွက်ရှိထားခဲ့တာ ဖြစ်ပါတယ်။

“ငါမသိတဲ့ အမုန်းဆိုတဲ့ တရား… သင်ပေးတယ် ဒဏ်ရာများက ခါးတယ်… ရင် ဘတ်ထဲမှာ သွေးစက်လက်နဲ့… ငါမသိတဲ့ အမုန်းဆိုတဲ့ တရား… သင်ပေးတယ် ဒဏ်ရာ များ ခါးတယ်… ရင်ခုန်သံ သင်္ချာလို ချိန်ခွင်ပေါ်ထား… အလေးများတဲ့ ဘက်ကိုသာ… မင်းရွေးချယ်ပါ… ရင်ခုန်သံ သင်္ချာလို ချိန်ခွင်ပေါ်ထား… အလေးများတဲ့ ဘက်ကိုသာ… မင်းရွေးချယ်ပါ”

လတ်တလောမှာတော့ သူတို့ ၂ ယောက် အတူသီဆိုထားခဲ့ကြတဲ့ ဒီသီချင်းကို Joox အပလီကေးရှင်းပေါ်မှတဆင့် ဝင်ရောက်နားဆင်နိုင်မှာ ဖြစ်ပါတယ်။

https://www.joox.com/mm/album/UsueqshD7oVad3BV288bkg==

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013