DVB Logo
Home
သတင်းတို
မိတ္ထီလာ ဒုက္ခသည်များ အိမ်နေရာ ပြန်ရရေး မသေချာသေး
DVB
·
May 29, 2013
မိတ္ထီလာ ဒုက္ခသည်များ အိမ်နေရာ ပြန်ရရေး မသေချာသေး
Donate to DVB

မိတ္ထီလာ အကြမ်းဖက်မှုအတွင်း နေအိမ်မီးရှို့ခံခဲ့ရပြီး စခန်းတွေမှာ နေထိုင်နေရတဲ့ ဒုက္ခသည်တွေဟာ သူတို့ပိုင်မြေနေရာကို သက်ဆိုင်ရာအာဏာပိုင်တွေက ပြန်မပေးတဲ့အတွက် မိုးရာသီအမီ အမိုးအကာအောက်ရောက်ရေး အခက်အခဲကြုံနေရကြောင်း မိတ္တီလာမြို့နယ် အန်အယ်လ်ဒီပါတီ ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းထိန်က ဒီဗွီဘီကို ပြောပါတယ်။

ဒုက္ခသည်တွေကို နေရာပြန်ချရေးနဲ့ ပတ်သက်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက မြေနေရာ ပြန်မပေးဘဲ အထပ်မြင့် တိုက်ခန်းတွဲ ဆောက်ပြီး နေရာချပေးချင်တယ်လို့ ပြောပါတယ်။ မန္တလေးတိုင်းဝန်ကြီးချုပ်ကတော့ သတ်မှတ်နေရာတွေမှာ လုံးချင်းအိမ်တွေ ဆောက်ပေးဖို့ သဘောထား ရှိနေပါတယ်။

ဒုက္ခသည်တွေကတော့ သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ နေအိမ် ပြန်ဆောက်ပေးသည် ဖြစ်စေ၊ မပေးသည်ဖြစ်စေ သူတို့ မူလမြေနေရာကိုပဲ ပြန်လိုချင်နေတာကြောင့် ညှိနှိုင်းပြေလည်မှု မရသေးကြောင်း ဦးဝင်းထိန်က ပြောပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013