DVB Logo
Home
သတင်းတို
ရပ်ကွက်ပိုင်မြေ ပြန်ရရေး လွှတ်တော်အမတ် ဦးဆောင်ဆန္ဒပြမည်
DVB
·
May 29, 2013
ရပ်ကွက်ပိုင်မြေ ပြန်ရရေး လွှတ်တော်အမတ် ဦးဆောင်ဆန္ဒပြမည်
Donate to DVB

ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းနဲ့ သစ္စာလမ်းထောင့်က ရပ်ကွက်ပိုင်မြေကွက်မှာ ကြံ့ခိုင်ရေးပါတီက ၈ ထပ် တိုက်ခန်းတွဲ တည်ဆောက်ဖို့ ပြင်ဆင်ပြီး ဖြစ်နေတဲ့အတွက် ရပ်ကွက်ပိုင် အဲဒီမြေနေရာပြန်ရရေး လာမယ့် ဇွန် ၂ ရက်နေ့ နေ့လယ် ၁ နာရီမှာ ရပ်ကွက်သားတွေနဲ့အတူ ဆန္ဒပြချီတက်လမ်းလျှောက်မယ်လို့ ဦးဖုန်းမြင့်အောင်က ဒီဗွီဘီ ကို ပြောပါတယ်။

လက်ရှိ ဆောက်လုပ်ရေး လုပ်နေတဲ့ နေရာကနေ မြို့နယ် စည်ပင်ရုံးအထိ စီတန်းလမ်းလျှောက် ဆန္ဒပြဖို့ ခွင့်ပြုမိန့် တင်ထားပြီးဖြစ်တယ်လို့လည်း သူက ရှင်းပြပါတယ်။

နဂိုက ဒီမြေကွက်ဟာ ရပ်ကွက်ပိုင် ပန်းခြံနဲ့ အားကစားကွင်းဖြစ်ပြီး ကြံ့ခိုင်ရေးပါတီက သိမ်းယူပြီးနောက် အသင်းရုံး တည်ဆောက်ခဲ့ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲကာလ ကြံ့ခိုင်ရေးပါတီဟာ အဲဒီအဆာက်အဦကို အမွေဆက်ခံပြီး အခု ပါတီအတွက် အထပ်မြင့်တိုက်ခန်း တည်ဆောက်တာဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေနဲ့လည်း ကိုက်ညီမှု မရှိဘူးလို့ ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013