DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာများ ဆက်တိုက်ဖမ်းဆီးခံနေရ  
DVB
·
July 16, 2020
ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာများ ဆက်တိုက်ဖမ်းဆီးခံနေရ  
Donate to DVB

ထိုင်းနိုင်ငံထဲမှာ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုကာကွယ်ရေးအတွက် နယ်စပ်အဝင် အထွက်ဂိတ်တွေ ပိတ်ထားပေမဲ့ ထိုင်း-မြန်မာနယ်စပ် တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်လာတဲ့ မြန်မာတွေကို ဆက်တိုက်ဖမ်းဆီးရမိနေပါတယ်။ 

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင်မှာဆိုရင် တစ်ရက်တည်းမှာဘဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၀ ကျော် သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့  ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့ ညပိုင်းက ကန်ကျနပူရီခရိုင်ရှိ စစ်ဆေးရေးဂိတ် ၂ ခုကနေ တရားမဝင် ဝင်ရောက်လာသူရော သူတို့ကို ခေါ်ဆောင်လာသူပါ စုစုပေါင်း ၁၃ ဦးကို ဖမ်းဆီး ရမိတယ်လို့ ဆယာမ်ရတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဇူလိုင် ၁၄ ရက် ညနေ ၆ နာရီလောက်က ကန်ကျနပူရီခရိုင် ဆိုင်းယုတ်မြို့နယ်ထဲမှာ တာဝန်ရှိသူတွေက စောင့်ကြပ်စစ်ဆေးနေစဉ် ကားတစ်စီးမောင်းနှင်လာကြောင်း၊ အစပိုင်းမှာ မောင်းသူ တစ်ဦးတည်းရှိလို့ လွှတ်ပေးလိုက်ပြီး ရှေ့ရောက်တော့ ကိုဗစ်-၁၉ ထပ်မံစစ်ဆေးခဲ့ ကြောင်း၊ အဲဒီမှာ ကားထဲပုန်းပြီးလိုက်ပါလာတဲ့ လူ ၅ ယောက်၊ ကားနောက်ဖုံးခန်းထဲကနေ ခရီးဆောင်အိတ်တွေနဲ့အတူလိုက်လာတဲ့ ၁ ယောက် ကိုပါ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

သူတို့ ၆ ဦးမှာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး နိုင်ငံထဲဝင်လာတဲ့ အထောက်အထားမရှိကြောင်း၊ ဒါကြောင့် လဝကမှု၊ ကိုဗစ်-၁၉ ကာကွယ်ရေးဥပဒေချိုးဖောက်မှုတွေနဲ့ အရေးယူခံရမှာဖြစ်ပြီး ယာဉ်မောင်းသူမှာလည်း မြန်မာဖြစ်ကြောင်း သူ့မှာတော့   ၁၀ နှစ်နေ ထိုင်ခွင့်ကတ်ရှိပေမဲ့ တရားမဝင်သူတွေ သယ်ဆောင်လာလို့ လဝကဥပဒေနဲ့ အရေးယူခံရမယ်လို့ ဆိုပါတယ်။ 

အလားတူ အဲဒီနေ့ ည ၇ နာရီခွဲလောက်ကလည်း ကန်ကျနပူရီမြို့နယ် ဘန့်ကောင်ကျေးရွာအုပ်စုရှိ စစ်ဆေးရေးဂိတ်ကနေ  တရားမဝင် ဝင်ရောက်လာတဲ့ နောက်ထပ် မြန်မာ ၅ ဦး နဲ့ သူတို့ကို ဟိုင်းလပ်ကားနဲ့ သယ်ဆောင်လာတဲ့ ထိုင်းယာဉ်မောင်းသမား ၁ ဦးကို ဖမ်းဆီးရမိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

သူတို့ဟာ မြန်မာဘက်ခြမ်း ဘန်ထီခရီကျေးရွာဘက်ကနေ နယ်စပ်တောလမ်းကတဆင့် ဝင်လာတာဖြစ်ပြီး တစ်ဦးလျှင် ဘတ် ၁၂၀၀ နှုန်းနဲ့ ကန်ကျနပူရီခရိုင်အတွင်းပိုင်းကို ပို့ဆောင်ပေးဖို့ ပွဲစားအဆက်အသွယ်နဲ့ တင်ဆောင်ခဲ့တာလို့ ထိုင်းယာဉ်မောင်းသမားက ပြောပါတယ်။ သူတို့ဟာလည်း လဝကမှု၊ ကိုဗစ်-၁၉ ကာကွယ်ရေး ဥပဒေချိုးဖောက်မှုတွေနဲ့ အရေးယူခံရမှာ ဖြစ်ပါတယ်။ 

ဒီမတိုင်ခင် အဲဒီနေ့ မနက် ၁၁ နာရီလောက်ကလည်း ကန်ကျနပူရီခရိုင် ဆန်ခလပူရီမြို့နယ် ပလန်ဖယ်ကျေးရွာအုပ်စုရှိ ဝပ်လိကျင်းဘုန်းကြီးကျောင်းထဲမှာ မသင်္ကာဖွယ်လူတစ်စု ရောက်ရှိနေ ကြောင်း သတင်းပေးချက်အရ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့ပြီး အဲဒီမှာ မြန်မာနိုင်ငံသား အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၂ ဦး ပေါင်း ၁၂ ဦးတို့ဟာ ကန်ကျနပူရီခရိုင်အတွင်း ပိုင်းဘက်ကို အလုပ်သွားလုပ်ဖို့ စောင့်ဆိုင်းနေတာဖြစ်ပြီး နေထိုင်ခွင့်အထောက်အထား မရှိတဲ့အတွက် အားလုံး ကို လဝကဥပဒေနဲ့အရေးယူဖို့ ဆန်ခလပူရီမြို့နယ်ရဲတပ်ဖွဲ့မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ကန်ကျနပူရီဒေသတွင်းသတင်းမှာ ဖော်ပြထားပါတယ်။ 

ကန်ကျနပူရီခရိုင်ရှိ ဆန်ခလပူရီ၊ မာ့ခမ်တေ့၊ ဆိုင်းယုတ်၊ ထောင်းဖာဖူး၊ ဆီဆဝဒီ စတဲ့မြို့နယ် ၅ ခုဟာ မြန်မာနိုင်ငံနယ်နိမိတ်နဲ့ ထိစပ်နေပြီး သဘာဝတောလမ်းကနေ တရားမဝင် ဝင်ရောက်မှုတွ ရှိနေတာကြောင့် လုံခြုံရေ၊ စစ်ဆေးရေးတွေ ပိုမိုတင်းကြပ်ဖို့ ကန်ကျန ပူရီခရိုင်ဝန်က ညွှန်ကြားထားကြောင်း ဆယာမ်ရတ်သတင်းမှာ ဖော်ပြပါတယ်။  

ကိုးကား -  https://siamrath.co.th/n/169923

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013