DVB Logo
Home
မြန်မာသတင်း
သထုံတွင် ကွမ်းရွက်အထွက်နှုန်းကောင်းပြီး ဈေးကောင်းရသဖြင့် ကွမ်းစိုက်တောင်သူများအဆင်ပြေ
DVB
·
July 16, 2020
သထုံတွင် ကွမ်းရွက်အထွက်နှုန်းကောင်းပြီး ဈေးကောင်းရသဖြင့် ကွမ်းစိုက်တောင်သူများအဆင်ပြေ
1 / 5
Donate to DVB

အခုနှစ်မိုးတွင်းကာလမှာ ကွမ်းရွက်အထွက်နှုန်းကောင်းပြီး စျေးလည်း အတင့်အသင့်ရှိနေ တာကြောင့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဇရပ်ကျွန်းကျေးရွာရှိ ကွမ်းစိုက်တောင်သူတွေအနေနဲ့ အဆင်ပြေနေကြတယ်လို့ သိရပါတယ်။

အရင်နှစ်တွေက မိုးများလို့အပင်တွေပျက်စီးပြီး ဆက်တိုက်ဆိုသလို အရှုံးပေါ်ခဲ့ရပေမယ့် အခုနှစ်မှာမိုးမှန်နေတဲ့အတွက် အပင်တွေရှင်သန်ပြီးအထွက်နှုန်းမှာလည်း သိသိသာသာ တိုးတက်လာတယ်လို့ ဇရပ်ကျွန်းကျေးရွာက ကွမ်းစိုက်တောင်သူ ဒေါ်သန်းဌေးကပြောပါတယ်။

“ကျမတို့အနေနဲ့ အဓိကလိုအပ်နေတာက စနစ်တကျစိုက်ပျိုးတဲ့နည်းလေးတွေကို သက်ဆိုင်ရာက ပညာပေးနိုင်ရင် ပိုမိုအောင်မြင်နိုင်ပါတယ်။ အခုစိုက်နေရတာက ရမ်းသမ်းပြီး စိုက်နေရသလိုဖြစ်နေတယ်။ နောက်ပြီး ကွမ်းပင်မှာကျရောက်နေတဲ့ ပိုးကောင်တွေကို နှိမ်နင်း ဖျက်ဆီးဖို့ အတွက် ဘယ်လိုတွေဆောင်ရွက်သင့်သလဲ ဆိုတာမျိုးကိုသိရင် ပိုမိုအောင်မြင်နိုင်မှာပါ” လို့ပြောပါတယ်။

အခုနှစ်ကွမ်းစိုက်ရာသီမှာ စျေးအမြင့်ဆုံးအချိန်မှာ ယာကွမ်း ၁ပိဿာကို ငွေကျပ် ၆၀၀၀ အထိခြံပေါက်စျေး ရရှိခဲ့ပြီး လက်ရှိအချိန်ထိအကောင်းဆုံးယာကွမ်းအရွက် ၁ ပိဿာကို ငွေကျပ် ၁၈၀၀မှ ၂၅၀၀ကျပ်အထိ ခြံစျေးရရှိနေတယ်လို့ ကွမ်းစိုက်တောင်သူတွေထံက သိရပါတယ်။

ကွမ်းပင်စိုက်ပျိုးရာမှာ အရင်နှစ်ကစိုက်ပျိုးခဲ့တဲ့အညွန့်ကိုယူပြီး ဝါးတိုင်ထောင်ကာ မြေချ စိုက်ပျိုးရတာဖြစ်ပြီး ကွမ်းရွက်တိုင်ပေါင်း ၁၀၀၀၀ စိုက်ပျိုးပါက ခန့်မှန်းကုန်ကျစရိတ်အနေနဲ့ ကျပ် ၁၀ သိန်းဝန်းကျင်ခန့်ရှိပါတယ်။

ဇရပ်ကျွန်းကျေးရွာမှာ အရင်ကရွာလုံးကျွတ်နီးပါး ကွမ်းစိုက်ပျိုးခဲ့ ကြပေမယ့် အခုလက်ရှိအချိန်မှာတော့စိုက်ပျိုးတဲ့ တောင်သူ ၁၅ ဦးသာရှိတော့ပြီး ထွက်ရှိတဲ့ ကွမ်းရွက်တွေကိုတော့ ဒေသတွင်းစားသုံးမှုအပြင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းဒေသတွေအထိ တင်ပို့ရောင်းချကြပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013