အမေရိကန် လယ်သမားတွေနဲ့ ကုမ္ပဏီတွေ တရားမျှတမှု အပြည့်အဝ မရဘူးဆိုရင် ကနေဒါနိုင်ငံထုတ် ပစ္စည်းတွေကို အေဂျင်စီရဲ့ အဝယ်စာရင်းကနေ ထုတ်ပယ်ဖို့ အစိုးရ အထွေထွေဝန်ဆောင်မှုဌာန (GSA) ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တိုက်ရိုက် ညွှန်ကြားခဲ့ပါတယ်။
အမေရိကန်လယ်သမားတွေနဲ့ ကုမ္ပဏီတွေအပေါ် ပြန်လည်တရားမျှတမှု အပြည့်အဝရအောင် မလုပ်ဘူးဆိုပါက ကနေဒါနိုင်ငံထုတ်ပစ္စည်းတွေကို အစိုးရအထွေထွေဝန်ဆောင်မှုဌာနက မဝယ်ဖို့ ညွှန်ကြားထားတာပါ။
“ကနေဒါဟာ အစိုးရဌာနတွေ ကနေဒါပြည်နယ်အစိုးရရုံးတွေကအစ အမေရိကန် အသေးစားလုပ်ငန်းထုတ် ပစ္စည်းတွေ ရောင်းချတာကို ပိတ်ပင်ထားပါတယ်။ ကျနော်ကလည်း GSA ကို တိုက်ရိုက်ညွှန်ကြားထားပါတယ်။ အမေရိကန်နိုင်ငံရဲ့ လယ်သမားတွေ၊ ကုမ္ပဏီတွေအတွက် တရားမျှတမှု အပြည့်အဝ မရဘူးဆိုရင် GSA ရဲ့ ဝယ်ယူမှုစရင်းကနေ ကနေဒါထုတ်ပစ္စည်းတွေကို ထုတ်ပယ်မှာပါ။ လိုအပ်တယ်ဆိုရင် ကနေဒါနိုင်ငံထုတ် ပစ္စည်းအားလုံးကို GSA စာရင်းကနေ ဖယ်ရှားမှာပါ” လို့ ထရမ့်ပ်က Truth ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ထားပါတယ်။
ထရမ့်ပ်ရဲ့ ပြောကြားချက်က အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့ကြား ကုန်သွယ်ရေး တင်းမာမှုအသစ် ဖြစ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
ထရမ့်ပ်ရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး ကနေဒါအစိုးက ချက်ချင်းတုံ့ပြန်တာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။
Source: Reuters











